SJ WorldNews - шаблон joomla Авто

လက်တွေ့ အသုံးချ ဆေးနည်းတို (ဆေးမြီးတို) များ(၈၇)

Sunday, 07 July 2019 15:08 Written by  font size decrease font size decrease font size increase font size increase font size

မေး။ ။မင်္ဂလာပါ ဆရာ။ ကျွန်တော်တစ်ခုလောက် မေးပါရစေ။ ကျွန်တော် လမ်းလျှောက်တိုင်း ဖနောင့်က အရမ်းနာတယ်ဆရာ။ ဖြစ်နေတာတော့ ကြာပြီဆရာ။ တချို့က ပြောတယ် ဖနောင့် ကျီးပေါင်း ဖြစ်တာလို့။ ဖနောင့်ကျီးပေါင်းဖြစ်ရင် ဘယ်လိုဆေးနည်းနဲ့ သက်သာပျောက်ကင်း နိုင်မလဲ ဆရာ။

ဖြေ။ ။ ဆေးနည်းတိုကတော့ သက်ရင်းကြီးရွက်ကို ချင်းတက်နဲ့ရော၍ ညက်အောင်ထောင်း၊ ဖနောင့်တွင် အုံ၍ စည်းထားပါ။ ညအိပ်ရာဝင်ချိန်တွင် စည်း၍ နံနက်အိပ်ရာ ထချိန်တွင် ဖြေပါ။ တစ်နည်း- ဖနောင့်မှာ ပျားရည်လိမ်းပြီး လေလုံအောင် ပလတ်စတစ်အိတ်နဲ့ စွပ်ထားပါ။ ည အိပ်ရာဝင်စွပ် မနက်အိပ်ရာထ ဖြေပါ။ ညအိပ်ရာ ဝင်ချိန်လုပ် မနက်အိပ်ရာထဖြေ ခုနစ်ရက် ဆက်လုပ်ပါ။ ပျောက်ကင်းဖူးသူ ရှိသောနည်း ရှိသောနည်းပါ။

မေး။ ။ မင်္ဂလာပါ ဆရာ။ ကျွန်မအသက် ၅၃ နှစ်ပါ။ ကျွန်မချောင်းဆိုးနေတာ ကြာပြီရှင့်။ သလိပ်တော့ မရပါဘူးဆရာ။ ချောင်းခြောက်ပုံစံမျိုး ဖြစ်နေတာပါ။ ချောင်းဆိုး တဲ့အခါ ဗိုက် တွေလည်းနာပြီး ခေါင်းလည်း ကိုက်ပါတယ်။ တီဘီစစ်ပြီးပါပြီ။ မရှိပါ။ကျေးဇူးပြု၍ ဆေးနည်း လေး ညွှန်ပြ ပေးပါဆရာ။

ဖြေ။ ။ အဆုတ်မှာ အပူငုပ်၍ ဖြစ်တတ်ပါတယ်။ နာတာရှည်အဆုတ်ရောဂါ (ခေါ်) မြစ်ခြောက် နာကြောင့်လည်း ဖြစ်တတ်ပါတယ်။ ကုသနည်းများမှာ နံနက်စောစော အုန်းစိမ်းရည် သောက် ပြီး ရေချိုးပါ။

-အုန်းစိမ်းရည်တွင် ချင်းပါးပါးလှီးပြီး အနည်းငယ်ထည့်၍ မီးဖြင့် ဆူရုံမျှ အပူပေးကာ နွေးနွေး သောက်ပါ။

-လောက်သေရွက် ပြုတ်ရည်ကို တစ်နေ့လျှင် မတ်ခွက်တစ်လုံးစာ သောက်ပါ။

- မီးကွင်း ဂမုန်းရွက် သတ္တုရည်တွင် ဆားလှော် အနည်းငယ် ထည့်သောက်ပါ။

-ပြည်ပန်းညိုရွက်ကို ထောင်းပြီး အရည်ညှစ်ကာ အကြမ်းပန်းကန် တစ်လုံးစာတွင် ပျားရည် တစ်ဇွန်း စပ်သောက်ပါ။

