SJ WorldNews - шаблон joomla Авто

H1N1 ရောဂါပိုး စောင့်ကြည့်ဆေးရုံ ၁၅ ရုံအထိ တိုးချဲ့စောင့်ကြည့်သွားမည်

Thursday, 04 July 2019 08:49 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဇူလိုင် 

မိုးရာသီ၏ ရာသီတုပ်ကွေးရောဂါ (H1N1 pdm 09) ကို လူဦးရေ ထူထပ်ပြီး ရောဂါဖြစ်ပွားမှု လွယ်ကူသော မြို့ကြီးများ၏ ပြည်သူ့ ဆေးရုံကြီး ရှစ်ရုံတွင် စောင့်ကြည့်နေပြီး ထပ်မံ၍ တိုင်းဒေသကြီးနှင့်ပြည်နယ်မြို့ကြီးတို့ရှိ  ဆေးရုံကြီး  ၁၅ ရုံပြည့်သည် အထိ တိုးချဲ့စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲ (နေပြည်တော်)ရုံးမှ သိရသည်။  

““ဒီရာသီတုပ်ကွေးရောဂါ (H1N1 pdm 09) အတွက် ကြိုတင်ကာကွယ်ရေး၊ ကုသရေးအနေနဲ့ လေ့လာစောင့်ကြည့်မှု တွေကို ဆေးရုံကြီး ရှစ်ရုံ ကတော့ လက်ရှိ ဆောင်ရွက်နေပြီး ထပ်မံ၍ ဆေးရုံကြီး ၁၅ ရုံပြည့်တဲ့ အထိ  တိုင်းဒေသကြီးနဲ့    ပြည်နယ်မြို့ ကြီးတွေက ဆေးရုံကြီးတွေကို ထပ်ထည့် သွားဖို့ စီစဉ်နေပါတယ်။  

အခုချထားတဲ့ ဆေးရုံရှစ်ရုံမှာ ဒီရောဂါအတွက် ဖြစ်နိုင်ခြေများတဲ့ နယ်စပ်က ဆေးရုံကြီးတွေအပြင် ရန်ကုန်၊ မနလေးစတဲ့ Main Point ကဆေးရုံကြီးတွေလည်း ပါပါတယ်။ ဒီကနေရောဂါဖြစ်ပွားမှုကို သုတေသန နည်းမျိုးစုံနဲ့ စောင့်ကြည့်ပ့ါ တယ်။ ဒီအပေါ် မှာ တုပ်ကွေးဖြစ်၊ မဖြစ်သိရရုံ စောင့်ကြည့်တာမျိုးတော့ မဟုတ်ပါဘူး။ ကာကွယ်ဆေး ထုတ် ဖို့အထိပါ ဆောင်ရွက်တာပါ””ဟုပြည်သူ့ ကျန်းမာရေး ဦးစီးဌာနဗဟို ကူးစက်ရောဂါ တိုက်ဖျက် ရေးဌာနခွဲ (နေပြည်တော်) ဒုတိယ ညွှန်ကြား ရေးမှုးဒေါက်တာဒေါ်ခင်ခင်ကြီးကပြောသည်။

ယခုအခါတွင်   H1N1 ရောဂါကို စောင့်ကြည့် ကာကွယ်ခြင်း၊ ကုသခြင်း၊ သုတေသနပြုခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် နေပြည်တော် ကုတင်(၁၀၀၀) ဆေးရုံကြီး၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊  ရန်ကုန်သင်္ကန်းကျွန်း ပြည်သူ့ဆေးရုံကြီး၊   မနလေးပြည်သူ့ ဆေးရုံကြီး၊    မြစ်ကြီးနားပြည်သူ့ ဆေးရုံကြီး၊ စစ်တွေပြည်သူ့ ဆေးရုံကြီး၊   မြ၀တီပြည်သူ့ ဆေးရုံကြီး၊   မူဆယ် ပြည်သူ့ ဆေးရုံကြီးတို့တွင် စောင့်ကြည့်လေ့လာမှုများ ဆောင်ရွက်နေကြောင်း သိရသည်။

ဆေးရုံကြီးများတွင် ရာသီတုပ်ကွေးရောဂါ H1N1 pdm 09 ကိုစောင့်ကြည့်လေ့လာရာတွင် ရိုးရိုးရာသီတုပ် ကွေှးု Influenza နှင့် Influenza B ဖြစ်ပွားမှုများ ရှိသော်လည်း သေဆုံးမှုမရှိသည်ကိုတွေ့ရခြင်း။  H1N1 pdm 09 ဖြစ်ပွားမှုတွင် ကလေး၊ လူကြီး သေဆုံးမှုများ ရှိနေပြီး သေဆုံးမှုတွင် ကိုယ်ခံ အားနည်းသော ကလေးငယ်များနှင့် ကိုယ်ခံ အားနည်းပြီး နာတာရှည်ရောဂါ အခံရှိသော အသက် ၆၅ နှစ်အထက် လူကြီးများတွင် ဖြစ်ပေါ်နေကြောင်း။  ရောဂါပိုး တွေ့ ရှိ သူသည် အမျိုးသားများတွင် အများဆုံးဖြစ်ပေါ် နေကြောင်း သိရသည်။

ဆက်လက်၍ မည်သည်လတွင် ရောဂါ ဖြစ်ပွားမှုမြင့်တက်နှုန်း၊ လျော့နည်းလာမှု၊ တုပ်ကွေးရောဂါ ကလေး၊ လူကြီး အတော် များများ ဖြစ်ပွားလာမှု၊ တုပ်ကွေးရောဂါ ပြင်းထန်နိုင် မှုပမာဏ၊ တုပ်ကွေးရောဂါ၏ အစုလိုက် အပြုံ လိုက်ဖြစ်ပွား လာမှု။ ကာကွယ်မှုနှင့် ကုသမှုအပိုင်းများ၊  တုတ်ကွေးဖြစ်ပွားသည့်ရောဂါ အမျိုးအစားနှင့် ယင်းအပေါ်တွင် ရောဂါ ကာကွယ် ဆေးထုတ်လုပ်ရမည့် အခြေအနေများ၊ ယခုနှစ်နှင့် လာမည့်နှစ်တို့တွင် ကာကွယ်ဆေး ထုတ်ရမည့် အခြေအနေများကို စောင့်ကြည့် လေ့လာ ခြင်းဖြစ်ကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲ (နေပြည်တော်) ရုံးမှ သိရသည်။

မောင်မျိုး(ဧရာဝတီ)

 

 

 

 

 

Read 121 times Last modified on Thursday, 04 July 2019 10:23