SJ WorldNews - шаблон joomla Авто

မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များ အသင်း နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေး ကျင်းပ

Friday, 11 August 2017 11:04 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  သြဂုတ်  ၁ဝ

မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း ကုန်သည်များနှင့်  လုပ်ငန်းရှင်များ အသင်း၏ (၁၅)ကြိမ်မြောက်  နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းကရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ  ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ   ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၌ ကျင်းပသည်။

ရှေးဦးစွာ   မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း ကုန်သည်များနှင့်   လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ   ဒေါက်တာဝင်းစည်သူနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ  ဦးဇော်မင်းဝင်းတို့က အမှာစကားများ ပြောကြားပြီး အသင်းသားများ၏  ကြိုတင်ပေးပို့ထားသည့် မေးမြန်းချက်နှင့် အကြံပြုချက်များကို  တာဝန်ရှိသူများက  ဖြေကြားသည်။

အသင်းအနေဖြင့်    ဘေးဥပဒ်ကင်းရှင်းကာ အကျိုးသက်ရောက်မှုရှိသော ဆေးဝါးများကို အများပြည်သူသုံးစွဲနိုင်ရန်၊   ပြည်သူလူထု၏ ကျန်းမာရေးအဆင့်  တိုးတက်လာရေးအတွက် ရှေးရှုဆောင်ရွက်ရန်၊ ဆေးနှင့်ဆေးပစ္စည်း ဝယ်ယူရောင်းချရာတွင် နိုင်ငံတော်က ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို   လိုက်နာဆောင်ရွက်ရန်၊ ဆေးနှင့်ဆေးပစ္စည်းများ ရောင်းဝယ်ရေး လုပ်ငန်းများကို ခေတ်မီကုန်သွယ်မှု နည်းစနစ် များနှင့် အညီ တိုးတက်ရန်၊ တရားမဝင် တင်သွင်းမှုအား တားဆီးရန်၊ ပြည်သူများအတွက် လိုအပ်သည့် ဆေးဝါး၊ လိုအပ်သည့်နေရာ၊ လိုအပ်သည့်အချိန်တွင် ဖြန့်ဖြူးရောင်းချနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါအသင်းကို ၁၉၉၂ ခုနှစ်က စတင် ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် အသင်းဝင်ပေါင်း  ၇၇၈ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။                      

Read 83 times Last modified on Friday, 11 August 2017 11:05