SJ WorldNews - шаблон joomla Авто

အမျိုးသမီး တစ်သောင်းနှစ်ထောင် ကျော်အား အခမဲ့ သားအိမ်ခေါင်းကင်ဆာ ရှာဖွေ ကုသပေးနိုင်ခဲ့

Tuesday, 07 May 2019 10:14 font size decrease font size decrease font size increase font size increase font size

ရှမ်းပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့ ပြည်နယ်မိခင်နှင့် ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်သည့်  သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် အခမဲ့စမ်းသပ် ရှာဖွေကုသပေးခြင်းကို ၂ဝ၁၈ ခုနှစ်မှ ၂ဝ၁၉ ခုနှစ် မေလပထမပတ်အထိ     အမျိုးသမီးပေါင်း ၁၂၁၅၉ ဦးအား အခမဲ့ စမ်းသပ်ရှာဖွေ ကုသပေးနိုင်ခဲ့ကြောင်း ပြည်နယ်အမျိုးသမီး ရေးရာရုံးမှ သိရသည်။

အဆိုပါ စမ်းသပ်ရှာဖွေ ကုသရာတွင် ရှမ်းပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့ ပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့ နာယက ဦးဆောင်၍ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်များနှင့် ကျန်းမာရေး ဝန်ထမ်းတို့က ၂ဝ၁၈ ခုနှစ်အတွင်း တောင်ကြီး၊ နမ့်စန်၊ လားရှိုး၊ ညောင်ရွှေ၊ လဲချား၊ ကျောက်မဲ၊ နောင်ချို၊ ဆီဆိုင် စသည့် မြို့နယ်တို့တွင်  စစ်ဆေးခံသည့် လူဦးရေ ၆၃၅၇ ဦးနှင့် အကြိုအဆင့်တွေ့ရှိသူ ၁၂၃ ဦး၊  သားအိမ်ခေါင်းရောင်ရမ်းသူ ၁၂၃ဝ ဦး၊ သားအိမ်ခေါင်း အရည်စစ်ဆေးခံရသူ ၄၂ ဦး၊ အဖြူဆင်းသူ ၄၄ ဦးတို့ရှိပြီး ယခုနှစ်တွင် မူဆယ်၊ တာချီလိတ်၊    လားရှိုးမြို့နယ်တို့၌ စစ်ဆေးခံသည့် လူဦးရေ    ၃၇၆၅   ဦးနှင့် အကြိုအဆင့် တွေ့ရှိသူ ၁၆၃ ဦး၊ သားအိမ်ခေါင်း ရောင်ရမ်းသူ ၃၈၂ ဦး၊ သားအိမ်ခေါင်းအရည် စစ်ဆေးခံရသူကိုးဦး၊ အသားစ စစ်ဆေးခံရသူ ၂၄ ဦး၊ အဖြူဆင်းသူ ၂ဝ ဦး စုစုပေါင်း ၁၂၁၅၉ ဦးတို့ဖြစ်သည်။

''ကျွန်မတို့ အမျိုးသမီးရေးရာ အဖွဲ့တို့နဲ့ အတူ သက်ဆိုင်ရာမြို့နယ်မှာ ရှိတဲ့ အမျိုးသမီးရေးရာ၊  မိခင်နှင့်ကလေးအဖွဲ့၊ ကျန်းမာရေးဌာနတွေနဲ့ ပူးပေါင်းပြီး   ဒေသခံပြည်သူတွေကို အခမဲ့ရောဂါ စမ်းသပ်ခြင်း၊  စစ်ဆေးခြင်း၊ နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်းတွေ ဆောင်ရွက်ပေးပါတယ်''ဟု ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ ပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့နှင့် ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ မေ ၁၈ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) လောက်ကိုင်မြို့ရှိ လောက်ကိုင်တိုက်နယ်ဆေးရုံ၌ သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် အခမဲ့စမ်းသပ် ရှာဖွေကုသပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။    

Read 125 times Last modified on Tuesday, 07 May 2019 10:15