-ရှောက်သီးအရည် သုံးဇွန်း၊ ပျားရည် တစ်ဇွန်း စပ်ပြီးလျှင် သိန္ဓောဆား အနည်းငယ်ထည့် လျက် ပေးပါ။

မေး။ ။ ဆရာရှင့် ကျွန်မလိပ်ခေါင်း ရောဂါရှိပါတယ်။ ခုရက်ပိုင်း ဝမ်းသွားရင် ညှစ်လိုက်တာ သွေးကျ လာလို့ ဆေးနည်းလေး သိပါရစေ။ ဆရာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ။

ဖြေ။ ။ ဆားခါးကို ရေနွေးနဲ့ဖျော် ရေအေးရောပြီး အင်တုံကြီးမှာထည့် ဖင်ထိုင်ပေးရင် ကျုံ့ပြီး ပြန်ဝင် နိုင်ပါတယ်။ ကျားမနိုင်နွယ်မြစ် သွေးလိမ်းပါ။ လိပ်ခေါင်းသွေး ကျရင် ပန်းလဲပွင့်ခြောက် (ပရဆေးဆိုင် မေးဝယ်) ရေနွေးဆူဆူတွင် လက်ဖက်ခြောက်ခတ် သကဲ့သို့ စပ်သောက်ရင် သက်သာ စေပါတယ်။

မေး။ ။ ဆရာမင်္ဂလာပါ။ သမီးအသက် ၁၈ နှစ်ပါ။ သမီးက ဓမ္မတာလာချိန်ဆို အမြဲကိုက်ခဲ တတ်ပါတယ်။ တိုင်းရင်းဆေးသောက်ရင် ပျောက်နိုင်မလားဆရာ။ ကျေးဇူးပြု၍ ဆေးနည်း လေးညွှန်ပေးပါ ဆရာ။

ဖြေ။ ။ ဓမ္မတာလာချိန် ကိုက်ခဲလျှင်ချင်း၊ ထန်းလျက်ပြုတ်ရည်တွင် ဆားလှော်အနည်းငယ် ထည့်သောက်ပါ။ ကိုက်ခဲခြင်း၊ ထိမ်ကျန်ခြင်းကို သက်သာစေပါတယ်။ တစ်နည်း ဇာတိပ္ဖိုလ် သီးကို သွေး၍ ချက်မှ အောက်ဆီးစပ်တွင် လိမ်းပေးပါက မီးယပ်ငုပ်၍ ကိုက်ခဲခြင်းကို သက် သာစေပါတယ်။

တစ်နည်း- ကွမ်းရွက်ကိုလေးညှင်းပွင့် အနည်းငယ်ဖြင့် ရောပြုတ်သောက်လျှင် ဓမ္မတာလာချိန် ကိုက်ခဲခြင်းကို သက်သာ၍ သွေးသန့် စေပါတယ်။တစ်နည်း ကြိတ်မှန်ရွက်ကို ထန်းလျက်ဖြင့် ရောကျို သောက်လျှင် ဓမ္မတာ များစေ၍ ကိုက်ခဲခြင်းကို သက်သာစေပါတယ်။

မေး။ ။ မင်္ဂလာပါဆရာ ကျွန်မက ကိုယ်ဝန်သုံးလမှာ ပျက်ကျသွား ပါတယ်ဆရာ။ ကျွန်မသား အိမ်လည်း ခြစ်ထားပါတယ်။ နောက်ထပ်ကလေး လိုချင်လို့ပါ ဆရာ။ ကျွန်မ အလုပ်ကလဲ နည်းနည်းပင်ပန်းတယ် ဆရာ။ ကျွန်မအသက် ၃ဝ ပါ ဆရာရှင့်။ ကျွန်မသားအိမ် ခြစ်တာ နှစ်လ ရှိပါပြီ။ ဘယ်လိုနေထိုင် စားသောက် ရမယ်ဆိုတာ ကျေးဇူးပြုပြီး လမ်းညွှန် ပေးပါဆရာ။

