SJ WorldNews - шаблон joomla Авто

လေးမျက်နှာ  သြဂုတ် 

ရာသီတုပ်ကွေးရောဂါ ကာကွယ်ရေး ပညာပေးဟောပြောပွဲကို ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့ အခြေခံပညာ အထက်တန်းကျောင်း၌  ယမန်နေ့ နံနက်၁ဝ နာရီက ကျင်းပသည်။

 

၁။      ကြက်ငှက်တုပ်ကွေးရောဂါသည် ရာသီမရွေး ဖြစ်ပွားနေကြောင်းကို  ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်များ အရ သိရှိရပါသည်။ သို့ဖြစ်ပါ၍ ကြက်၊ ဘဲ၊ ငုံးမွေးမြူရေး ခြံများကို ဇီဝလုံခြုံမှုစနစ်တကျ မြှင့်တင်ရန် လိုအပ်သည်။ ကြက်ငှက် တုပ်ကွေးရောဂါ မဖြစ်ပွားစေရေး အတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက် နိုင်ပါရန် အသိပေး နှိုးဆော်အပ်ပါသည်-

ကိုယ်ဝန်ဆောင်ခြင်း၊ မီးဖွားခြင်းသည် အမျိုးသမီးများ၏ ဘဝတွင် အလွန်အရေးကြီးသော အချိန်ကာလ အပိုင်းအခြား ဖြစ်ပြီး မိခင်အသက်အန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာသော ကလေးငယ် ဖွားမြင်ရေးသည် မိခင်တိုင်း၏ အဓိက မျှော်မှန်းချက်ဖြစ်သည်။

ရန်ကုန်   သြဂုတ်  

မြန်မာနိုင်ငံ၌  ဖြစ်ပွားနေသော H1N1 ရောဂါနှင့်ပတ်သက်၍ ဈေးကွက်အတွင်းမှ တချို့ကာကွယ်ဆေး များမှာ အမှန်တကယ် အသုံးတည့်မှုနည်းပါးသည့်  အခြေအနေဖြစ်သောကြောင့်  သတိပြုသုံးစွဲရန်  လိုအပ်ကြောင်း ရန်ကုန်မြို့ရှိ ဆေးသုတေသန ဦးစီးဌာနမှ သိရသည်။

ရန်ကုန်   သြဂုတ်  

မြန်‌မာနိုင်‌ငံ၌ လာ‌ရောက်‌‌နေထိုင်‌လျက်‌ ရှိသော နိုင်ငံခြားသားများ ရာသီတုပ်ကွေး ရောဂါကူးစက်ခံရပါက  ကုသမှုပေးနိုင်ရန် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌   ဆေးကုသခန်းများ ပြင်ဆင်ထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး   ပြည်သူ့ကျန်းမာရေး ဦးစီးဌာန တာဝန်‌ရှိသူ တစ်‌ဦးထံမှ သိရသည်။

အိပ်ချိန်နည်းပါးသူများသည်ခန္ဓာကိုယ် အလေးချိန်တက်ခြင်းနှင့် အဝလွန်ခြင်းအပြင် ကိုယ် တွင်းကျန်း မာရေးဇီဝဖြစ်စဉ်အခြေအနေများဆိုးရွားလာသည်ကို  ဗြိတိန်သု တေသန ပညာရှင်များက နောက်ဆုံး လုပ်ဆောင်ထားသည့် သုတေသနပြုမှုတွင် ဖော်ပြထားသည်။ အဆိုပါသုတေသနကို လိဒ် နလုံးရောဂါ နှင့်ကိုယ်တွင်း ဇီဝဖြစ် စဉ်ဆေး ပညာတက္ကသိုလ် နှင့် အစားအစာသိပ္ပံနှင့် အာဟာရကျောင်းကဦးဆောင်ပြု လုပ်ခြင်းဖြစ်ပြီး ယင်း သုတေ သနတွင် အသက် ၁၉ နှစ်မှ ၆၅ နှစ်အကြားရှိဗြိတိန်နိုင်ငံသား ၁၆၁၅ ဦးပါဝင်သည်။

သုတေသနအဖွဲ့သည် ၎င်းတို့ထံမှသွေး နမူနာများကိုရယူထားပြီး အိပ်စက်သည့်ကြာ ချိန်၊ အစား အစာစား သောက်မှု၊ ခါးအတိုင်း အတာ၊ သွေးပေါင်ချိန်စသည်တို့အပြင် အလုံး စုံသော ခန္ဓာကိုယ်တွင်းကျန်းမာရေးနှင့်ဆက်စပ်သည့် အချက်အလက်များအားလုံးကို မှတ်တမ်းရယူ ထားသည်။

