SJ WorldNews - шаблон joomla Авто

လူနာစောင့်နားနေဆောင် သုံးထပ် အဆောက်အအုံ ဆောက်လုပ်နိုင်ရေး အလှူငွေ ပေးအပ်

Monday, 30 October 2017 08:45 font size decrease font size decrease font size increase font size increase font size

ဗိုလ်တထောင် အောက်တိုဘာ ၂၉

ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီး ဂန္ဒီဆေးရုံ၌ လာရောက်ဆေးကုသမှု ခံယူကြသည့် လူနာများနှင့်အတူ ပါရှိကြမည့် လူနာစောင့်များ စိတ်အေးချမ်းသာစွာ နားနေနိုင်ရန် ရည်ရွယ်၍ လူနာစောင့်နားနေဆောင် သုံးထပ်ဆောင် ဆောက်လုပ်နိုင်ရေး အလှူငွေပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီက ရန်ကုန်တိုင်း ဒေသကြီး ဗိုလ်တထောင်မြို့နယ် YMCA ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ဆေးရုံဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီနာယက ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေစိုးက အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် လူနာစောင့်နားနေဆောင် ဆောက်လုပ်နိုင်ရေးအတွက် ရွှေသံလွင်ကုမ္ပဏီက ငွေကျပ်သိန်း ၁ဝဝ အပါအဝင် အလှူရှင်များ၏ ထည့်ဝင်လှူဒါန်းငွေ စုစုပေါင်းငွေကျပ် ၁၇၇၅၈ဝဝဝ  ပေးအပ် လှူဒါန်းရာ ဗိုလ်တထောင်မြို့နယ်  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေစိုးနှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

ဆက်လက်၍ မြစ်ကြီးနားဆေးရုံသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်မည့် ရန်ကုန်အရှေ့ပိုင်း ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဘုန်းမော်အား တက်ရောက်လာကြသူများက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကြောင်း သိရသည်။

Read 29 times Last modified on Monday, 30 October 2017 08:46