SJ WorldNews - шаблон joomla Авто

ဆီးချိုရောဂါ ဖြစ်ပွားမှုနှုန်းသည် ကျေးရွာများထက် မြို့ပေါ်၌ ဖြစ်ပွားမှု ပိုမိုများပြား

Tuesday, 06 August 2019 09:04 font size decrease font size decrease font size increase font size increase font size

ဆီးချိုရောဂါဖြစ်ပွားမှုသည်     ကျေးရွာများထက် မြို့ပေါ်များ၌ ဖြစ်ပွားမှုနှုန်း ပိုမိုများပြားကြောင်း သြဂုတ် ၄  ရက်က  ရန်ကုန်မြို့   သူနာပြုတက္ကသိုလ် ခန်းမ၌ ကျင်းပသည့်  ဆီးချိုသွေးချိုရောဂါနှင့် ပတ်သက်၍  လူထု အသိပညာပေးမှု အခမ်းအနားတွင်    ဆီးချိုနှင့်  ကမ္မဗေဒအထူးကုသမားတော် ဒေါက်တာသင်းသင်းအေး ၏ ပြောပြချက်အရ သိရသည်။

''ဆီးချိုရောဂါဖြစ်ပွားမှုနှုန်းကို   စစ်တမ်းကောက်ထားတာ ရှိပါတယ်။ နယ်နဲ့မြို့ ဖြစ်ပွားမှုနှုန်း မတူပါဘူး။  နယ်တွေမှာ ၁ဝ  ရာခိုင်နှုန်းလောက်သာ ဖြစ်ပွားပြီး   မြို့ပေါ်မှာ  ၁၄  ရာခိုင်နှုန်းလောက်ဖြစ်ပွားတာတွေ့ရ တယ်''ဟု ဒေါက်တာ သင်းသင်းအေး ကပြောသည်။

မြန်မာလူမျိုးများသည် ဆန်၊ ဂျုံ၊ ကောက်ညှင်းတို့ကို စားသုံးမှုများသည့်အတွက်   ယင်းအစားအစာများတွင် ကစီဓာတ်၊ ဆားဓာတ်အများဆုံး ပါဝင်၍ ဆီးချိုရောဂါ ဖြစ်စေနိုင်ကြောင်း၊ အထိုင်များသူများ အနေဖြင့်  မိနစ် ၆ဝ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်သင့်ကြောင်းနှင့်  ယင်းသို့ မဆောင်ရွက်ပါက ဆီးချိုရောဂါ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

''နံနက်အစောအစာမစားခင်မှာ သွေးစစ်ကြည့်လိုက်လို့  120  mg  dcm ထက်များနေရင်   ဆီးချိုဖြစ်တယ်။ ၁၂ဝ လည်းမရှိဘူး။ ၁ဝဝ လည်း မကဘူးဆိုရင် အဲဒီလူက   လက်ရှိမှာတော့  ဆီးချိုရောဂါ မဖြစ်သေးဘူး။နောက်ပိုင်း မှာဖြစ်နိုင်တယ်။ ဒါကိုဆီးချိုအကြို ရောဂါလို့ပြောတယ်။  အဲဒီအချိန်မှာ အစားအသောက်ကို သေချာချင့်ချိန်စားပြီး ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း ပုံမှန်လုပ်မယ်ဆိုရင် ရောဂါ ကာကွယ်ပြီးသား ဖြစ်ပါတယ်''ဟု   ဒေါက်တာ သင်းသင်းအေး ကပြောသည်။

Read 93 times Last modified on Tuesday, 06 August 2019 09:06