SJ WorldNews - шаблон joomla Авто

အုန်းချောသီတဂူ စက္ခုဒါနဆေးရုံ၌ အပတ်စဉ် လူနာများကို အခမဲ့ ကုသပေးလျက်ရှိ

Tuesday, 14 May 2019 12:00 font size decrease font size decrease font size increase font size increase font size

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာ သီတဂူစက္ခုဒါန ဆေးရုံတော်၌ အပတ်စဉ်ကြာသပတေးနေ့နှင့်   တနင်္ဂနွေနေ့တို့တွင် အထွေထွေရောဂါ၊ သွားရောဂါများကို အခမဲ့ကုသပေးခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မေ ၁၂ ရက်က  အထွေထွေလူနာ ၉၄ ဦး၊ သွားခံတွင်းလူနာ ၄၈ ဦး၊ ခွဲစိတ်လူနာတစ်ဦးတို့ကို အခမဲ့ ကုသိုလ်ယူ ကုသပေးနိုင်ခဲ့သည်။

သီတဂူစက္ခုဒါနဆေးရုံတွင်၂ဝ၁၅ ခုနှစ်မှစတင်ကာ အထွေထွေရောဂါ လူနာများကို ကြာသပတေးနေ့နှင့် တနင်္ဂနွေနေ့တိုင်း အခမဲ့ကုသပေးခြင်း၊ ၂ဝ၁၅ ခုနှစ်မှ ၂ဝ၁၉ ခုနှစ်အထိ နှစ်စဉ်အခမဲ့ မျက်စိခွဲစိတ်ကုသမှုများ ပြုလုပ်ပေးခြင်းများကို ဆောင်ရွက်ပြီး ခွဲစိတ်မှုများအတွက်  မျက်စိခွဲစိတ်ဆရာဝန် ကိုးဦး၊ မျက်စိစမ်းသပ် ဆရာဝန် ငါးဦး၊  သူနာပြု ၂ဝ ဦး၊ စေတနာ့ဝန်ထမ်း အသင်းအဖွဲ့ ၁၂ ဖွဲ့တို့မှ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

အဆိုပါဆေးရုံတော်၌ အပတ်စဉ် လူနာများကို အခမဲ့ကုသပေးရာတွင် လစဉ်ငွေစုစာအုပ်ဖြင့် လှူဒါန်းခြင်း၊ အခါအားလျော်စွာ လာရောက်လှူဒါန်းသော အလှူငွေများဖြင့် ကုသပေးခြင်း ဖြစ်သည့်အတွက် အထွေထွေရောဂါများ ကုသနိုင်ရန် အလှူရှင်များက အလှူငွေများ လှူဒါန်းလျက်ရှိသည်။

ဆက်လက်၍ ဆဋ္ဌမအကြိမ်မြောက် မျက်စိအခမဲ့ စမ်းသပ်ခွဲစိတ်ကုသပေးခြင်း အတွက် မျက်စိအလင်း ဒါနပြုလိုသူများ အနေဖြင့် အုန်းချောသီတဂူစက္ခုဒါန ဆေးရုံ ဦးဆောင် ဆရာတော် ဒေါက်တာသုန္ဒရဖုန်း-ဝ၉-၇၇၇၇၅၂၉၄၅ သို့ ဆက်သွယ်ကာ ကုသိုလ်ပြုပါဝင် လှူဒါန်းနိုင်ကြောင်း သိရသည်။ 

Read 198 times Last modified on Tuesday, 14 May 2019 12:01