SJ WorldNews - шаблон joomla Авто

လစဉ်ပုံမှန် ကာကွယ်ဆေး ထိုးနှံခြင်းနှင့် တိုက်ကျွေးခြင်း ဆောင်ရွက်

Monday, 02 October 2017 10:08 font size decrease font size decrease font size increase font size increase font size

မွေးကင်းစမှ အသက်နှစ်နှစ်အထိ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံ ခြင်းနှင့် တိုက်ကျွေးခြင်း လုပ်ငန်းကို နေပြည်တော် ကောင်စီ နယ်မြေ ဥတ္တရခရိုင် ပုဗ္ဗသီရိမြို့နယ် ဝဏ္ဏဒီပ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့ နံနက် ၉ နာရီတွင် ဆောင်ရွက်ကြောင်း သိရ သည်။

ရှေးဦးစွာ ဝဏ္ဏဒီပရပ်ကွက် သားဖွားဆရာမ ဒေါ်ကေသူရှိန်က ဆေးထိုးဆေး တိုက်ရက်များတွင် ပျက်ကွက်မှုမရှိစေ ရန်၊ ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ အကြောင်း ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို အကြိမ်အရေအတွက် ပြည့်အောင် ထိုးနှံတိုက်ေ ကျွးကြရန် အသိပညာပေး ပြောကြားသည်။

ဆက်လက်၍ မွေးကင်းစမှ အသက်နှစ်နှစ်အထိ ကလေးငယ် ၂၅ ဦးကို လစဉ်ပုံမှန် ကာကွယ်ဆေးနှင့် BCG ကာကွယ် ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင် ရောဂါကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေး အစက်ချနှင့် ပိုလီယိုထိုးဆေး၊ ဝက်သက်ဂျိုက် သိုးကာကွယ်ဆေးနှင့် ကိုယ်ဝန်ေ ဆာင်မိခင် ငါးဦးကို မေးခိုင်ရောဂါ ကာကွယ်ဆေး များထိုးနှံ တိုက်ကျွေးပေးကြောင်း သိရသည်။

Read 30 times Last modified on Tuesday, 10 October 2017 11:54