ဖြေ။ ။ သားသမီးရစေရန် သားအိမ် အပူမများဖို့ လိုပါတယ်။ အားကောင်းဖို့လည်း လိုပါတယ်။ အမျိုးသမီးက တိုင်းရင်းဆေးအမှတ်(၂၁) ဆီးဆေးဖြူကို နံနက်၊ညစားပါ။ ရှားစောင်းလက်ပပ် ချက်ဆေး စားပါ။ ပူစပ်ချဉ် လျှော့စားပါ။ ဖီးကြမ်းငှက်ပျောသီး စားပါ။ ခြေလေးချောင်းသား ရှောင်။ ငါးနဲ့အသီးအနှံ များများစားပါ။ အမျိုးသား - ခွေးလှေးယား သီးစေ့ကို နွားနို့နဲ့ပြုတ် သုံး စေ့။ နံနက်၊ ည ခြောက်စေ့ စားပါ။ နွားနို့နှင့်ဖီးကြမ်း ငှက်ပျောသီး ပေါင်းစားပါ။ ဆေးလိပ် သောက်ခြင်း ရှောင်ပါ။

မေး။ ။ ဆရာ ကျွန်တော်အပူဖု ပေါက်ရာကနေ ပြည်တည်နေပြီး အနာကအတော်နဲ့ မပျောက် ဘူး ဖြစ်နေပါတယ်ဆရာ။ ခဏခဏ ပြည်တည်နေပြီး မပျောက်ဘူးဆရာ။ ၃၊ ၄ ရက်လောက် ရှိပါပြီ ဆရာ။ ကျေးဇူးပြုပြီး ဆေးနည်းလေး လမ်းညွှန် ပြောပြပေးပါဆရာ။

ဖြေ။ ။ ဆားခါးကို ရေနွေးဖြင့်ဖျော်၊ ဖန်ဆေးပေးပါ။ သံပရာရည်နှင့် ဂျုံမှုန့်ကို ရောနယ်ပြီး အုံပေးလျှင် ပြည်ပေါက် စေပါတယ်။ တစ်နည်း ခွေးတောက်ရွက်ကို မီးကင်ပြီးဆီ သုတ်ကပ် ပေးပါ။ တစ်နည်း- ကြက်သွန်နီဥကို ထောင်း၊ ဆားခါးနှင့်နယ် ပြည်တည်နာပေါ်တွင် အုံ၍ စည်းပေး ပါက ပြည်တည်နာ ပျောက်၏။ တစ်နည်း- ခံတက်ခေါက်ကိုပြုတ်၍ ပျားရည်နှင့် ရောစပ် သောက်ပါက ပြည်တည်နာ ပျောက်၏။ အနာရှိရာမှာလည်း လိမ်းပေးပါ။ သံပရာက ကျီးပေါင်းကို ကျော်စေ နိုင်ပါတယ်။

မေး။ ။ ဆရာဖနောင့်အတက် ထွက်နေပါတယ်။ လမ်းလျှောက်ရင် ဆူးပြီးနာပါတယ်။ ဆေး နည်းလေး ကျေးဇူးပြုပြီး ပြောပေးပါဦး ခင်ဗျာ။

ဖြေ။ ။ သံပရာသီး ၁ဝ လုံးရေခန်း ပြုတ်အစေ့ဖယ် ညက်အောင်ထောင်း ဖနောင့်မှာအုံ ပတ်တီး စည်းထားပါ။ ညအိပ်ရာဝင် ခြေဖဝါး ဆားပွတ်ပြီး ရေလောင်းပြီးမှ စည်းရင် ပိုကောင်းပါတယ်။ ညအိပ်ရာဝင် စည်း မနက်အိပ်ရာထလျှင် ဖြေပေးပါ။ ၁ဝ ရက် စည်းပေးရင် ပိုကောင်း ပါ တယ်။ချင်းခြောက် အမှုန့်ထည့်နယ် စည်းရင် ပိုကောင်းပါတယ်။

