SJ WorldNews - шаблон joomla Авто

ရာသီ တုပ်ကွေးကို အနိုင်ယူနိုင်မည့် နည်းလမ်းများ

Friday, 11 August 2017 12:44 font size decrease font size decrease font size increase font size increase font size

လူတို့ရောဂါရခြင်းမှာ ရောဂါပိုးများ လူ့ခန္ဓာကိုယ်အတွင်းသို့ တစ်နည်းနည်းဖြင့် ဝင်ရောက်လာခြင်းကြောင့် ဖြစ်ရသည်။ လူခန္ဓာအတွင်း ရောဂါပိုးများ ဝင်ရောက်နိုင်သော လမ်းကြောင်း အသွယ်သွယ်ရှိရာ အသက်ရှူလမ်းကြောင်းသည်  တစ်ခုအပါအဝင်ဖြစ်သည်။ ယနေ့ ကျွန်တော်တို့ မြန်မာနိုင်ငံတွင် အရေးကြီးရောဂါ ဖြစ်လာနေသော ရာသီတုပ်ကွေး ရောဂါနှင့် အများသိကြသော သာမန်အအေးမိ ရောဂါတို့သည် အသက်ရှူလမ်းကြောင်းမှ ဗိုင်းရပ်ပိုးဝင်ရောက်၍ရ သောရောဂါများ ဖြစ်ကြသည်။

သာမန်အအေးမိရောဂါ၏ ရောဂါလက္ခဏာများမှာ တုပ်ကွေးရောဂါနှင့် ဆင်တူသော် ရာသီ တုပ်ကွေးကို အနိုင်ယူနိုင်မည့် နည်းလမ်းများ

လူတို့ရောဂါရခြင်းမှာ ရောဂါပိုးများ လူ့ခန္ဓာကိုယ်အတွင်းသို့ တစ်နည်းနည်းဖြင့် ဝင်ရောက်လာခြင်းကြောင့် ဖြစ်ရသည်။ လူခန္ဓာအတွင်း ရောဂါပိုးများ ဝင်ရောက်နိုင်သော လမ်းကြောင်း အသွယ်သွယ်ရှိရာ အသက်ရှူလမ်းကြောင်းသည်  တစ်ခုအပါအဝင်ဖြစ်သည်။ ယနေ့ ကျွန်တော်တို့ မြန်မာနိုင်ငံတွင် အရေးကြီးရောဂါ ဖြစ်လာနေသော ရာသီတုပ်ကွေး ရောဂါနှင့် အများသိကြသော သာမန်အအေးမိ ရောဂါတို့သည် အသက်ရှူလမ်းကြောင်းမှ ဗိုင်းရပ်ပိုးဝင်ရောက်၍ရ သောရောဂါများ ဖြစ်ကြသည်။

သာမန်အအေးမိရောဂါ၏ ရောဂါလက္ခဏာများမှာ တုပ်ကွေးရောဂါနှင့် ဆင်တူသော်လည်း ရောဂါဖြစ်စေသည့် ဗိုင်းရပ် ပိုးအမျိုးအစားချင်း မတူကြပါ။ အအေးမိရောဂါ ဖြစ်စေသော အဓိက ဗိုင်းရပ်ပိုးတို့မှာ ရိုင်နိုဗိုင်းရပ်နှင့် အက်ဒီနိုဗိုင်းရပ် တို့ ဖြစ်ကြသည်။ သာမန် အအေးမိရောဂါတွင် နှာပိတ်ခြင်း၊ နှာရည်ယိုခြင်းတို့ကိုပို၍ တွေ့ရသည်။ စစ်ဆေးကြည့်ပါက နှာခေါင်းအတွင်းသားများ ရောင်ရမ်းခြင်းကို တွေ့နိုင်ပါသည်။ တုပ်ကွေးရောဂါတွင် အဖျားကြီးခြင်း 38°C အထက် နှင့် ကိုယ်လက်ကိုက်ခဲမှုပြင်းထန်ခြင်း၊ ချွေးထွက်မှုနှင့် မမျှသော ကိုယ်လက်မအီမသာ နုံးခွေခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ တစ်ခါတစ်ရံ ဝမ်းလျှောတတ်ခြင်းတို့ကို တွေ့နိုင်သည်။ ယခုမိုးရာသီတွင် အဖြစ်များသော ရော ဂါမှာ သာမန်အအေးမိရောဂါက အများစု ဖြစ်နေပါလိမ့်မည်။ (B) အမျိုးအစား တုပ်ကွေးရောဂါလည်း ပါနိုင်ပါသည်။

 

