SJ WorldNews - шаблон joomla Авто

ကျန်းမာရေးရဲ့ လျှို့ဝှက်ချက်များ

Saturday, 20 January 2018 10:57 Written by  font size decrease font size decrease font size increase font size increase font size

ဘဝမှာ ကိုယ့်ရည်မှန်းချက်က  ကျေနပ် နှစ်သက်ဖွယ် ကောင်းတဲ့ အနေအထား ဖြစ်နေရင် အကောင်းဆုံး လုပ်ကိုင်ခြင်းနဲ့ ပြုစုပျိုးထောင်းဖို့ လိုအပ်ပါတယ်။

လေ့လာမှုသစ်အရ သူငယ်ချင်းများ၊ မိသားစုဝင်များနဲ့ ဆက်သွယ်မှု အပြည့်အဝ နှစ်သက်သူတွေဟာ ကျန်းမာရေး ပြဿနာ နည်းပါးပြီး ပိုပြီး ကောင်းမွန်တဲ့ စိတ်စွမ်းအား ရရှိထားပါတယ်။ အရာရာကို တိုင်ပင် ဆွေးနွေးတတ်သူဟာ ဝေဖန်တဲ့ မျက်စိနဲ့ ချဉ်းကပ်တတ်လို့ အမြော်အမြင်ရှိရာ ရောက်တယ်။

သင်ခန်းစာ(၁)။ အရင်းခံ အကြောင်းရင်းများ လက်ခံရယူ

လူတို့ပေါင်းသင်း ဆက်ဆံရေး နယ်ပယ်မှာ သူငယ်ချင်းများ၊  မိဘဆွေမျိုးများနဲ့  အရွယ်ရောက် ကလေးတွေအပေါ် ချို့ယွင်းချက် အပြစ်အနာအဆာ  ထောက်ပြနိုင်တဲ့ အရာက ''နာလိုခံခက်'' ဖြစ်နေသလား။

''အိမ်ထောင်ဖက်နှင့် တင်းမာစွာ စကားပြောခြင်း'' စာအုပ်ရေးသားသူ စိတ်ပညာရှင် ဒေါက်တာ ပေါကိုမင်က ''အိမ်ထောင်ဖက်ကို ယနေ့လက်ထပ်ပြီး  သူ့အပြုအမူတွေ မနက် ပြုပြင်ယူပါက   အသိဥာဏ်ပိုပြီး ရှိလာမယ်။ ဘယ်အရာ အကောင်းဆုံးလည်း ဆိုတာ ပိုပြီးနက်နဲတဲ့   ဗဟုသုတ ရှိလာတယ်လို့ အဓိပ္ပာယ် သက်ရောက် စေတယ် ဆိုပါတယ်။

ပိုပြီး ကျန်းမာရေး ကောင်းတဲ့ ချဉ်းကပ်မှုက ပြဿနာကို ဖြေရှင်းဖို့ အတွင်းကျကျ လေ့လာခြင်း ဖြစ်ကြောင်း အနောက်မြောက် တက္ကသိုလ် စိတ်ပညာရှင် အယ်လီဗင်ကယ်က ဆိုတယ်။  လက်တွဲဖော်က ကြီးမားတဲ့ လူအုပ်ထဲက မနှစ်သက်သူဆိုရင် လူနည်းတဲ့ ပါတီပွဲ၊ အလှူပွဲတို့ ရွေးချယ်ဖို့ စဉ်းစား သင့်တယ်ဆိုတယ်။ လူအများနဲ့ စကားပြောခြင်း ကင်းပြီး  အိမ်စောစော ပြန်လာနိုင်မယ် ဆိုတယ်။

သားသမီးတွေ စာညံ့လို့ တက္ကသိုလ်သင်ရိုးကို အပြစ်တင်နေမယ့်အစား ကိုယ်တစ်ယောက် တည်း   အကျဉ်းအကျပ်တည်း မကျရောက်နိုင်ကြောင်း သိထားသင့်တယ်။ ''လူတိုင်းမှာ ခံစားချက်တွေ ရှိကြတယ်။ လူတို့ အတူတကွ နေထိုင်နိုင်ဖို့ တစ်ယောက်ဆီက တစ်ယောက် သင်ယူရလိမ့်မယ်''ဟု ဒေါက်တာ ပေါကိုမင်က ဆိုတယ်။

