SJ WorldNews - шаблон joomla Авто

အသက် ၁၅ နှစ်အောက် ကလေးသူငယ် ၃၃ဝဝဝဝ ခန့်အား ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးနှံပေးမည်

Saturday, 30 September 2017 10:27 font size decrease font size decrease font size increase font size increase font size

ကချင်ပြည်နယ်အတွင်း အသက် ၁၅ နှစ်အောက် ကလေးသူငယ် ၃၃ဝဝဝဝ ခန့်အား ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန(တိုးချဲ့ ကာကွယ်ဆေး ထိုး/ကူးစက်) အဖွဲ့ခေါင်းဆောင် ဒေါက်တာ ဇက်လွမ်းခေါင်ထံမှ သိရ သည်။

''နိုင်ငံတစ်ဝန်း ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်းကို ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတို့ မှာ ဆောင်ရွက်သွားမှာဖြစ်ပြီး ကချင်ပြည်နယ် အတွင်းမှာလည်း ကာကွယ်ဆေးထိုး လုပ်ငန်းဆောင်ရွက်နိုင်ရန် ကြို တင်ပြင်ဆင်မှုများကို ဆောင်ရွက်နေပါတယ်။ ဂျပန်ဦးနှောက်ရောင်ေ ရာဂါဟာ ဝက်၊ ကျွဲ၊ နွား၊ ငှက်တို့ကနေတစ်ဆင့် Culex အမျိုးအစားခြင်က သယ်ဆောင်ပြီး လူကိုကူးစက်စေတဲ့ရောဂါ ဖြစ်ပါတယ်။ ဒီရောဂါပိုးရရှိပြီဆိုရင် ဖျားမယ်၊ တုန်ချမ်းမယ်၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်းများဖြစ်ပေါ်ပြီး နောက်ဆုံးမှာ သေဆုံးသည်အထိ ဖြစ်ပွားတတ်ပါတယ်။ အသက်ရှင်ကျန်သူများမှာ လည်း အကြောသေ/အကြောဆိုင်းခြင်းများ၊ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများနဲ့ ဆိုးကျိုးများကို ခံစားရပါတယ်။ ဒါကြောင့်ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်းကို ဆောင်ရွက်နိုင်ဖို့ ကျန်းမာရေး ဝန်ထမ်းများကိုလည်း မြို့နယ်အလိုက် သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိပါတယ်''ဟု ဒေါက်တာ ဇက်လွမ်းေ ခါင်က ရှင်းလင်းပြော ကြားသည်။

ကချင်ပြည်နယ် အတွင်း၌ ကျောင်းအခြေပြု ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေး ထိုးနှံရေး လုပ်ငန်းကို နိုဝင် ဘာ၁၅ ရက်မှ ၂၃ ရက်အထိဆောင်ရွက်မည် ဖြစ်ပြီး ပြည်သူလူထု အခြေပြု ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းကို ဒီဇင်ဘာ ၁၁ ရက်မှ ၂ဝရက်အထိ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

Read 100 times Last modified on Saturday, 30 September 2017 10:30