SJ WorldNews - шаблон joomla Авто

သွေးလွန်တုပ်ကွေးရောဂါ အန္တရာယ် ကင်းဝေးစေရေး ခြင်ဆေးဖျန်းခြင်း လုပ်ငန်းဆောင်ရွက်

Wednesday, 03 July 2019 10:28 font size decrease font size decrease font size increase font size increase font size

မိုးရာသီကာလတွင် ခြင်ကြောင့်ဖြစ်ပွားတတ်သည့်သွေးလွန်တုပ်ကွေးရောဂါ အန္တရာယ် ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာ စိန်ကုန်းရပ်ကွက်မှ ရာအိမ်မှူးများနှင့်  ရပ်ကွက်လူငယ် ခေါင်းဆောင်များ ပူးပေါင်းအဖွဲ့သည် ညောင်ဦးမြို့ စိတ္တသုခ ခြင်ဆေးဖျန်း ပရဟိတလူငယ် အဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ဇူလိုင် ၂ ရက် နံနက်ပိုင်းတွင်   စိန်ကုန်းရပ်ကွက်အတွင်း ခြင်နိုင်ဆေးဖျန်းခြင်း လုပ်ငန်းများ တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။

သွေးလွန်တုပ်ကွေးရောဂါ အန္တရာယ်ကင်းဝေးစေရေး ခြင်ဆေးဖျန်းခြင်း လုပ်ငန်းကွင်းဆင်း ဆောင်ရွက်ရာတွင် ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာ စိန်ကုန်းရပ်ကွက်မှ ဒေသခံပြည်သူ များက ရပ်ကွက်မှ စုဆောင်းထားရှိသည့် ရန်ပုံငွေဖြင့်   ခြင်နိုင်ဆေးများ ဝယ်ယူ၍ ညောင်ဦးမြို့ စိတ္တသုခ ခြင်ဆေးဖျန်းပရဟိတ လူငယ်အဖွဲ့က ခြင်ဆေးဖျန်းစက်နှင့် လုပ်အားဒါန ပါဝင်ကူညီ ဆောင်ရွက်ပေးပြီး တစ်အိမ်တက်ဆင်း လိုက်လံ၍  ခြင်နိုင်ဆေးများ ဖျန်းပေးခြင်း ဖြစ်ကြောင်း သိရသည်။

Read 96 times Last modified on Wednesday, 03 July 2019 10:29