SJ WorldNews - шаблон joomla Авто

ကျောင်းသား ကျောင်းသူများအား ပိုလီယို ကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေး

Tuesday, 09 July 2019 09:33 font size decrease font size decrease font size increase font size increase font size

ကရင်ပြည်နယ် ဖာပွန်ခရိုင် ဖာပွန်မြို့အမှတ်(၃)ရပ်ကွက် RC ဘုန်းကြီးကျောင်း၌ ဇူလိုင် ၇ ရက်မွန်းလွဲပိုင်းက ကျောင်းသား၊ ကျောင်းသူများအား ပိုလီယို ကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်းကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေး ဝန်ထမ်းများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအဖွဲ့များ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ ၂၁၄ ဦးအား ပိုလီယို ကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေးမှုကို ပြည်နယ်အစိုးရ အဖွဲ့ဝင် လူမှုရေးဝန်ကြီး  ဦးဘိုဘိုဝေမောင်၊ ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများက  ကွင်းဆင်းကြည့်ရှုကြပြီး ကျောင်းသား၊ ကျောင်းသူများကို အားပေးစကား ပြောကြားသည်။

အလားတူ  ဖာပွန်မြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင်လည်း ကျေးလက်ကျန်းမာရေး ဌာနခွဲမှ ကျန်းမာရေး ဝန်ထမ်းများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍  မွေးကင်းစမှ အသက် ၁၅ နှစ်အောက် ကလေးငယ်များရှိရာ အိမ်တိုင်ရာရောက် သွားရောက်ကာ   ကာကွယ်ဆေးများ  အခမဲ့လိုက်လံ တိုက်ကျွေးကြကြောင်း သိရသည်။

Read 145 times Last modified on Tuesday, 09 July 2019 09:34