SJ WorldNews - шаблон joomla Авто

နေပြည်တော်၌ H1N1 ရောဂါပိုးရှိသူ တစ်ဦးတွေ့

Friday, 26 July 2019 09:19 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇူလိုင်  ၂၅

နေပြည်တော်ကောင်စီနယ်မြေ  ဥတ္တရသီရိမြို့နယ် ခုတင်-၅ဝဝ  သားဖွား/မီးယပ် ဆေးရုံကြီး၌ ယနေ့ညနေ  ၃ နာရီတွင် H1N1 ရောဂါပိုးရှိသူ တစ်ဦးတွေ့ရှိကြောင်း သိရသည်။

အဆိုပါဆေးရုံ၌  ဇူလိုင် ၁၃ ရက်က တက်ရောက်ဆေးကုသမှု ခံယူနေသူတစ်ဦးတွင် H1N1 ရောဂါပိုး သံသယရှိသဖြင့် ဓာတ်ခွဲစစ်ဆေးရန်  ကုသရေး ဦးစီးဌာနသို့ ပေးပို့ခဲ့ရာ H1N1 ရောဂါပိုး တွေ့ရှိကြောင်း   အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)က ယနေ့တွင် အကြောင်းပြန်ကြားခဲ့ကြောင်း သိရသည်။

အလားတူ အဆိုပါဆေးရုံ၌  ဇူလိုင် ၂၄ ရက်က တက်ရောက်ဆေးကုသမှု ခံယူနေသူ တစ်ဦးကိုလည်း H1N1 ရောဂါပိုး သံသယရှိသဖြင့်  ဓာတ်ခွဲစစ်ဆေးရန် ကုသရေး ဦးစီးဌာနသို့   ပေးပို့ထားကြောင်း  သတင်းရရှိသည်။ 

Read 303 times Last modified on Friday, 26 July 2019 09:20