SJ WorldNews - шаблон joomla Авто

ဒုတိယအကြိမ် သွေးလွန် တုပ်ကွေးရောဂါကူးစက်မှုက ပထမအကြိမ် ကူးစက်မှုထက် ပိုမိုပြင်းထန်

Monday, 06 November 2017 09:34 font size decrease font size decrease font size increase font size increase font size

ဒုတိယအကြိမ်သွေးလွန် တုပ်ကွေးရောဂါ ကူးစက်ခံရမှုသည် ပထမအကြိမ်သွေးလွန် တုပ်ကွေးရောဂါကူး စက်ခံရမှုထက် ပိုမိုပြင်း ထန်ကြောင်း သုတေသန ပညာရှင်များက အခိုင်အမာသက်သေပြနိုင်ပြီဖြစ်သည်။

သုတေသန ပညာရှင်များသည် ၂ဝဝ၄ ခုနှစ် သြဂုတ်လမှ ၂ဝ၁၆ ခုနှစ် ဧပြီလအထိ အသက် နှစ်နှစ်မှ ၁၄ နှစ်အကြားရှိကလေး ငယ်များကို သုတေသနပြု လေ့လာခဲ့ခြင်းဖြစ် သည်။  ထို့နောက်  ကလေးငယ်များ ဒုတိယ အကြိမ် သွေးလွန်တုပ်ကွေး ရောဂါကူးစက်ခံ ရသည့်အခါ မည်သည့်အတွက်ကြောင့် ခန္ဓာကိုယ်အတွင်း သွေးယိုခြင်း ကဲ့သို့ ပြင်းထန်သော ရောဂါများခံစားရသည်ကို လေ့လာနိုင်ရန်သွေးနမူနာ ၄၁ဝဝဝ ကျော်ကို စုဆောင်း ရယူခဲ့သည်။

ထိုသို့သုတေသန ပြုမှုများအရ  ဒုတိယ အကြိမ် သွေးလွန်တုပ်ကွေးရောဂါကူးစက်ခံ ရသူသည် ပထမအကြိမ် ကူးစက်မှုထက်ပိုမို ဆိုးရွားသည့် ရောဂါဝေဒနာခံစားရသည်ကို တွေ့ရသည်။ အဘယ်ကြောင့်ယင်းသို့ဖြစ်ရ သည်ဆိုသော် ပထမအကြိမ်သွေးလွန်တုပ် ကွေးရောဂါကူးစက်ခံရမှုကြောင့် ရောဂါကို တိုက်ထုတ်နိုင်သည့် ပဋိပစ္စည်းများ အလွန် အမင်းကျဆင်းသွားသည့် အတွက် ADE ကို မြင့်တက် လာစေခြင်းကြောင့် ဖြစ်သည်။

လူများတွင်  သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားမှု ပိုမိုမြင့်တက်လာခြင်းကို ၎င်းတို့အနေဖြင့် အတည်ပြုနိုင်ပြီး ; anti-DENV ပစ္စည်းများ တည်ရှိမှု ပမာဏသည် လူများတွင် ဒုတိယအကြိမ် သွေးလွန်တုပ်ကွေးရောဂါ ပြင်းထန် မှုနှင့် တိုက်ရိုက်ဆက်စပ် လျက်ရှိသည်ကို သက်သေပြ နိုင်ပြီဖြစ်ကြောင်း သုတေသနပညာရှင်များက Science ဂျာနယ် တွင် ဖော်ပြထားသော   ဆောင်းပါး တစ်ပုဒ်၌ ရေးသားထားသည်။

ယင်းကဲ့သို့ ရှာဖွေတွေ့ရှိမှုသည် အနာဂတ်တွင်  သွေးလွန်တုပ် ကွေးရောဂါ နှင့် ဇီကာ ရောဂါတို့အတွက် ဆေးဝါး များ ထုတ်လုပ်ရာတွင် အရေးကြီးသော အချက်တစ်ချက်ဖြစ်လာပြီဖြစ်သည်။

ထို့ပြင် အဆိုပါတွေ့ရှိမှုသည် ADE နှင့်ပတ်သက်၍ ပထမဆုံးအကြိမ်သက်သေ ပြမှုတစ်ခု မဟုတ်သော်လည်း အကျိုးသက် ရောက်မှုနှင့်ဆက်စပ်၍ အကြီးမားဆုံးသော သက်သေပြသမှုတစ်ခုဖြစ်ကြောင်း ကျွမ်းကျင် ပညာရှင် တစ်ဦးဖြစ်သည့် ဒေါက်တာစကော့ ဟဲစတိက ဆိုသည်။             

 

Read 21 times Last modified on Monday, 06 November 2017 09:57