SJ WorldNews - шаблон joomla Авто

ဈေးကွက်အတွင်းရှိ H1N1 ကာကွယ်ဆေး သတိပြု သုံးစွဲရန် လိုအပ်

Thursday, 03 August 2017 15:06 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   သြဂုတ်  

မြန်မာနိုင်ငံ၌  ဖြစ်ပွားနေသော H1N1 ရောဂါနှင့်ပတ်သက်၍ ဈေးကွက်အတွင်းမှ တချို့ကာကွယ်ဆေး များမှာ အမှန်တကယ် အသုံးတည့်မှုနည်းပါးသည့်  အခြေအနေဖြစ်သောကြောင့်  သတိပြုသုံးစွဲရန်  လိုအပ်ကြောင်း ရန်ကုန်မြို့ရှိ ဆေးသုတေသန ဦးစီးဌာနမှ သိရသည်။

''ဒီ Seasonal Influenza  A (H1N1) ရောဂါနဲ့ပတ်သက်လို့ လူမှုကွန်ရက် စာမျက်နှာတွေမှာရော ပြင်ပမှာပါ ဆေးကြော်ငြာတွေနဲ့ ကာကွယ်ဆေး ကြော်ငြာတွေ အများအပြား ထွက်ပေါ်လာပါတယ်။  ဒါကြောင့် သုံးစွဲမယ့်သူတွေ အနေနဲ့ စိစစ်အသုံးပြုဖို့လိုပါတယ်။

ကိုယ်ဝယ်သုံးတဲ့ဆေးက ထိရောက်မှု မရှိတာမျိုးဖြစ်နေရင် အလကားပါပဲ။ ဆေးမျိုးကွဲတွေ အများကြီးရှိနေတော့    မျိုးကွဲတစ်ခုအတွက် ထုတ်ထားတဲ့  ကာကွယ်ဆေးက တခြားမျိုးကွဲတစ်ခုကို မကာကွယ်နိုင်ပါဘူး'' ဟု ဆေးသုတေသန ဦးစီးဌာနမှ သုတေသနဆိုင်ရာ ဆရာဝန်ကြီးတစ်ဦးက  အကြံပြုပြောကြားသည်။

ထိုရာသီတုပ်ကွေး ( Seasonal Influenza A (H1N1) နှင့်ပတ်သက်ပြီး ကမ္ဘာ့ဈေးကွက်အတွင်း  တရားဝင် အသိအမှတ်ပြုထားသည့် ကာကွယ်ဆေးများ ရှိနေပြီးသား ဖြစ်သော်လည်း အခြေအနေများပေါ် မူတည်ကာ H1N1 ဗိုင်းရပ်စ်များ  မျိုးစိတ်ကွဲ ပြောင်းလဲသည့် အခြေအနေမျိုးဖြစ်တတ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ အခြေအနေနှင့် အသုံးတည့်မှု၊ ကိုက်ညီမှုမရှိသော အာမခံချက်မရှိဘဲ ဖြန့်ဖြူးရောင်းချနေမှုများ ရှိနိုင်သည့်အတွက် သတိပြု သုံးစွဲရန် လိုအပ်လာခြင်းဖြစ်သည်။

ယခုဖြစ်ပွားနေသည့် Seasonal Influenza A (H1N1) ရောဂါအခြေအနေနှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ကလည်း နည်းပညာပိုင်းအရ အကူအညီပေးမှုများကို လုပ်ဆောင်နေကြောင်း သိရသည်။

ထိုတုပ်ကွေးကာကွယ်ဆေးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပုဂ္ဂလိက ဆေးခန်းများတွင် ထိုးနှံပါက ယခင်ကာလများ၌ ဆေးခန်း ပေါ် မူတည်၍ ငွေကျပ် ၁၈ဝဝဝ မှ ၂၅ဝဝဝ ကြားရှိသော်လည်း ယခုအခါ ငွေကျပ် ၅ဝဝဝဝ မှ ၈ဝဝဝဝ အထိ မြင့်တက်ခဲ့ပြီး ဆေးပြတ်လပ်သော အခြေအနေများ ဖြစ်ပေါ်လာခဲ့ရာ တချို့သော ငွေကြေးတတ်နိုင်သူများသည် ထိုင်းနိုင်ငံရှိ ဆေးရုံများသို့ သွားရောက် ထိုးနှံကြကြောင်း သိရသည်။

Read 591 times Last modified on Friday, 04 August 2017 08:50