ရာသီတုပ်ကွေးအကြောင်း အကျဉ်းတင်ပြပါမည်။ ရောဂါဖြစ်စေသော ဗိုင်းရပ်ပိုးမှာ အော်သိုမစ်ဆို ဗိုင်းရပ်ပိုးဖြစ်သည်။ တုပ်ကွေးရောဂါတွင် အမျိုးအစား သုံးမျိုး (A, B, C) ရှိသည်။ (B) နှင့် (C)သည် လူ၌သာဖြစ်ပွားသည်။ (A) အမျိုးအစားသည် လူနှင့်အခြားနို့ တိုက် သတ္တဝါများ  ဝက်၊ မြင်းတို့အပြင် ငှက်တို့၌ပါ ဖြစ်ပွားသည်။

(A)အမျိုးအစား ဗိုင်းရပ်ပိုး၏ အကာ၌ ပဋိလှုံ့ပစ္စည်း Haemagglutinin (H)နှင့် အင်ဇိုင်း Neuraminidase(N) တို့ပါဝင်သည်။ ယင်းတို့က လက်ခံကောင်၏ အသက်ရှူလမ်းကြောင်း ဆဲလ်အလွှာတွင် တွယ်ကပ်ပြီးရောဂါကို ခုခံနိုင်သော ပဋိပစ္စည်းများ ထွက်လာစေ ပါသည်။ ပဋိလှုံ့ပစ္စည်း H နှင့် Nတို့၏ အကြီးစားပြောင်းလဲမှုတို့က  ကမ္ဘာလုံးဆိုင်ရာကပ် ရောဂါဖြစ်စေနိုင်သည်ဟု ပညာရှင်တို့က ဆိုသည်။

ယနေ့ ရာသီတုပ်ကွေးဖြစ်လာသော H1 နှင့် N1 သည် ၂ဝဝ၉ ခုနှစ် မတ်လတွင် မက္ကစီကိုစီးတီးမှ စတင်ဖြစ်ပွားလာ သည်။ မြောက်အမေရိကဝက်၊ လူနှင့်ကြက်ငှက်ဗိုင်းရပ်တို့ ပေါင်းစပ်ဖလှယ်ပြီး ရာသီလူတုပ်ကွေး (A H1N1 pdm 09) ဖြစ်လာသည်ဟု ယူဆကြ သည်။ ယခုအချိန်၌ လူသည် သိုလှောင်လက်ခံရာ ဖြစ်နေပြီး လူမှလူသို့ အချင်းချင်း ကူးစက် နေပြီဖြစ်၍ ဝက်တုပ်ကွေးမဟုတ်တော့ပါ။ မက္ကစီကိုစီးတီးမှ အစပြု၍ အမေရိကန် ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံသို့ ပျံ့နှံ့သွားသည်။ ၂ဝဝ၉ ခုနှစ် အလယ်ပိုင်းတွင် ကမ္ဘာ့နိုင်ငံပေါင်း ၄ဝ သို့ ရောက်ရှိပြန့်ပွားသွားသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ကကမ္ဘာ့ကပ်ရောဂါအဖြစ် ၂ဝဝ၉ ခုနှစ် ဇွန် ၁၁ ရက်တွင် စတင်ကြေညာခဲ့ပြီး၂ဝ၁ဝ ပြည့်နှစ် သြဂုတ် ၁ဝရက်ကျော်မှသာ ကမ္ဘာ့ကပ်ရောဂါအဖြစ်က ရုပ်သိမ်းပေးခဲ့သည်။ A H1N1 pdm 09 ဗိုင်းရပ်ပိုးသည် အသက်ရှူ လမ်းကြောင်းပေါ်ရှိ ဆဲလ်လွှာများကို သေစေသည်။ ထိုဆဲလ်လွှာများ သေဆုံးသည့်အတွက် ဗက်တီးရီးယား ရောဂါပိုးများ ထပ်ဆင့်ဝင်ရောက်မှု လွယ်ကူစေရန် အားပေးသည်။ ဝင်ရောက်လာသော ဗက်တီးရီး ယားပိုးများက ထုတ်ပေး သည့် အင်ဇိုင်းများသည် ဗိုင်းရပ်ပိုးကို လှုံ့ဆော်အားပေးကြောင်း တွေ့ရသည်။  ဗိုင်းရပ်ပိုးကြောင့် လေအိပ်များ ပျက်စီး မှုရှိသည့်အတွက် အန္တရာယ် ကြီးမားခြင်းဖြစ်သည်။

