SJ WorldNews - шаблон joomla Авто

ရာသီတုပ်ကွေးရောဂါ H1N1 ကြောင့် သေဆုံးသူ ၇၁ ဦးရှိပြီ

Wednesday, 24 July 2019 09:40 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဇူလိုင်  ၂၃

ရာသီတုပ်ကွေးရောဂါ( H1N1)pdm09 ဖြစ်ပွားမှုကြောင့် ဇူလိုင် ၂၃ ရက်တွင် လေးဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူ ၇၁ ဦးအထိ ရှိလာကာ  ပိုးတွေ့လူနာ ၃၆၇ ဦးထိရှိလာကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဗဟိုကူးစက် ရောဂါတိုက်ဖျက်ရေး ဌာနခွဲ၏ ဓာတ်ခွဲအတည်ပြု သေဆုံးစာရင်းများအရ သိရသည်။

နိုင်ငံတစ်ဝန်း၌ သေဆုံးလူနာသည် ဇူလိုင်၂၂ ရက်အထိ ၆၇ ဦးရှိခဲ့ရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၌ တစ်ဦး၊ တာမွေမြို့နယ်၌ တစ်ဦး၊ ဧရာဝတီတိုင်းဒေသကြီး၌ တစ်ဦး၊ ပဲခူးတိုင်းဒေသကြီး၌ တစ်ဦး ထပ်မံသေဆုံးခဲ့ခြင်းကြောင့် ၇၁ ဦး  ရှိနေပြီဖြစ်သည်။ ယခုရက်ပိုင်းအတွင်း ရာသီတုပ်ကွေးရောဂါ A(H1N1)pdm 09 ကြောင့် သေဆုံးမှုများသည် နေ့စဉ်ဖြစ်ပေါ်နေပြီး ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များ၌ သေဆုံးသူ နှင့် ပိုးတွေ့လူနာအများအပြား ဖြစ်ပေါ်နေသည်။

ယနေ့အထိ ရာသီတုပ်ကွေးရောဂါ A(H1N1)pdm 09 သံသယဖြင့် ဓာတ်ခွဲစစ်ဆေးသူ ၈၅၄ ဦးထိ ရှိလာပြီး ပိုးတွေ့လူနာ ၃၆၇ ဦးထိ ရှိလာကာ ယခင်ကထက် ပိုမိုတိုးတက်လာကြောင်း၊ ရောဂါဖြစ်ပွားမှုအနေဖြင့် ဇန်နဝါရီ ၁ ရက်မှ ဇူလိုင် ၂၃ ရက်အထိ အသက် ၁၅ နှစ်မှ   ၆၅ နှစ်အကြား ၅၁ ရာခိုင်နှုန်း၊ အသက် ၁ နှစ်မှ ၅ နှစ်အတွင်း ၁၇ ရာခိုင်နှုန်း၊ အသက် ၆၅ နှစ်အထက်တွင် ၁၂ ရာခိုင်နှုန်း၊ အသက် ၅ နှစ်မှ ၁၅ နှစ် အတွင်းတွင် ၁၃ ရာခိုင်နှုန်း၊ အသက် ၁ နှစ်အောက်တွင် ၆ ရာခိုင်နှုန်းဖြစ်ပွားနေကြောင်း ယနေ့တွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဗဟို ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန၏ ဓာတ်ခွဲ အတည်ပြုချက်အရ သိရသည်။

Read 162 times Last modified on Wednesday, 24 July 2019 09:41