မေး။ ။ ဆရာရှင့် သမီး အသက်က ၃၂ နှစ်ပါ။ ကိုယ်ဝန် တစ်လခွဲပါ။ ဇက်ကျီးပေါင်း တက် ရောဂါ၊ ဆီးချိုသွေးချို ရောဂါရှိပါတယ်။ နေ့တိုင်း နီးပါး မကြာခဏ နေမကောင်း ဖြစ်ပါတယ်။ ဖျားတာ အအေးမိတာ ဝမ်းပျက်တာ အစုံပါ။ OG ဆရာဝန် စမ်းသပ်ချက်နှင့် စစ်ဆေးချက်များ အရ ကိုယ်ဝန်ရှိသည်ဟု သိရသော်လည်း အန်ခြင်း၊ အစားပျက်ခြင်း စသည့်လက္ခဏာများ မဖြစ်ပါ။ ဆီးချိုဆေးများလည်း သောက်နေရပါသည်။ ချူချာလွန်း၍ အသက်လည်း ရလာပြီ ဖြစ်၍ ကလေးရရန်  OG နှင့်ပြပြီး ဆေးများသောက်ပြီး ယူထားခြင်းပါ။ မြန်မာတိုင်းရင်း ဆေးနည်းများ အရလည်း ကလေးလည်း ကျန်းမာရေး ကောင်းအောင်၊ မိခင်လည်း ကျန်းမာရေး ကောင်းအောင် မည့်သည့်ဆေး အစားအစာများ သောက်သင့်၊ စားသင့်လည်း အကြံ ပေးပါရှင့်။အကူအညီ တောင်းပါတယ်ရှင့်။ ဆီးချိုကိုယ်ဝန်ရဲ့အပြစ်များ ဖြစ်လာမှာစိုးလို့ ပါ။ ဆီးချို ကိုယ်ဝန်ရဲ့ အပြစ်များ ဖြစ်လာမှာ စိုးလို့ပါ။ ဆီးချိုက အရမ်း မတတ်ပါဘူး။ မနက် စောစော ၁၀၀၀န်းကျင် ထမင်းစားပြီး ၁၃ဝ ဝန်းကျင် ရှိပါတယ်။

ဖြေ။ ။ ဆီးချို ရှိသော်လည်း ကိုယ်ဝန် မထိခိုက်စေရန် အစားကို ထိန်းထားဖို့ လိုပါသည်။ အထူးသဖြင့် ကောက်ညှင်းဆန်၊ ကောက်ညှင်းနှင့် လုပ်သောမုန့်များ၊ ဆန်စေးများ ရှောင်ကြဉ် ပါ။ တတ်နိုင်သမျှ လမ်းများများ လျှောက်ပါ။ မနက်၊ ည နှစ်ကြိမ် တစ်နာရီခန့် လမ်းလျှောက်ပါ။ လမ်း လျှောက်ခြင်းသည် ကိုယ်ဝန်အတွက် အကောင်းဆုံး ဆေးဖြစ်ပြီး မွေးရဖွားရလွယ်ကူစေ နိုင်ပါသည်။ ကလေးတွင် ဆီးချိုရောဂါ ပါမလာအောင်လည်း ကာကွယ် ပေးနိုင်ပါသည်။ ခံတွင်း မပျက်သည့်တိုင် အစပ်အရသာကို ထမင်းစားတိုင်း ပါအောင်စားပေးပါ။ ချို၊ စပ်၊ ချဉ်၊ ဖန်၊ ခါး၊ အငန် မှတ်ရန် အဖြေဓာတ်ဟူသော စာနှင့်အညီ ဆီးချိုကို ကာကွယ် အစပ်ဓာတ် ဖြစ်ပါသည်။ မိမိကျန်းမာ.. ကလေးတွင် ဆီးချိုရောဂါ မပါစေရန် အစပ်စား ပေးပါ။ အချို့က ကိုယ်ဝန် ရှိလျှင် အပူအစပ် ရှောင်ခိုင်းပါသည်။ ဆီးချိုကိုယ်ဝန်က အစပ်မရှောင်ပါနှင့်။ အစပ် စား ပေးရပါမည်။ အချို အဆိမ့်၊ အအေး၊ ရေခဲရေကိုတော့ ရှောင်ပါလေ။

