SJ WorldNews - шаблон joomla Авто

စနစ်တကျ ကုသမှုခံယူပါက ရင်ကျပ်ပန်းနာရောဂါ ပျောက်ကင်းနိုင်သော်လည်း ပေါ့ဆပါက အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်

Monday, 13 May 2019 12:21 font size decrease font size decrease font size increase font size increase font size

ရင်ကျပ်ပန်းနာရောဂါ   ဝေဒနာရှင်များ အနေဖြင့်  စနစ်တကျ ကုသမှုခံယူပါက ရောဂါပျောက်ကင်း နိုင်သော်လည်း  ပေါ့ဆပါက နာတာရှည်ဖြစ်ကာ အသက်သေဆုံး သည်အထိ  ဖြစ်လာနိုင်ကြောင်း  မေ ၁၂ ရက်က ရန်ကုန်မြို့ရှိ သူနာပြု တက္ကသိုလ်၌  ကျင်းပသော  ကမ္ဘာ့ရင်ကျပ်ပန်းနာရောဂါ အထိမ်းအမှတ်နေ့ အခမ်းအနားမှ   သိရသည်။

ကမ္ဘာ့ရင်ကျပ်ပန်းနာရောဂါ  အထိမ်းအမှတ်နေ့ အခမ်းအနားတွင် ပါမောက္ခ ဒေါက်တာဝင်းနိုင်နှင့်  ပါမောက္ခ ဒေါက်တာကျော်မြင့်က အမှာစကား ပြောကြားပြီး ရင်ကျပ်ပန်းနာ ပညာပေး   ဗီဒီယိုပြသကာ တက်ရောက်လာကြသည့် ပရိသတ်များကို ရောဂါနှင့် ပတ်သက်သော ပဟေဠိမေးခွန်းများ အမေးအဖြေ ပြုလုပ်ခဲ့ကြောင်း သိရသည်။

''စနစ်တကျနဲ့  ကုသမှုခံယူ နေထိုင်မယ်ဆိုရင် ရောဂါပျောက်ကင်းနိုင်ပါတယ်။ ဒါကြောင့် ပေါ့ဆမနေသင့်ပါဘူး။ အခုဆိုရင် ခေတ်မီဆေးဝါးတွေလည်း အများကြီးရှိနေပါပြီ။ ဂရုတစိုက်နဲ့ ကုသဖို့ပဲလိုတာပါ'' ဟု မြန်မာနိုင်ငံ အဆုတ်နှင့် ရင်ခေါင်းအထူးကု ဆရာဝန်များအသင်း ဥက္ကဋ္ဌ    ပါမောက္ခ ဒေါက်တာ ဝင်းနိုင်က ပြောသည်။

အဆိုပါ  ရောဂါဝေဒနာဖြစ်ပွားနေသူ ထက်ဝက်ခန့်သည် မျိုးရိုးလိုက်၍ ဖြစ်ပွား တတ်သော်လည်း ကျန်ထက်ဝက်မှာ အစားအသောက်၊နေထိုင်မှုနှင့်  ပတ်ဝန်းကျင် အခြေအနေများကြောင့် ဖြစ်ပွားနိုင်ကြောင်း၊ မျိုးရိုးလိုက်၍ ဖြစ်ပွားမှု ကို  မကာကွယ်နိုင် သေးသော်လည်း ပတ်ဝန်းကျင် အခြေအနေများကြောင့် ဖြစ်ပွားမှုကို တားဆီးနိုင်မည် ဖြစ်သည်။

ထို့ကြောင့်  ရောဂါဖြစ်ပွားမှုမရှိစေရန်  ပညာပေး လုပ်ဆောင်နေသကဲ့သို့   ရောဂါ ဖြစ်ပွားသူများ အနေဖြင့်   စနစ်တကျ ကုသမှု ခံယူသင့်ကြောင်း သိရသည်။

Read 149 times Last modified on Monday, 13 May 2019 12:22