SJ WorldNews - шаблон joomla Авто

ရန်ကုန်   သြဂုတ်  ၂၁

တောင်ကိုရီးယားနိုင်ငံမှ  တိုင်းရင်းဆေးဆရာဝန်  ပါမောက္ခကိုးဦးတို့ ဦးစီးသည့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရားလမ်းရှိ ရန်ကုန်တိုင်းရင်း ဆေးရုံကြီး၌ အထွေထွေရောဂါ၊  မီးယပ်ရောဂါ၊ အရေပြားရောဂါနှင့် အကြောရောဂါ တို့ကို သြဂုတ်  ၂၂ ရက်မှ ၂၄ ရက်အထိ နေ့စဉ်နံနက်  ၉ နာရီမှ ညနေ ၅ နာရီ အတွင်း  အခမဲ့ကုသပေးမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်   သြဂုတ်   ၂ဝ

ဗန်ကောက် အခြေစိုက် ကုမ္ပဏီ တစ်ခုဖြစ်သော Hang Sheng International (Myan-mar) Co., Ltd. က မြန်မာနိုင်ငံ၌ ကျန်းမာရေး ဝန်ဆောင်မှုများ အခမဲ့ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ယမန်နေ့က ရန်ကုန်မြို့ မြေနီကုန်း ပလာဇာ၌ ပြုလုပ်သည့် Hang Sheng International  (Myanmar) Co.,Ltd. ဖွင့်ပွဲ အခမ်းအနားမှ သိရသည်။

မြောက်ဦး သြဂုတ် ၂ဝ

ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မြောက်ဦး မြို့နယ် မြက်ရိတ်ကျွန်းအုပ်စု မြက်ရိတ် ကျွန်းကျေးရွာ ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံ၌ ရာသီတုပ်ကွေး ရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီက ကျင်းပသည်။

နေပြည်တော်   သြဂုတ်   ၁၉

ယနေ့တွင် နိုင်ငံတစ်ဝန်း၌ လတ်တလော ပြင်းထန် အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါ လက္ခဏာဖြင့် ပြသသူ ၇၇၃ ဦးရှိသဖြင့် ယမန်နေ့ကထက် ၂၆ ဦး ပိုလာခဲ့ပြီး Influenza A(H1N1) pdm 2009 ဓာတ်ခွဲအတည်ပြု ဖြစ်ပွားသူ ခြောက်ဦး ထပ်မံတိုးလာသော်လည်း ဓာတ်ခွဲအတည်ပြု သေဆုံးသူ တိုးလာခြင်းမရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်   သြဂုတ်  ၁၉

ရန်ကုန်တိုင်းဒေသကြီးအတွင်း လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်း ပိုးဝင် ရောဂါဖြင့် ဆေးရုံ တက်ရောက်ကုသသူ လူနာ  ၃၆ဝ၊ Seasonal Influenza A(H1N1) pdm 2009   virus

ဝါးခယ်မ သြဂုတ် ၁၇

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်   စည်ပင်သာယာဈေးရှိ ဆေးဆိုင်များနှင့်    မြို့ပေါ်ရပ်ကွက်များ အတွင်းရှိ ဆေးဆိုင်များကို  တားမြစ်ထားသော တိုင်းရင်းဆေးဝါးများ ရောင်းချခြင်း ရှိ၊မရှိကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက တာဝန်ရှိသူများ စစ်ဆေး ဆောင်ရွက်ကြကြောင်း သိရသည်။

Page 69 of 75