SJ WorldNews - шаблон joomla Авто

တီဘီရောဂါသံသယရှိ လူနာများအား ရောဂါရှာဖွေ ကုသပေးခြင်း ဆောင်ရွက်

Friday, 09 August 2019 10:07 font size decrease font size decrease font size increase font size increase font size

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယုမြို့ မြို့မရပ်ကွက်ရှိ ထေရဝါဒ ဗုဒ္ဓသာသနာပြု ကျောင်းအတွင်း၌   သြဂုတ် ၇ ရက် နံနက်ပိုင်းက  ကျိုင်းတုံမြို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တီဘီရောဂါ တိုက်ဖျက်ရေး အဖွဲ့များက  တီဘီရောဂါ သံသယရှိလူနာများအား ရှာဖွေကုသပေးခြင်း ကွင်းဆင်း ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့တီဘီရောဂါ တိုက်ဖျက်ရေးဌာနမှ ဒေါက်တာ စိုင်းထွန်းလှ ဦးဆောင်သော အဖွဲ့က မိုင်းယုမြို့ပေါ်ရပ်ကွက်၊ ကျေးလက်နေပြည်သူများနှင့် ကလေးသူငယ်များအား သလိပ်စစ်ဆေးပေးခြင်း၊ ဓာတ်မှန်ရိုက် စမ်းသပ်ပေးခြင်း၊ တီဘီဆေးနှင့်  အခြားလိုအပ်သော ဆေးဝါးများပေးခြင်း   စသည့် လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ တီဘီရောဂါလူနာများ  ရှာဖွေကုသပေးရာတွင် မြို့ပေါ်ရပ်ကွက်နှင့်   ကျေးလက်များမှ  ပြည်သူ စုစုပေါင်း    ၁၉၃ ဦးအား အခမဲ့ ကုသပေးခဲ့ကြောင်း သိရသည်။

Read 314 times Last modified on Friday, 09 August 2019 10:08