SJ WorldNews - шаблон joomla Авто

၂ဝ၁၈ ခုနှစ်အတွင်း ပြည်သူ့ဆေးရုံကြီးများ၌ ကျန်းမာရေး စောင့်ရှောက်မှု ခံယူသောလူနာ ၂ ဒသမ ၉ သန်း အထိရှိ

Tuesday, 30 April 2019 12:03 font size decrease font size decrease font size increase font size increase font size

၂ဝ၁၈ ခုနှစ်အတွင်း ပြည်သူ့ဆေးရုံကြီးများ၌   ကျန်းမာရေး စောင့်ရှောက်မှု ခံယူသော လူနာဦးရေမှာ ၂ ဒသမ ၉ သန်းအထိ များပြားခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သိရသည်။

၂ဝ၁၃ ခုနှစ်က တက်ရောက် ကုသမှုခံယူသော      အတွင်းလူနာ အရေအတွက် ၁ ဒသမ ၈ သန်းရှိရာမှ ၂ဝ၁၆ ခုနှစ်တွင် ၂ ဒသမ ၇ သန်းနှင့် ၂ဝ၁၈ ခုနှစ်တွင်  ၂ ဒသမ ၉ သန်းအထိ တိုးမြင့်လာခြင်းဖြစ်သည်။

မကူးစက်တတ်သောရောဂါများကြောင့် ဆေးရုံတက်ရောက် ကုသမှုများသည် ၂ဝ၁၄ ခုနှစ်တွင် ၄၁ ရာခိုင်နှုန်းမှ ၂ဝ၁၇ ခုနှစ်တွင် ၃၈ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့သော်လည်း သေဆုံးမှုအနေဖြင့် ၂ဝ၁၄ ခုနှစ်တွင် ၄၈ ရာခိုင်နှုန်းမှ ၂ဝ၁၇ ခုနှစ်တွင် ၅၂ ရာခိုင်နှုန်းသို့ မြင့်တက်လာသည်။ မကူးစက်တတ်သော ရောဂါများအနက် နှလုံးသွေးကြော ရောဂါများသည်  ဖြစ်ပွားမှုနှင့် သေဆုံးမှု အများဆုံးဖြစ်ပြီး   ကင်ဆာရောဂါသည် ဒုတိယသေဆုံးမှု အများဆုံးဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အောက်ရှိ ပြည်သူ့ဆေးရုံကြီးများ၌ ၂ဝ၁၆ ခုနှစ် ဧပြီလမှ ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ အထိ  ရင်ခေါင်းဖွင့်နှလုံးခွဲစိတ် ကုသခြင်း  ၂ဝ၇၆ ကြိမ်၊ နှလုံးသွေးကြောချဲ့ ကုသခြင်း ၁၂၉၈၃ ကြိမ်နှင့် ဦးနှောက်ခွဲစိတ်မှု အမျိုးမျိုး ၁ဝ၇၇ ကြိမ် ဆောင်ရွက်ပေးခဲ့ရသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအနေဖြင့် အမျိုးသား ကျန်းမာရေး မူဝါဒများနှင့်အညီ ကျန်းမာရေး စီမံကိန်းများကို စနစ်တကျ ရေးဆွဲပြီး ပြည်သူလူထုအား ကျန်းမာရေး စောင့်ရှောက်မှုနှင့် လွှမ်းခြုံမှု အပြည့်အဝ ပေးနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း  သိရသည်။

Read 419 times Last modified on Tuesday, 30 April 2019 12:04