SJ WorldNews - шаблон joomla Авто

ရှေးဦးပြုစုခြင်း စခန်းသို့ လူနာတင်ယာဉ် လွှဲပြောင်း ပေးအပ်

Thursday, 09 May 2019 11:28 font size decrease font size decrease font size increase font size increase font size

နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ၂ဝ၂ မိုင် ရှေးဦးပြုစုခြင်း စခန်း မြန်မာနိုင်ငံကြက်ခြေနီ အသင်းသို့ INNO Group မှ မေ ၇ ရက် နံနက်ပိုင်းက လူနာတင်ယာဉ်လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနား ကျင်းပသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီ အသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူက  ''မြန်မာနိုင်ငံကြက်ခြေနီ အသင်း၏ လူမှုကရုဏာ လုပ်ငန်းတစ်ရပ်ဖြစ်တဲ့  အရေးပေါ် လူနာတင်ယာဉ် လုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်ပြီးတော့    ပိုမိုဆောင်ရွက်နိုင်ဖို့ အတွက်ရည်ရွယ်ပြီး လိုအပ်လျက်ရှိတဲ့ လူနာတင်ယာဉ် တစ်စီးကို INNO Group ဥက္ကဋ္ဌ Mr.Seog Charg Son က လှူဒါန်းပေးအပ်ပြီး INNO Group  အနေနဲ့   အသင်း၏ လူမှုကရုဏာ လုပ်ငန်းတွေကို ၂ဝ၁၇ ခုနှစ်ကစတင်ပြီး ပံ့ပိုးကူညီမှုတွေပေးခဲ့တာ ယခုလှူဒါန်းမှု အပါအဝင် တတိယအကြိမ်မြောက် ရှိပြီဖြစ်ပါတယ်'' ဟု ပြောသည်။

ထို့နောက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ  ပါမောက္ခ   ဒေါက်တာဒေါ်မြသူက  INNO Group  ဥက္ကဋ္ဌ Mr.Seog Charg Son ထံသို့ ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် အမှတ်တရ လက်ဆောင်များ အပြန်အလှန် ပေးအပ်သည်။

ယင်းနောက် လူနာတင်ယာဉ် လွှဲပြောင်းပေးအပ်ပွဲ အထိမ်းအမှတ် ဖဲကြိုးဖြတ်ခြင်းနှင့် အမွှေးနံ့သာ ပက်ဖျန်းခြင်းများ ပြုလုပ်၍ အခမ်းအနားသို့ တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းတင်    ဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။

Read 88 times Last modified on Thursday, 09 May 2019 11:29