မေး။ ။ ဆရာကြီးရှင့် သားဥပြွန် လမ်းကြောင်း ပိတ်ခြင်းကို မြန်မာဆေးဖြင့် မည်သို့ ကုသရနိုင် ပါသလဲရှင့်။ ကျွန်မအသက် ၃၅ နှစ်ထဲမှာပါ ဆရာ။ ကလေး အရမ်းလိုချင်လို့ပါ။

ဖြေ။ ။ နလင်ကျော်တုံးသွေး တစ်ဇွန်းကို ပျားရည်တစ်ဇွန်းရော နံနက်၊ ညသောက်ပါ။ ၄၅ ရက် အထိ စွဲသောက်ပါ။ သားအိမ်လမ်းကြောင်း ပွင့်သည်။ ကလေး ရနိုင်သည်။ နလင်ကျော် သောက်လျှင် ထန်းလျက်မစားနှင့် မတည့်ပါ။

မေး။ ။ ဆရာ ကျွန်တော့်အမေ ခြေထောက်မှာ သုံးရက်လောက်ရှိပြီ ရောင်ပြီး အရေခွံလေးတွေ ကွာနေတယ် ဘာဖြစ်တာလဲ ခင်ဗျာ။

ဖြေ။ ။ သစ်ကြံပိုးခေါက် သွေးလိမ်းပါ။ ကရမတ်တုံး ဆားအနည်းငယ် ထည့်သွေးလိမ်းပါ။ တ မာရွက်ပြုတ်ရည်နဲ့ ရေချိုးစိမ်ပေးပါ။ ခြေထောက်ချ မထိုင်ပါနဲ့။ သွေးကျလျှင် ပိုရောင်တတ်ပါ သည်။

မေး။ ။ မင်္ဂလာပါဆရာ။ ကျွန်တော့်နှာခေါင်းက ပိတ်နေတာ ခြောက်လလောက်တောင် ရှိနေ ပါ ပြီ။ အင်္ဂလိပ်အစက်ချ ဆေးတွေ နေ့တိုင်း နှစ်ကြိမ်အနည်းဆုံး သုံးရပါတယ်။ ဆေးကလည်း မသုံး လို့လည်း မရပါဘူး။ အမြဲဆောင်ထား ရပါတယ်။ နှာခေါင်းထဲမှာ အသားတိုး ပုံစံဖြစ်ပြီး ပိတ်ပိတ် သွားတာပါ။ ဘယ်ဆေး သုံးသင့်ပါသလဲ ခင်ဗျ။

ဖြေ။ ။ ရေကိုလက်ခုပ်နဲ့ ယူ ရှူသွင်းပါ။ နေ့စဉ် ၃၊ ၄ ကြိမ်လုပ်ပါ။ ထန်းနို့ချောက် (ပရဆေးဆိုင် ဝယ်) အမှုန့်ကို မီးခဲပေါ်ဖြူး မှိုင်းရှူပေးပါ။ ခြေဖဝါးဆားပွတ်ရေ လောင်းပေးရင်လည်း နှာခေါင်း ပိတ်တာ သက်သာတယ်။

စမ်းကြည့်ပါ။ ။

ကြည်လွင်မြင့်(မုဒြာ)

Read 160 times
Rate this item
(0 votes)
Last modified on Tuesday, 23 July 2019 10:07