SJ WorldNews - шаблон joomla Авто

နှုတ်ခမ်းကွဲ အာခေါင်ကွဲ ဝေဒနာရှင်များကို အခမဲ့ခွဲစိတ် ကုသပေးမည်

Monday, 27 May 2019 09:27 font size decrease font size decrease font size increase font size increase font size

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ မြိတ်အထွေထွေရောဂါကု ဆးရုံကြီး၌ ဇွန် ၁၇ရက်တွင် (၉)ကြိမ်မြောက်အဖြစ် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဝေဒနာရှင်များကို အခမဲ့ခွဲစိတ် ကုသပေးမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဝေဒနာရှင်များအား အခမဲ့ခွဲစိတ် ကုသရာတွင်  Japanနိုင်ငံမှ ဆရာဝန်ကြီးများ ဦးဆောင်ပြီး မြိတ်အထွေထွေရောဂါ ကုဆေးရုံကြီးမှ ဆရာဝန်ကြီးများနှင့် ပူးပေါင်း၍ ဆောင်ရွက်ပေး မည်ဖြစ်သည်။

အဆိုပါခွဲစိတ်မှုများကို   ဇွန် ၁၇ ရက်မှ ၁၉ ရက်အထိ   သုံးရက်ကြာ ကုသပေးမည် ဖြစ်သောကြောင့်  ယနေ့မှစတင်၍  မြိတ်မြို့ပြည်သူ့ဆေးရုံကြီး   နား၊ နှာခေါင်း၊ လည်ချောင်း ကုသရေးဌာန၌  ဇွန် ၁၂ ရက်နောက်ဆုံးထားကာ  နာမည်စာရင်း ပေးသွင်းနိုင်သည်။

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်များအား အခမဲ့ခွဲစိတ် ကုသပေးရာတွင် ခွဲစိတ်ကုသမှု ခံယူမည့် ကလေးငယ်များသည်   အနည်းဆုံး အသက်  တစ်နှစ်ပြည့်ပြီးသူများ ဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။

Read 233 times Last modified on Monday, 27 May 2019 09:29