ရာသီတုပ်ကွေးရောဂါကို အောင်မြင်စွာ ကာကွယ်နိုင်မည့် နည်းလမ်းများကို တင်ပြပါမည်။

ထိရောက်သော နည်းလမ်းတစ်ခုမှာ ကာကွယ်ဆေး ထိုးခြင်းဖြစ်သည်။ ကာကွယ်ဆေးများတွင် ပိုးတစ်မျိုးတည်းအတွက် ထုတ်လုပ်သောဆေး၊ ပိုးသုံးမျိုးအတွက် ထုတ်လုပ်သော ဆေးစသည်တို့ ရှိပါသည်။ ကာကွယ်ဆေးထိုးထား သူ လူဦးရေ ၁ဝဝ တွင် ၇ဝ ရာခိုင်နှုန်းအတွက် ထိရောက်မှုရှိပြီး  ကာကွယ်မှုသက်တမ်း တစ်နှစ်ရှိသည်ဟု သိရသည်။ ကာကွယ်ဆေးထိုးရန် လိုအပ်သူများမှာ ကျန်းမာရေး ဝန်ထမ်းများ၊ အသက် ၆၅ နှစ်အထက် သက်ကြီးများ၊ ကိုယ်ဝန် ဆောင်မိခင်များ၊ နာတာရှည်ရောဂါ အခံရှိသူများ၊ ပန်းနာရင်ကျပ်ရောဂါ အပါအဝင် ကိုယ်ခံစွမ်းအားကျရောဂါ ခံစားနေ ရသူများနှင့် ကိုယ်အင်္ဂါအစားထိုးထားသူတို့ ဖြစ်ကြသည်။ ကာကွယ်ဆေးထိုးရန်အတွက် ဆေးပညာရှင်တို့နှင့် တိုင်ပင်ရန်လိုသည်။

 ၂ဝဝ၉ ခုနှစ် တုပ်ကွေးရောဂါ ကမ္ဘာလုံးဆိုင်ရာ ကပ်ဖြစ်ပေါ်ချိန်က လူထုအားပညာပေးခဲ့သော စာပဒေသာမဂ္ဂဇင်းပါ မှတ်သားဖွယ်ရာ အချက်များကို အကျဉ်းချုံး တင်ပြလိုက်ပါသည်။

၁။ လက်ဆေးပါ၊ မကြာခဏဆေးနိုင်လျှင် ပိုကောင်းပါသည်။ အမေရိကန်ရေတပ် သုတေသန၏ စစ်တမ်းအရ တပ် သားသစ် ၄ဝဝဝဝ အားတစ်နေ့လျှင် ငါးကြိမ် လက်ဆေးစေသည့်အတွက် အသက်ရှူလမ်းကြောင်းဆိုင်ရာ မကျန်းမာမှု များ   ၄၅  ရာခိုင်နှုန်းအထိ လျော့ကျသွားသည်ကို တွေ့ရသည်ဟု ဆိုပါသည်။ တုပ်ကွေးရောဂါသည် ချောင်းဆိုးခြင်း၊ နမ်းရှုပ်ခြင်းတို့မှ ကူးစက်နိုင်သော်လည်း အဓိကကူးစက်ခြင်းသည် လက်ချင်းထိတွေ့ခြင်း၊ ရောဂါပိုးကပ်ငြိနေသော အရာဝတ္ထုများ (တံခါးလက်ကိုင်၊ လှေကားလက်ရန်း၊ နံရံ၊ အစားအသောက်ထည့်ရာ ပန်းကန်၊ အိုးခွက်)စသည်တို့နှင့် လက်ထိတွေ့ပြီး ရောဂါပိုး ကပ်ငြိနေသော လက်နှင့်ပါးစပ်၊ နှာခေါင်းတို့ကို ထိမိ၊ကိုင်မိပါက ကူးစက်သွားနိုင်သည်ဟု သိရသည်။ ထို့အတွက် လက်ဆေးခြင်းသည် အဓိက ကျနေခြင်းဖြစ်သည်။ ရေနှင့်ဆပ်ပြာမလို သော Hand Sanitiser Gel များသည်လည်း  အိပ်ဆောင်အဖြစ် အသုံးပြုရန် သင့်လျော်သည်။ ရောဂါပိုးများသည် အရာဝတ္ထုများပေါ်၌ နာရီ နှင့်ချီ၍ကြာအောင် အသက်ရှင်နိုင်သည်ဟု သိရသည်။

 

၂။ လက်သည်းထိပ်များကို ညစဉ်ဆေးကြောပေးရန်၊ လက်သည်းထိပ်များသည် ရောဂါပိုးများ ခိုအောင်းရာနေရာ ဖြစ် ပါသည်။

 ၃။ သွားပွတ်တံများကို နှစ်လ သို့မဟုတ် သုံးလတစ်ခါ လဲပါ။ အအေးမိရောဂါရပြီးနောက်  သွားပွတ်တံ အသစ်လဲရန် လည်း အကြံပြုသည်။

