SJ WorldNews - шаблон joomla Авто

ဒေါက်တာမြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး) ၏ ကျန်းမာရေး ဆောင်းပါး စာအုပ်များ မိတ်ဆက်

Sunday, 12 November 2017 12:27 font size decrease font size decrease font size increase font size increase font size

ရန်ကုန် နိုဝင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတား မြို့နယ် မြန်မာနိုင်ငံ စာရေးဆရာ အသင်း၌ ဒေါက်တာမြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး)၏ အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေး ဆိုင်ရာ ကျန်းမာရေး ဆေးပညာပေး ဆောင်းပါးများ စာအုပ်နှင့် ပြည်သူ့ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး ကျန်းမာရေး ဆောင်းပါးများ စာအုပ်ကို ယနေ့ တွင် မိတ်ဆက်ကြောင်း သိရသည်။

အဆိုပါ စာအုပ်နှစ်အုပ်သည် ဒေါက်တာ မြင့်သန်းထွန်း၏ ၁ဝ အုပ်မြောက်နှင့် ၁၁ အုပ် မြောက် စာအုပ်များဖြစ်ပြီး အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေး ဆိုင်ရာ ကျန်းမာရေး ဆေးပညာပေး ဆောင်းပါးများ စာအုပ်တွင် ကဏ္ဍ ၁၅ ခုပါဝင်ပြီး ဆောင်းပါး အရေအတွက် ၅၅ ပုဒ်ပါဝင်ကြောင်း သိရသည်။ ထို့ပြင် ပြည်သူ့ ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး ကျန်းမာရေး ဆောင်းပါးများ စာအုပ်တွင် ကဏ္ဍ ၁၄ ခုပါဝင်ပြီး ဆောင်းပါး ၅၃ ပုဒ်ရေးသားထားကြောင်း သိရသည်။

''အဓိကကတော့ အသက်ရှည်ရေး အတွက် အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဓာတုဆေးကင်းတဲ့ အစားအစာတွေ စားသုံးဖို့ လိုတယ်။ ဈေးကွက်မှာ ထုတ်လုပ် ရောင်းချနေတဲ့ အစားအစာ တွေကလည်း ဘေးအန္တရာယ်ကင်းစွာ ရောင်းချဖို့ လိုတယ်။ အဓိက ရည်ရွယ်ချက်က အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေး အတွက် ရည်ရွယ်ပြီး ဆေးပညာ ဆောင်းပါးတွေ ဖြန့်ဝေတာပါ'' ဟု ဒေါက်တာမြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး) ကပြောသည်။ အဆိုပါ စာအုပ်များကို မုဒိတာစာပေတိုက်မှ ထုတ်ဝေပြီး ဒေါက်တာမြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး)က ကိုယ်တိုင်ဖြန့်ချိ ထုတ်ဝေခြင်း ဖြစ်ကြောင်း သိရသည်။

ဆုလာဘ်

Read 17 times Last modified on Sunday, 12 November 2017 12:31