အဆိုပါ သုတေသနပြုချက်များအရ တစ်ညလျှင် ခြောက်နာရီကြာအိပ်စက်သူ၏ ခါး အတိုင်း အတာသည် တစ်ညလျှင်ကိုးနာရီ ကြာအိပ်စက်သူ၏ ခါးအတိုင်းအတာထက် ၃ စင်တီမီ တာပို လာသည်ကိုတွေ့ရသည်။

ထို့ကြောင့်အိပ်စက်ချိန်နည်းပါးသူသည် ခန္ဓာကိုယ် အလေးချိန် ပိုမိုမြင့်တက်လာသည် ဟု အကြမ်းဖျင်းအားဖြင့် ကောက်ချက်ချနိုင်ကြောင်း သိပ္ပံပညာပြည်သူ့ စာကြည့်တိုက် အမည် ရှိဂျာ နယ်တွင်ဖော်ပြထားသည်။

ထို့ပြင် အိပ်ချိန်နည်းပါးခြင်းသည် ဆီးချို နှင့်အခြားသောခန္ဓာကိုယ်တွင်းကျန်းမာရေး ချို့တဲ့မှု များကို  ပိုမိုဖြစ်ပွားစေနိုင်ကြောင်းသုတေသနပညာရှင်များကယုံကြည်ထားသည်။

လက်ရှိကမ္ဘာပေါ်တွင် အဝလွန်သူဦးရေသည် ၁၉၈ဝ ပြည့်နှစ်နှင့်နှိုင်းယှဉ်ပါက နှစ် ဆပိုမို များပြားလာကြောင်း၊ ထိုသို့အဝလွန် ခြင်းသည် အခြားသောရောဂါများကိုပိုမိုဖြစ် ပွားစေ ရန်တွန်း အားပေးကြောင်း၊အထူးသဖြင့် အုပ်စု(၂)ဆီးချိုရောဂါကို ပိုမိုဖြစ်စေနိုင် ကြောင်း၊ ထို့ကြောင့် လူများမည်သည့်အတွက် ကြောင့် အဝလွန်လာသည်ကိုသိရှိခြင်းသည် ပြည်သူ့ ကျန်းမာရေး အတွက် အရေးပါသော အဖြေတစ်ရပ်ဖြစ်ကြောင်း သုတေသနပညာ ရှင် ဂရက် ပေါ့ တာကဆိုသည်။

ဆက်လက်ပြီး အိပ်ချိန်နည်းပါးခြင်းသည် သွေးအတွင်းရှိ သိပ်သည်းဆမြင့်မားသော လီပိုပရို တိန်း (HDL) ကို လက်စထရော ပမာဏကိုလျော့ကျစေကြောင်းတွေ့ရှိထားပြီး၎င်းသည်လည်း  အခြား သောကျန်းမာရေးပြဿနာများကိုဖြစ်ပေါ်စေနိုင်သည်။အဆိုပါကိုလက်စထရောများသည် သွေးလည်ပတ်မှုအတွင်းရှိ အန္တရာယ်များသော အဆီကို ဖယ်ရှား ရာတွင်ကူညီပေးနိုင်သည်။

ယင်းကိုလက်စထရောပမာဏအများအပြား ရှိနေခြင်းက နှလုံးရောဂါကဲ့သို့ဖြစ်ပေါ်လာ နိုင် သည့်ကျန်းမာရေးပြဿနာများကို တား ဆီးကာကွယ်ပေးနိုင်သည်။

ထို့ကြောင့် အိပ်စက်ချိန်အပြည့် အဝရရှိ ရေးသည် ကိုယ်တွင်း ကျန်းမာရေးအတွက် အလွန်အရေးကြီးကြောင်း ယခု သုတေသနပြု လေ့လာမှုက ညွှန်ပြနေသည်။ သို့သော် လူတစ်ဦး အနည်းဆုံး ရှိရမည့် အိပ်စက်ချိန် အတိအကျကို မူ မသတ်မှတ်နိုင်သေးဘဲ နောက်ဆုံး ရရှိထားသည့် သဘောတူညီချက်များအရ အရွယ် ရောက်ပြီးသူများ အားလုံးအတွက် အိပ်ချိန် ခုနစ် နာရီမှ ကိုးနာရီ လိုအပ်ကြောင်း အတည် ပြုထားသည်။

 ခေတ်သစ်သိပ္ပံ သုသေသန ထက်မြတ် စုစည်းသည်

Page 61 of 62