 ၄။ မျက်စိအား ပွတ်လိုပါက လက်ခေါက်ကို အသုံးပြုပါ။ လက်ဖျားထိပ်နှင့်စာလျှင် ရောဂါပိုးကပ်ငြိမှုနည်းပါသည်။ မျက် စိမှ ရောဂါပိုးဝင်နိုင်သည်။ လူတစ်ဦးတစ်နေ့လျှင် မျက်စိ၊ နှာခေါင်း ပွတ်သောအကြိမ် ၂ဝ မှ ၅ဝ အထိ ရှိသည်ဟု သိရ သည်။

 ၅။ တုပ်ကွေးရာသီချိန်၌ မျက်နှာသုတ်ပဝါ၊ တဘက်များကို သုံးရက်တစ်ခါလဲပါ။ လျှော်ဖွပ်လျှင် ရေနွေးကိုအသုံးပြုပါ။

 ၆။ အခန်းထဲသို့ သန့်ရှင်းလတ်ဆတ်သောလေ ဝင်ရောက်နိုင်စေရန် ပြတင်းများကို စီမံထားပါ။

 ၇။ နှာချေ၊ ချောင်းဆိုးရန် တစ်ရှူးစက္ကူ အလွယ်မပါရှိပါက တံတောင်ဆစ်ကွေးနှင့် အုပ်ကာပြီး နှာချေ၊ ချောင်းဆိုးရန်။

 ၈။ တစ်ပတ်တစ်ကြိမ် ဆောင်နာရေနွေးငွေ့ လှုံခန်းဝင်ပါ။ ဆောင်နာလေပူများသည် ရောဂါပိုးများကို သေစေနိုင် သည်။

 ၉။ အားကစား လေ့ကျင့်ခန်းလုပ်ပါ။ အားကစား မလုပ်သူများနှင့် နှိုင်းယှဉ်ပါက အအေးမိခံရခြင်းမှ နှစ်ဆ၊သုံးဆ သက်သာစေနိုင်သည်။

 ၁ဝ။ စိတ်ဖိစီးမှုနည်းစေရန် တစ်နေ့တစ်ကြိမ် တရားထိုင်၊ တရားမှတ်ခြင်း ပြုလုပ်ပါ။ စိတ်ဖိစီးမှုများသူတို့၌ အအေးမိ ခြင်းနှစ်ဆ ပိုများကြောင်း တွေ့ရသည်။

 ၁၁။ အခန်းတွင်း စိုထိုင်းဆတိုင်းရန် Hygrometer တပ်ဆင်ပါ။ စိုထိုင်းဆ ၅ဝ ရာခိုင်နှုန်းသည် အကောင်းဆုံးဖြစ် သည်။ ၄ဝ ရာခိုင်နှုန်းဖြစ်ပါက ဗိုင်းရပ်ပိုးများ မြန်မြန်ပျံ့လွယ်သည်။ ရေနွေးငွေ့လွှတ် ကိရိယာကို သုံးနိုင်သည်။ စိုထိုင်းဆ ၆ဝ ရာခိုင်နှုန်းအထက် ဖြစ်ပါက မှို၊ ဖားဥစွဲတတ်သည်။

 ၁၂။ အအေးမိသက်သာ၊ ကာကွယ်စေသော အစားအစာများ

 (က) ဒိန်ချဉ် တစ်နေ့တစ်ခွက် သောက်ခြင်း

 (ခ) ကြက်သွန်ဖြူ အစိမ်း သို့မဟုတ် Oven ဖြင့် မီးကင်စားခြင်း

 (ဂ) အိချိနားစီးယား ဆေးပြောင်းပန်း အဆီအနှစ် သောက်ခြင်း (စကားချပ်/ Fame ဆေးဝါးလုပ်ငန်းမှ ထုတ်လုပ်ထား သည်ကို တွေ့ရသည်။)

 (ဃ) ဇင့်ပါငုံဆေးများသုံးခြင်း

 (င) Probiotic သဘာဝပိုးများပါသော ဆေးတောင့်၊ ဆေးမှုန့်များ သောက်သုံးခြင်း စာပဒေသာမဂ္ဂဇင်းပါ လမ်းညွှန် အကြံပေးချက်များတွင် နှာခေါင်းစည်း (Mask) အသုံးပြုခြင်းကို ညွှန်းမထားပါ။ သို့သော် ကျွမ်းကျင်ပညာရှင်တို့က သာမန်ပြည်သူများ အနေဖြင့် အသုံးပြုလိုပါလျှင် ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းများကို ညွှန်းသည်။ အထူး Mask N-95 သည် ရောဂါပိုးရှိသူများအား စောင့်ရှောက်ရသူ ကျန်းမာရေး ဝန်ထမ်းများအတွက် ပိုမိုသင့်လျော်လိမ့်မည်ဟု ဆိုပါသည်။

