SJ WorldNews - шаблон joomla Авто

စစ်တွေ ဆေးရုံကြီးသို့အမေရိကန်ဒေါ်လာ ၃၆ဝဝဝ ကျော်တန်ဖိုးရှိ ဆေးရုံသုံး ပစ္စည်းများ လှူဒါန်း

Monday, 30 October 2017 08:04 font size decrease font size decrease font size increase font size increase font size

စစ်တွေ  အောက်တိုဘာ  ၂၉

စစ်တွေမြို့ အထွေထွေရောဂါကု ဆေးရုံကြီးသို့ အမေရိကန်နိုင်ငံ အခြေစိုက် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး အဖွဲ့က အမေရိကန်ဒေါ်လာ ၃၆ဝဝဝကျော် တန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းများ လှူဒါန်းပေး အပ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။

အခမ်းအနားတွင်  ဆေးတက္ကသိုလ်(၁) အရိုးခွဲစိတ်အထူးကုဆရာကြီး ပါမောက္ခ ဒေါက်တာအောင်သိန်းဌေး က ''ယခုလာရောက်လှူဒါန်းတဲ့ ပစ္စည်းတွေက ဆေးရုံတွေအတွက် လိုအပ်တဲ့ပစ္စည်းတွေဖြစ်ပြီးတော့ ခွဲစိတ်ကုသရာမှာ များစွာအထောက်အကူပြုတဲ့ ကိရိယာတွေ ပါဝင်ပါတယ်။ အမေရိကန်နိုင်ငံ အခြေစိုက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး အဖွဲ့က စစ်တွေအထွေထွေရောဂါကု ဆေးရုံကြီးသို့ လှူဒါန်းပေးရန်  အကူအညီ တောင်းခံတဲ့အတွက် မိမိကျွမ်းကျင်တဲ့ ဆေးပညာနဲ့ ကုသဖို့သွားရောက်တဲ့ အချိန်မှာ လာရောက်လှူဒါန်းခြင်းဖြစ်ပါတယ်''ဟု ပြောသည်။

ယင်းနောက် ခွဲစိတ်ခန်းသုံး ပစ္စည်းများကို ပါမောက္ခဒေါက်တာအောင်သိန်းဌေးက ပေးအပ်လှူဒါန်းရာ ပြည်နယ်ကုသရေး ဦးစီးဌာနဦးစီးမှူး ဒေါက်တာ ဦးရွှေသိန်းနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။

ထို့နောက် ရခိုင်ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာချမ်းသာက ရခိုင်ပြည်နယ်တွင် လိုအပ်သည့် ဆေးရုံသုံး ခွဲစိတ်ကိရိယာပစ္စည်းများ လာရောက်လှူဒါန်းခြင်း အတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း  သိရသည်။                       

Read 19 times Last modified on Monday, 30 October 2017 08:04