SJ WorldNews - шаблон joomla Авто

မဘိမ်းမြို့မဈေးကြီး၌ စားသုံးရန် မသင့်သော အစားအသောက်များ ရောင်းချခြင်းရှိ ၊ မရှိစစ်ဆေး

Friday, 02 August 2019 10:36 font size decrease font size decrease font size increase font size increase font size

ရှမ်းပြည်နယ်(မြောက်ပိုင်း)  မဘိမ်းမြို့ မြို့မ ဈေးကြီး၌ ရောင်းချလျက်ရှိသော ဈေးဆိုင်များတွင် စားသုံးရန် မသင့်သော   အစားအသောက်များ ရောင်းချခြင်း  ရှိ၊ မရှိ သြဂုတ် ၁ ရက်  နံနက်ပိုင်းတွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေး ဦးစီးဌာနတို့    ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့်   စစ်ဆေးကြကြောင်း  သိရသည်။

ထိုသို့စစ်ဆေးရာတွင် မဘိမ်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာအောင်ကျော်မိုး နှင့်  ကျန်းမာရေးဝန်ထမ်းများ၊မြို့နယ်စည်ပင် သာယာရေး ဌာနမှ အမှုဆောင်အရာရှိ ဦးအောင်သူနှင့် ဝန်ထမ်းများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ   ပြည်သူ့ရဲများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့မဈေးကြီး အတွင်း ရောင်းချလျက်ရှိသော ဈေးဆိုင်များတွင် အစပ်ချောင်းများ၊ ကြက်အူချောင်းများ၊ ဆိုးဆေးများ ပါဝင်သည့် အရောင်တင်မှုန့်များ၊ ငရုတ်သီးမှုန့်များနှင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် ကြက်အသည်းထုပ်များနှင့် ကလေးငယ်များ မစားသုံးသင့်သော အစားအစာများ ရောင်းချခြင်းရှိ၊မရှိ စစ်ဆေးပြီး ဈေးသည် များအား စားသုံးရန် မသင့်ဟု သတ်မှတ်ထားသည့် အစားအသောက်များ  ရောင်းချခြင်း မပြုလုပ်ကြစေရေး ဟောပြောကြောင်း သိရသည်။

Read 277 times Last modified on Friday, 02 August 2019 10:37