 အောက်ပါ လက္ခဏာများ ပေါ်ပေါက်လာပါက နီးစပ်ရာဆေးရုံ၊ဆေးခန်းများသို့ ပြသကုသမှု ခံယူရန်လိုပါသည်။

 (၁) အဖျားကြီးခြင်း

 (၂) အသက်ရှူကျပ်ခြင်း

 (၃) စိတ်ပိုင်းဆိုင်ရာ အခြေအနေ ပြောင်းလဲခြင်း

 နိဂုံးချုပ်အနေဖြင့် အမိုးအကာတို့ဖြင့် ဝန်းရံထားသောနေရာများ- ဥပမာ- ဘားတိုက် ၊ သင်္ဘော၊ ကျောင်းဘတ်စ်ကား၊ ဟိုင်းဝေးဘတ်စ်ကား၊ ရုပ်ရှင်ရုံ စသည်တို့တွင် လူစုလူဝေးဖြင့် နေထိုင်အလုပ်လုပ်သူများ၊ ခရီးသွားသူများ အထူးသတိပြု ကာကွယ်ရန် လိုမည်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။  ဒေါက်တာ ကျော်ကျော်မင်း

 

လည်း ရောဂါဖြစ်စေသည့် ဗိုင်းရပ် ပိုးအမျိုးအစားချင်း မတူကြပါ။ အအေးမိရောဂါ ဖြစ်စေသော အဓိက ဗိုင်းရပ်ပိုးတို့မှာ ရိုင်နိုဗိုင်းရပ်နှင့် အက်ဒီနိုဗိုင်းရပ် တို့ ဖြစ်ကြသည်။ သာမန်အအေးမိရောဂါတွင် နှာပိတ်ခြင်း၊ နှာရည်ယိုခြင်းတို့ကိုပို၍ တွေ့ရသည်။ စစ်ဆေးကြည့်ပါက နှာခေါင်းအတွင်းသားများ ရောင်ရမ်းခြင်းကို တွေ့နိုင်ပါသည်။ တုပ်ကွေးရောဂါတွင် အဖျားကြီးခြင်း 38°C အထက် နှင့် ကိုယ်လက်ကိုက်ခဲမှုပြင်းထန်ခြင်း၊ ချွေးထွက်မှုနှင့် မမျှသော ကိုယ်လက်မအီမသာ နုံးခွေခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ တစ်ခါတစ်ရံ ဝမ်းလျှောတတ်ခြင်းတို့ကို တွေ့နိုင်သည်။ ယခုမိုးရာသီတွင် အဖြစ်များသော ရော ဂါမှာ သာမန်အအေးမိရောဂါက အများစု ဖြစ်နေပါလိမ့်မည်။ (B) အမျိုးအစား တုပ်ကွေးရောဂါလည်း ပါနိုင်ပါသည်။

ရာသီတုပ်ကွေးအကြောင်း အကျဉ်းတင်ပြပါမည်။ ရောဂါဖြစ်စေသော ဗိုင်းရပ်ပိုးမှာ အော်သိုမစ်ဆို ဗိုင်းရပ်ပိုးဖြစ် သည်။ တုပ်ကွေးရောဂါတွင် အမျိုးအစား သုံးမျိုး (A, B, C) ရှိသည်။ (B) နှင့် (C)သည် လူ၌သာဖြစ်ပွားသည်။ (A) အ မျိုးအစားသည် လူနှင့်အခြားနို့တိုက် သတ္တဝါများ  ဝက်၊ မြင်းတို့အပြင် ငှက်တို့၌ပါ ဖြစ်ပွားသည်။

(A)အမျိုးအစား ဗိုင်းရပ်ပိုး၏ အကာ၌ ပဋိလှုံ့ပစ္စည်း Haemagglutinin (H)နှင့် အင်ဇိုင်း Neuraminidase(N) တို့ပါဝင် သည်။ ယင်းတို့က လက်ခံကောင်၏ အသက်ရှူလမ်းကြောင်း ဆဲလ်အလွှာတွင်  တွယ်ကပ်ပြီးရောဂါကို ခုခံနိုင်သော ပဋိပစ္စည်းများ ထွက်လာစေပါသည်။ ပဋိလှုံ့ပစ္စည်း H နှင့် Nတို့၏ အကြီးစားပြောင်းလဲမှုတို့က  ကမ္ဘာလုံးဆိုင်ရာကပ် ရောဂါဖြစ်စေနိုင်သည်ဟု ပညာရှင်တို့က ဆိုသည်။