သင်ခန်းစာ(၂)။ အသင့်တင့် လွတ်လပ်မှုက ကလေးတွေ အတွက် ကောင်းမွန်စေ

ကိုယ့်ကလေး တွေအပေါ် ဒေါသမပြေနိုင်ဘဲ မြည်တွန် တောက်တီးနေတဲ့ မိဘတွေဟာ  ကလေးဖွံ့ဖြိုးမှု ပါရဂူများ၊ သူတို့ ဆရာများနဲ့ တွေ့ဆုံဖို့ အထူး လိုအပ်နေပါပြီး အချို့မိဘတွေက ကျောင်းသားနဲ့ အားကစားကွင်း မမျှတကြောင်း ကျောင်းအုပ်ကြီးထံ မက်ဆေ့ပေးပို့ နေတယ်။ လူမှုအဖွဲ့အစည်းမှာ ကြီးမားတဲ့ မယုံကြည်မှုတွေ ရှိတဲ့အတွက်  လူတွေဟာ မိဘအုပ်ထိန်းမှု ပုံစံကို အလွန်အကျွံ ပြုလုပ်လာကြတယ်လို့ ညည်းတွား နေကြောင်း နိုင်ငံရေး စာပေရေးသားသူ  ဟာရာအက်(စ်) ထရော့မရန်နိက ဆိုတယ်။

''ကလေးတွေရဲ့   အရည်အချင်းရှိတဲ့ လိုအင်ဆန္ဒကို   ယုံကြည်မှုလည်း နည်းကြတယ်။ ဖွံ့ဖြိုးမှု ဖြစ်စဉ်မှာ သဘာဝတရားက လွှမ်းမိုးထားတယ် ဆိုတာ လက်မခံကြဘူး'' လို့ စာရေးသူက ဆိုပါတယ်။ တကယ်လို့ ကလေးတွေဟာ ကိုယ်ပိုင် အိပ်မက်များ ဖော်ဆောင်ရာမှာ ခန့်အပ်ထား သူလို့ မိဘတွေ ထင်မြင်နေကြရင် အတင်းအကျပ်ကြားဝင်ပြီး ဆောင်ရွက်လိုတဲ့စိတ်၊ မဖြစ်ရကောင်းလား ဆိုတဲ့စိတ် ပြင်းထန် လာတယ်လို့ စိတ်ပညာရှင်(ငြိမ်း) ဒေးဗစ်အယ်ကိုယ်က ပြောပါတယ်။ ကလေးတွေ  စိတ်ဖိစီးမှုမှကာကွယ်ဖို့ ဝင်ရောက်တဲ့ ကိစ္စမှာ  အမြဲပုံမှန် ပြုလုပ်ရင် ရေရှည်မှာသူတို့ကို   ထိခိုက်နာကျင် စေပါတယ်။ အလွန်အကျွံ အုပ်ထိန်းမှုဟာ ရည်မှန်းချက်ကို ရောက်အောင် မသွားနိုင်တဲ့ ရည်မှန်းချက မဲ့နေတဲ့ လူငယ်တွေအပေါ် စိတ်ဖိစီးမှု ဝေဒနာ ဖြစ်ပေါ်လွယ်တယ်။   မိဘတွေ ပိုမို လွန်ကဲ ပါဝင်မှုက အခွင့်အရေး ကိစ္စနဲ့လည်း ဆက်နွှယ်နေပါတယ်။

ကလေးတွေကို စိတ်ပျက်မှုတွေနဲ့ ထားပြီး သူတို့ရဲ့ ကိုယ်ပိုင်ပြဿနာတွေ တတ်အား သရွေ့ ကိုယ်တိုင် ဖြေရှင်းစေခြင်းက ပိုမိုကောင်းမွန်ပါတယ်။ မိဘက ငြင်းဆိုခဲ့ရင် သူတို့ရဲ့ ခံစားမှုတွေ နားထောင်ပြီး စိတ်ဓာတ် ခွန်အားပေးနိုင်ကြောင်း နားလည်အောင် ကြိုးစားသင့်ပါတယ်။ အခက်အခဲ ကျော်ဖြတ်ဖို့ ယုံကြည်မှုက စွမ်းဆောင် လာနိုင်ပါတယ်။

မိဘတွေက   ကလေးတွေ ကိုယ့်ကိုယ်ကိုယ် အားကိုးအောင် ကူညီဖို့ လိုပါတယ်။

ကလေးတွေကို  သူတို့ ဘာသာနေစေပြီး စိတ်ပျက်မှု၊ အလိုမကျမှုတွေ  သူတို့ဘာသာ ဖြေရှင်း ယူရမယ်။ တစ်ချိန်တည်းမှာ ခံစားမှု ပြင်းထန်နေရင်   စိတ်ဓာတ် ခွန်အားပေးဖို့ ကိုယ်က အသင့်ရှိကြောင်း ယုံကြည် နေပါစေ။

