SJ WorldNews - шаблон joomla Авто

ကမ္ဘောဇအနာဂတ် အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ နှုတ်ခမ်းကွဲနှင့် အာခေါင်ကွဲ ကလေးငယ်များအား တတိယအကြိမ် အခမဲ့ခွဲစိတ် ကုသပေး

Friday, 13 October 2017 08:27 font size decrease font size decrease font size increase font size increase font size

ရန်ကုန် အောက်တိုဘာ ၁၂

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြီးမှူး၍ ကမ္ဘောဇဘဏ်၊ ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်း(BFM)နှင့်  စင်ကာပူနိုင်ငံ အခြေစိုက် Smile Asia ဆေးပညာအဖွဲ့အစည်းတို့ 

ပူးပေါင်းကာ မြန်မာနိုင်ငံတစ်ဝန်းမှ နှုတ်ခမ်းကွဲနှင့် အာခေါင်ကွဲကလေးငယ်များအား တတိယအကြိမ် အခမဲ့ခွဲစိတ်ကုသပေးသည့်   8th International   Friendship   Mission  2017 ကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းရှိ အမျိုးသားသွေးဌာန၌ ကျင်းပသည်။

ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းသည် ၂ဝ၁၆ ခုနှစ်က ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ နှုတ်ခမ်းကွဲနှင့် အာခေါင်ကွဲကလေးငယ်  ၁၁၃ ဦးအား လည်းကောင်း၊ ယခုနှစ် ဖေဖော်ဝါရီလက တောင်ကြီးမြို့၌  နှုတ်ခမ်းကွဲနှင့် အာခေါင်ကွဲ ကလေးငယ် ၈ဝ ဦးအားလည်းကောင်း  အခမဲ့ခွဲစိတ်ကုသပေးခဲ့ပြီး  ယခု တတိယအကြိမ်တွင်   ခွဲစိတ်ကုသရန် ကလေးငယ် ၁ဝ၂ ဦး စာရင်းပေးထားကြောင်း   သိရသည်။

'' Smile Asia ဆေးပညာ အဖွဲ့အစည်း ရဲ့မစ်ရှင်ကို  ၂ဝဝ၁ ခုနှစ်မှာစတင်ခဲ့ပြီး တစ်နှစ်ကို  လူဦးရေတစ်ထောင် ခွဲစိတ်ကုသပေးမယ်လို့  ကတိကဝတ်ပြုခဲ့ကြပါတယ်။ မစ်ရှင်တစ်ခုမှာ လူနာ ၁ဝဝ၊ ၁၂ဝ အားလုံး ခုနစ်ကြိမ်ပြုလုပ်ခဲ့ပြီး  အခုပြုလုပ်တဲ့အကြိမ်က  ရှစ်ကြိမ်ဖြစ်ပါတယ်။  လူနာစုစုပေါင်း ၈ဝဝ နီးပါးခွဲစိတ်ကုသ ပေးခဲ့ပါပြီ'' ဟု   ရန်ကုန်ပြည်သူ့ဆေးရုံကြီး   မျက်နှာ၊ ခံတွင်းမေးရိုးနှင့်  ပြုပြင်မှုဆိုင်ရာ ခွဲစိတ်ကုဌာနမှ   ပါမောက္ခဌာနမှူး   ဒေါက်တာမိုးသူဇာကပြောသည်။

ယခု တတိယအကြိမ်တွင်   ခွဲစိတ်ကုသရန် စာရင်းပေးထားသည့် ကလေးငယ်များအား အောက်တိုဘာ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင်  လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ ဆေးစစ်မှုများပြုလုပ်လျက်ရှိပြီး  အောက်တိုဘာ  ၁၄ ရက် နံနက် ၉  နာရီမှစ၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌  ခွဲစိတ်ကုသမည်ဖြစ်ကြောင်း သိရသည်။

Read 24 times Last modified on Friday, 13 October 2017 08:28