ယနေ့ ရာသီတုပ်ကွေးဖြစ်လာသော H1 နှင့် N1 သည် ၂ဝဝ၉ ခုနှစ် မတ်လတွင် မက္ကစီကိုစီးတီးမှ စတင်ဖြစ်ပွားလာ သည်။ မြောက်အမေရိကဝက်၊ လူနှင့်ကြက်ငှက်ဗိုင်းရပ်တို့ ပေါင်းစပ်ဖလှယ်ပြီး ရာသီလူတုပ်ကွေး (A H1N1 pdm 09) ဖြစ်လာသည်ဟု ယူဆကြသည်။ ယခုအချိန်၌ လူသည် သိုလှောင်လက်ခံရာ ဖြစ်နေပြီး လူမှလူသို့ အချင်းချင်း ကူးစက် နေပြီဖြစ်၍ ဝက်တုပ်ကွေးမဟုတ်တော့ပါ။ မက္ကစီကိုစီးတီးမှ အစပြု၍ အမေရိကန် ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံသို့ ပျံ့နှံ့သွားသည်။ ၂ဝဝ၉ ခုနှစ် အလယ်ပိုင်းတွင် ကမ္ဘာ့နိုင်ငံပေါင်း ၄ဝ သို့ ရောက်ရှိပြန့်ပွားသွားသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ကကမ္ဘာ့ကပ်ရောဂါအဖြစ် ၂ဝဝ၉ ခုနှစ် ဇွန် ၁၁ ရက်တွင် စတင်ကြေညာခဲ့ပြီး၂ဝ၁ဝ ပြည့်နှစ် သြဂုတ် ၁ဝရက်ကျော်မှသာ ကမ္ဘာ့ကပ်ရောဂါအဖြစ်က ရုပ်သိမ်းပေးခဲ့သည်။ A H1N1 pdm 09 ဗိုင်းရပ်ပိုးသည် အသက်ရှူ လမ်းကြောင်းပေါ်ရှိ ဆဲလ်လွှာများကို သေစေသည်။ ထိုဆဲလ်လွှာများ သေဆုံးသည့်အတွက် ဗက်တီးရီးယား ရောဂါပိုး များ ထပ်ဆင့်ဝင်ရောက်မှု လွယ်ကူစေရန် အားပေးသည်။ ဝင်ရောက်လာသော ဗက်တီးရီးယားပိုးများက ထုတ်ပေး သည့် အင်ဇိုင်းများသည် ဗိုင်းရပ်ပိုးကို လှုံ့ဆော်အားပေးကြောင်း တွေ့ရသည်။  ဗိုင်းရပ်ပိုးကြောင့် လေအိပ်များ ပျက်စီး မှုရှိသည့်အတွက် အန္တရာယ် ကြီးမားခြင်းဖြစ်သည်။

ရာသီတုပ်ကွေးရောဂါကို အောင်မြင်စွာ ကာကွယ်နိုင်မည့် နည်းလမ်းများကို တင်ပြပါမည်။

ထိရောက်သော နည်းလမ်းတစ်ခုမှာ ကာကွယ်ဆေး ထိုးခြင်းဖြစ်သည်။ ကာကွယ်ဆေးများတွင် ပိုးတစ်မျိုးတည်း အတွက် ထုတ်လုပ်သောဆေး၊ ပိုးသုံးမျိုးအတွက် ထုတ်လုပ်သော ဆေးစသည်တို့ ရှိပါသည်။ ကာကွယ်ဆေးထိုးထား သူ လူဦးရေ ၁ဝဝ တွင် ၇ဝ ရာခိုင်နှုန်းအတွက် ထိရောက်မှုရှိပြီး  ကာကွယ်မှုသက်တမ်း တစ်နှစ်ရှိသည်ဟု သိရသည်။ ကာကွယ်ဆေးထိုးရန် လိုအပ်သူများမှာ ကျန်းမာရေး ဝန်ထမ်းများ၊ အသက် ၆၅ နှစ်အထက် သက်ကြီးများ၊ ကိုယ်ဝန် ဆောင်မိခင်များ၊ နာတာရှည်ရောဂါ အခံရှိသူများ၊ ပန်းနာရင်ကျပ်ရောဂါ အပါအဝင် ကိုယ်ခံစွမ်းအားကျရောဂါ ခံစားနေ ရသူများနှင့် ကိုယ်အင်္ဂါအစားထိုးထားသူတို့ ဖြစ်ကြသည်။ ကာကွယ်ဆေးထိုးရန်အတွက် ဆေးပညာရှင်တို့နှင့် တိုင်ပင် ရန်လိုသည်။

