SJ WorldNews - шаблон joomla Авто

သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး သွန် လဲ စစ် လုပ်ငန်းများ ဆောင်ရွက်

Monday, 10 June 2019 14:10 font size decrease font size decrease font size increase font size increase font size

ကယားပြည်နယ် မယ်စဲ့မြို့နယ်တွင် ခြင်အန္တရာယ်မှ ကင်းဝေးစေရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေး အတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဇွန် ၈ ရက် နံနက်ပိုင်းက မယ်စဲ့မြို့ မြောက်ပိုင်းရပ်ကွက်တွင် လိုက်လံ ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ အောင်ဇော်ထွန်းနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေး အဖွဲ့အစည်းများ ပူးပေါင်းပါဝင်သော အဖွဲ့ဖြင့် ခြင်ပေါက်ပွားနိုင်သည့် နေရာများကို ရှင်းလင်းခြင်း၊ ပိုးလောက်လမ်းများ ရှိနိုင်သည့် ရေများအတွင်း ပိုးသတ်ဆေးများ ခတ်ခြင်း အစရှိသည့် ခြင်ကျားပိုးလောက်လမ်း နှိမ်နင်းရေး အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ဆောင်ရွက်ကြကြောင်း သိရသည်။

Read 272 times Last modified on Monday, 10 June 2019 14:11