SJ WorldNews - шаблон joomla Авто

ဖာပွန်မြို့နယ်၌ ဒုတိယအကြိမ် အပိုဆောင်း ပိုလီယို ကာကွယ်ဆေး စတင်တိုက်ကျွေးခြင်း ဆောင်ရွက်

Monday, 22 July 2019 09:58 font size decrease font size decrease font size increase font size increase font size

ကရင်ပြည်နယ် ဖာပွန်ခရိုင် ဖာပွန်မြို့နယ်တွင် မွေးကင်းစမှ အသက် ၁၅ နှစ်အထိ ကလေးများအား ဒုတိယအကြိမ် အပိုဆောင်း ပိုလီယိုကာကွယ်ဆေး  တိုက်ကျွေးခြင်းကို ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက စတင်ဆောင်ရွက်လျက် ရှိကြောင်း  သိရသည်။

ထိုသို့အပိုဆောင်း ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးရခြင်းမှာ ဖာပွန်မြို့နယ်တွင် ကလေးတစ်ဦး အသွင်ပြောင်း ပိုလီယိုကူးစက်မှု တွေ့ရှိခဲ့ရပြီး ကျန်ကလေးငယ်နှစ်ဦးမှာ အသွင်ပြောင်း ပိုလီယိုပိုးကူးမှုရှိသည်ဟု ယူဆရ၍ ဆောင်ရွက်ခြင်းဖြစ်သည်။

ဖာပွန်ခရိုင်အတွင်း ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးရန်အတွက် မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး   ဒေါက်တာဝေလင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ အမျိုးသမီးရေးရာ အဖွဲ့များနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ   ဒုတိယအကြိမ် အပိုဆောင်းပိုလီယို ကာကွယ်ဆေး  တိုက်ကျွေးခြင်းကို  ဖာပွန်ခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက   ကွင်းဆင်းကြည့်ရှုသည်။

ပထမအကြိမ် ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးခြင်းကို ဇူလိုင် ၇ ရက်မှ ၉ ရက် အထိ တိုက်ကျွေးပြီး ဒုတိယအကြိမ် တိုက်ကျွေးခြင်းကို ဇူလိုင် ၂၁ ရက်မှ ၂၃ ရက်အထိ ဆောင်ရွက်မည်ဖြစ်ကာ တတိယအကြိမ်ကို သြဂုတ် ၄ ရက်မှ ၆ ရက်အထိ ဆက်လက် တိုက်ကျွေးမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။        

Read 99 times Last modified on Monday, 22 July 2019 09:59