SJ WorldNews - шаблон joomla Авто

လားရှိုးမြို့၌ ဆီးချိုသွေးချို ရောဂါအကြောင်း ပညာပေး ဆွေးနွေး

Monday, 09 October 2017 09:24 font size decrease font size decrease font size increase font size increase font size

လားရှိုး  အောက်တိုဘာ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့လားရှိုးမိုတယ် ခန်းမ၌ ယမန်နေ့က လူတိုင်းအတွက် ဆီးချိုသွေးချိုရောဂါအကြောင်း ပညာပေးဆွေးနွေးပွဲ ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဒေါက်တာထင်လင်း က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံ ဆီးချိုသွေးချိုရောဂါ အသင်းမှ ဦးတင့်ဆွေလတ်က ဆီးချိုသွေးချိုရောဂါနှင့် ပတ်သက်၍ ကာကွယ်ခြင်း ဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသူများက ဆီးချိုသွေးချိုရောဂါနှင့် ပတ်သက်၍ ဆောင်ရန် ရှောင်ရန်အချက်များကို  မေးမြန်းရာ ဦးတင့်ဆွေလတ်က ပြန်လည်ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာသူများအား  ဆီးချိုသွေးချို ရောဂါရှိ၊ မရှိ သွေးဖောက် စစ်ဆေးခြင်းများ ဆောင်ရွက်ပေးကြောင်း သိရသည်။                  

Read 60 times Last modified on Monday, 09 October 2017 09:24