၂ဝဝ၉ ခုနှစ် တုပ်ကွေးရောဂါ ကမ္ဘာလုံးဆိုင်ရာ ကပ်ဖြစ်ပေါ်ချိန်က လူထုအားပညာပေးခဲ့သော စာပဒေသာမဂ္ဂဇင်းပါ မှတ်သားဖွယ်ရာ အချက်များကို အကျဉ်းချုံး တင်ပြလိုက်ပါသည်။

၁။ လက်ဆေးပါ၊ မကြာခဏဆေးနိုင်လျှင် ပိုကောင်းပါသည်။ အမေရိကန်ရေတပ် သုတေသန၏ စစ်တမ်းအရ တပ် သားသစ် ၄ဝဝဝဝ အားတစ်နေ့လျှင် ငါးကြိမ် လက်ဆေးစေသည့်အတွက် အသက်ရှူလမ်းကြောင်းဆိုင်ရာ မကျန်းမာမှု များ   ၄၅  ရာခိုင်နှုန်းအထိ လျော့ကျသွားသည်ကို တွေ့ရသည်ဟု ဆိုပါသည်။ တုပ်ကွေးရောဂါသည် ချောင်းဆိုးခြင်း၊ နမ်းရှုပ်ခြင်းတို့မှ ကူးစက်နိုင်သော်လည်း အဓိကကူးစက်ခြင်းသည် လက်ချင်းထိတွေ့ခြင်း၊ ရောဂါပိုးကပ်ငြိနေသော အ ရာဝတ္ထုများ (တံခါးလက်ကိုင်၊ လှေကားလက်ရန်း၊ နံရံ၊ အစားအသောက်ထည့်ရာ ပန်းကန်၊ အိုးခွက်)စသည်တို့နှင့် လက်ထိတွေ့ပြီး ရောဂါပိုး ကပ်ငြိနေသော လက်နှင့်ပါးစပ်၊ နှာခေါင်းတို့ကို ထိမိ၊ကိုင်မိပါက ကူးစက်သွားနိုင်သည်ဟု သိရသည်။ ထို့အတွက် လက်ဆေးခြင်းသည် အဓိက ကျနေခြင်းဖြစ်သည်။ ရေနှင့်ဆပ်ပြာမလို သော Hand Sanitiser Gel များသည်လည်း  အိပ်ဆောင်အဖြစ် အသုံးပြုရန် သင့်လျော်သည်။ ရောဂါပိုးများသည် အရာဝတ္ထုများပေါ်၌ နာရီ နှင့်ချီ၍ကြာအောင် အသက်ရှင်နိုင်သည်ဟု သိရသည်။

၂။ လက်သည်းထိပ်များကို ညစဉ်ဆေးကြောပေးရန်၊ လက်သည်းထိပ်များသည် ရောဂါပိုးများ ခိုအောင်းရာနေရာ ဖြစ် ပါသည်။

၃။ သွားပွတ်တံများကို နှစ်လ သို့မဟုတ် သုံးလတစ်ခါ လဲပါ။ အအေးမိရောဂါရပြီးနောက်  သွားပွတ်တံ အသစ်လဲရန် လည်း အကြံပြုသည်။

၎။ မျက်စိအား ပွတ်လိုပါက လက်ခေါက်ကို အသုံးပြုပါ။ လက်ဖျားထိပ်နှင့်စာလျှင် ရောဂါပိုးကပ်ငြိမှုနည်းပါသည်။ မျက် စိမှ ရောဂါပိုးဝင်နိုင်သည်။ လူတစ်ဦးတစ်နေ့လျှင် မျက်စိ၊ နှာခေါင်း ပွတ်သောအကြိမ် ၂ဝ မှ ၅ဝ အထိ ရှိသည်ဟု သိရ သည်။

၅။ တုပ်ကွေးရာသီချိန်၌ မျက်နှာသုတ်ပဝါ၊ တဘက်များကို သုံးရက်တစ်ခါလဲပါ။ လျှော်ဖွပ်လျှင် ရေနွေးကိုအသုံးပြုပါ။

၆။ အခန်းထဲသို့ သန့်ရှင်းလတ်ဆတ်သောလေ ဝင်ရောက်နိုင်စေရန် ပြတင်းများကို စီမံထားပါ။

၇။ နှာချေ၊ ချောင်းဆိုးရန် တစ်ရှူးစက္ကူ အလွယ်မပါရှိပါက တံတောင်ဆစ်ကွေးနှင့် အုပ်ကာပြီး နှာချေ၊ ချောင်းဆိုးရန်။

