SJ WorldNews - шаблон joomla Авто

တရားမဝင် တင်သွင်းသည့်ဆေးဝါးများ ရောင်းချခြင်း တွေ့ရှိပါက လိုင်စင် ပိတ်သိမ်းသည်အထိ အရေးယူမည်

Tuesday, 06 August 2019 08:43 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံအတွင်း နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဆေးဝါးတင်သွင်း မှုများရှိနေရာ ဆေးဝါးရောင်းချသည့်ဆိုင်များ၌ အဆိုပါဆေးဝါးအတုများ ရောင်းချ သည်ကို စစ်ဆေးတွေ့ရှိပါက ဆိုင်လိုင်စင် ပိတ်သိမ်းသည်အထိ အရေးယူမည်ဖြစ်ပြီး ခွင့်မလွှတ်နိုင်သည့် ဆေးဝါးများ ရောင်းချပါက အမျိုးသားဆေးဝါး ဥပဒေအရ  အရေး ယူမည်ဖြစ်ကြောင်း  အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန  ဒုတိယညွှန် ကြားရေးမှူးချုပ် ဒေါက်တာ ဒေါ်ခင်ချစ် ၏ပြောဆိုချက်အရ သိရသည်။

''ပြည်တွင်းမှာ နယ်စပ်ဒေသလမ်းကြောင်းတွေကနေ  တရားမဝင် ဆေးဝါးတင်သွင်းမှု  တွေရှိနေပါတယ်။ များသောအားဖြင့် ဆေးဝါးအတုတွေကလည်း တရုတ်နဲ့  ဗီယက်နမ် နိုင်ငံတွေက   ဝင်ရောက်တာရှိတယ်။ အများဆုံးကတော့  တရုတ်ကဝင် တာများတယ်။ တရုတ်နိုင်ငံက ဝင်တာတွေကို ထိန်းချုပ်ဖို့ မလွယ်ပါဘူး။ ဘာကြောင့်လဲဆိုတော့  FDA မှတ်ပုံတင် လုပ်မထားဘူး ဆိုတော့ ခက်ခဲပါတယ်။ ဒါကြောင့် ဝင်ရောက် လာတဲ့ ဆေးမှန်သမျှကို ဆက်တိုက်စစ်ဆေး၊ အရေးယူဖမ်းဆီးတဲ့ နည်းတွေသုံးပြီး  လုပ်တယ်။ရောင်းချနေတဲ့ ဆေးဆိုင်တွေမှာ မှတ်ပုံတင်လုပ်မထားတဲ့ ဆေးတွေကိုတွေ့ရင်  အမျိုးသားဆေးဝါး ဥပဒေအရ  အရေးမယူခင် ပညာပေးတယ်။  ပြည်သူတွေ အတွက် အန္တရာယ်ဖြစ်စေမယ့် ဆေးတွေကို ရောင်းချခြင်း မပြုဖို့ပြောတယ်။ ရှိတဲ့ဆေးတွေကိုသိမ်း တယ်။ ဖျက်ဆီးပစ်တယ်။ လုံးဝ တင်မရောင်းဖို့ သတိပေးတယ်။  နောက်ပြီး တင်ရောင်းတာ တွေ့ရင် ရောင်းချခွင့်လိုင်စင် မပေးတော့ ဘူး။ ခွင့်မလွှတ်နိုင်တဲ့ ဆေးဝါးတွေရောင်းချတာ တွေ့ရှိရင်   အမျိုးသားဆေးဝါး ဥပဒေအရ အရေးယူပါတယ်''ဟု ဒေါက်တာဒေါ်ခင်ချစ် ကပြောသည်။

 အဆိုပါဆေးဝါးအတုများသည် နယ်စပ်ဒေသမှ ဝင်ရောက်နေခြင်းဖြစ်ပြီး  ထိုသို့ ဝင်ရောက်မှုကြောင့်   နယ်စပ်ဒေသမြို့တို့၌ ရောင်းချနေသော ဆေးဆိုင်များကို  လစဉ်၊ နှစ်စဉ်   ဆက်တိုက်ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ရာတွင်   တရားမဝင်သည့် ဆေးဝါး အတုများကိုတွေ့ရှိရကြောင်း၊   ပြည်တွင်းသို့  ဝင်ရောက်နေသည့် ဆေးဝါးအတုများသည် တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ   ဝင်ရောက်ခြင်းဖြစ်ပြီး  ပြည်တွင်းသို့ ဆေးဝါး အတု   အများဆုံး တင်သွင်းမှုသည်  တရုတ်နိုင်ငံမှ အများဆုံးဖြစ်ကြောင်း သိရသည်။

 မြန်မာနိုင်ငံအတွင်း  တင်သွင်းလာသည့် ဆေးဝါးများနှင့် ပတ်သက်၍ တိုင်းဒေသကြီးနှင့်  ပြည်နယ် ၁၄ ခုစလုံး၌ စစ်ဆေးကြောင်း၊ သွားရောက်စစ်ဆေးရာတွင်လည်း FDA    မှ ဝန်ထမ်းများက  နောက်ဆုံးပေါ် နည်းများသုံးပြီး  စစ်ဆေးကြောင်း၊ စစ်ဆေးသည့် ဆေးများမှာ ငှက်ဖျားဆေးအပြင် တီဘီဆေး၊ ပိုးသတ်ဆေး၊ HIVဆေးတို့ကိုလည်း စစ်ဆေးပြီး တင်သွင်းလာသည့် ဆေးမှန်သမျှကို  စစ်ဆေးကြောင်း၊  ယခုအချိန်တွင် တီဘီဆေးကို စတင် လုပ်ဆောင်နေပြီဖြစ်ကာ ၂ဝ၂ဝ ပြည့်နှစ်တွင်  HIV ဆေးများကိုလည်း ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။               

Read 77 times Last modified on Tuesday, 06 August 2019 08:45