၈။ တစ်ပတ်တစ်ကြိမ် ဆောင်နာရေနွေးငွေ့ လှုံခန်းဝင်ပါ။ ဆောင်နာလေပူများသည် ရောဂါပိုးများကို သေစေနိုင် သည်။

၉။ အားကစား လေ့ကျင့်ခန်းလုပ်ပါ။ အားကစား မလုပ်သူများနှင့် နှိုင်းယှဉ်ပါက အအေးမိခံရခြင်းမှ နှစ်ဆ၊သုံးဆ သက်သာစေနိုင်သည်။

၁ဝ။ စိတ်ဖိစီးမှုနည်းစေရန် တစ်နေ့တစ်ကြိမ် တရားထိုင်၊ တရားမှတ်ခြင်း ပြုလုပ်ပါ။ စိတ်ဖိစီးမှုများသူတို့၌ အအေးမိ ခြင်းနှစ်ဆ ပိုများကြောင်း တွေ့ရသည်။

၁၁။ အခန်းတွင်း စိုထိုင်းဆတိုင်းရန် Hygrometer တပ်ဆင်ပါ။ စိုထိုင်းဆ ၅ဝ ရာခိုင်နှုန်းသည် အကောင်းဆုံးဖြစ် သည်။ ၄ဝ ရာခိုင်နှုန်းဖြစ်ပါက ဗိုင်းရပ်ပိုးများ မြန်မြန်ပျံ့လွယ်သည်။ ရေနွေးငွေ့လွှတ် ကိရိယာကို သုံးနိုင်သည်။ စိုထိုင်းဆ ၆ဝ ရာခိုင်နှုန်းအထက် ဖြစ်ပါက မှို၊ ဖားဥစွဲတတ်သည်။

၁၂။ အအေးမိသက်သာ၊ ကာကွယ်စေသော အစားအစာများ

(က) ဒိန်ချဉ် တစ်နေ့တစ်ခွက် သောက်ခြင်း

(ခ) ကြက်သွန်ဖြူ အစိမ်း သို့မဟုတ် Oven ဖြင့် မီးကင်စားခြင်း

(ဂ) အိချိနားစီးယား ဆေးပြောင်းပန်း အဆီအနှစ် သောက်ခြင်း (စကားချပ်/ Fame ဆေးဝါးလုပ်ငန်းမှ ထုတ်လုပ်ထား သည်ကို တွေ့ရသည်။)

(ဃ) ဇင့်ပါငုံဆေးများသုံးခြင်း

(င) Probiotic သဘာဝပိုးများပါသော ဆေးတောင့်၊ ဆေးမှုန့်များ သောက်သုံးခြင်း စာပဒေသာမဂ္ဂဇင်းပါ လမ်းညွှန် အကြံပေးချက်များတွင် နှာခေါင်းစည်း (Mask) အသုံးပြုခြင်းကို ညွှန်းမထားပါ။ သို့သော် ကျွမ်းကျင်ပညာရှင်တို့က သာ မန်ပြည်သူများ အနေဖြင့် အသုံးပြုလိုပါလျှင် ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းများကို ညွှန်းသည်။ အထူး Mask N-95 သည် ရောဂါပိုးရှိသူများအား စောင့်ရှောက်ရသူ ကျန်းမာရေး ဝန်ထမ်းများအတွက် ပိုမိုသင့်လျော်လိမ့်မည်ဟု ဆိုပါသည်။

အောက်ပါ လက္ခဏာများ ပေါ်ပေါက်လာပါက နီးစပ်ရာဆေးရုံ၊ဆေးခန်းများသို့ ပြသကုသမှု ခံယူရန်လိုပါသည်။

(၁) အဖျားကြီးခြင်း

(၂) အသက်ရှူကျပ်ခြင်း

(၃) စိတ်ပိုင်းဆိုင်ရာ အခြေအနေ ပြောင်းလဲခြင်း

နိဂုံးချုပ်အနေဖြင့် အမိုးအကာတို့ဖြင့် ဝန်းရံထားသောနေရာများ- ဥပမာ- ဘားတိုက် ၊ သင်္ဘော၊ ကျောင်းဘတ်စ်ကား၊ ဟိုင်းဝေးဘတ်စ်ကား၊ ရုပ်ရှင်ရုံ စသည်တို့တွင် လူစုလူဝေးဖြင့် နေထိုင်အလုပ်လုပ်သူများ၊ ခရီးသွားသူများ အထူးသတိ ပြု ကာကွယ်ရန် လိုမည်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။  ဒေါက်တာ ကျော်ကျော်မင်း

Read 83 times Last modified on Friday, 11 August 2017 12:47