အခက်အခဲတွေ ကျော်လွှားနိုင်မယ့် သူတို့ရဲ့ အရည်အချင်းကို ယုံကြည် ပေးသင့်ပါတယ်။

သင်ခန်းစာ(၃)။ ဆန့်ကျင်မှုက အမြဲဆွဲဆောင်မှု မရှိ

ကျန်းမာပျော်ရွှင်တဲ့ ဆက်ဆံမှုရဲ့ သော့ချက်က ကိုယ်နဲ့ အများဆုံး တူညီသူကို ရွေးချယ်ခြင်း ဖြစ်တယ်။ ကိုယ်ရဲ့ အယူအဆနဲ့ အလေ့အထကို    တန်ဖိုးထားသူ ဖြစ်ရမယ်။

လေ့လာမှုတွေက ထောက်ပြနေရာ တန်ဖိုးမျှဝေ ခံစားမှုရဲ့ အရေးပါပုံ ပုဂ္ဂိုလ်ရေးအစဉ်အလာ စီးပွားရေး နောက်ခံနှင့်  ဘာသာရေး အပြင်အသက်အရွယ်လည်း ပါတယ်။

လန်ဒန်မြို့   ဂရက်စတမ်း ကောလိပ်မှ ပါမောက္ခ ''ဂလင်ဝီလ်ဆင်''က ဘဝပုံစံ၊ နိုင်ငံရေး၊ ကလေး စောင့်ရှောက်မှု၊ စိတ်ဓာတ်ရေးရာနဲ့ ဝင်ငွေတွေ ပါဝင်တဲ့  စွမ်းဆောင်မှု ဆိုင်ရာ မေးခွန်းတွေ ပြုစုခဲ့တယ်။ နှိုင်းယှဉ်ပြီး ဖြေဆိုတဲ့ မိဘတွေက ကျေနပ်ဖွယ်ရာ အလားအလာ အများဆုံး ရှိကြောင်း တွေ့ရှိ ခဲ့ရတယ်။

လင်မယားတွေ မောင်နှမပုံစံ ဆက်ဆံရေးက သိပ်စဉ်းစားစရာ မလိုဘဲ ကျန်းမာရေး ပျော်ရွှင်တဲ့ ဆက်ဆံရေး ဖြစ်နိုင်လို့ ခံစားမှု မတူကွဲပြားတဲ့ အဖော်မွန်ဆိုရင် ပုံရိပ်ပြဿနာ ဘက်ညီသူ ရှာဖွေရမယ်။ ကလေးတွေမြေတောင် မြှောက်ရမယ်လို့ ပါမောက္ခ ဂလင်ဝီလ်ဆင်က ပြောပါတယ်။

သင်ခန်းစာ(၄)။ လူမှုကွန်ရက်သုံး

အသက်ရှည် ရှည်နေလိုရင် နေ့စဉ်နာရီဝက်မှ တစ်နာရီ အားကစား (အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူး) လုပ်ပေးသင့်တယ်။ ဆေးလိပ်၊ အရက်၊ ဘီယာ၊ ကွမ်း ရှောင်ကြဉ်ရမယ်။ အဆီအအိမ့်နဲ့ လမ်းဘေး အစားအစာတွေကို ရှောင်ကြဉ်ရမယ်။ မိတ်ကောင်း ဆွေကောင်းတွေနဲ့ ပေါင်းသင်း ဆက်ဆံမှု ရှိရပါမယ်။

ကိုယ်ရဲ့ပေါင်းသင်း ဆက်ဆံရေးဟာ အရေအတွက်မှ အရည်အချင်း မြင့်မားလေလေ ကိုယ်အသက်ရှည် လေလေပါပဲလို့ ယူတာ တက္ကသိုလ်မှ စိတ်ပညာရှင် ဘတ်ယူချင်နိုက ဆိုပါတယ်။

''ဘရစ်ဟမ်ယနိ''တက္ကသိုလ်မှ ''ဂျူလီယန်နိဟို့ စလမ်းစ်တက်''က လူတို့ရဲ့ ပေါင်းသင်း ဆက်ဆံရေးနဲ့ ကျန်းမာရေး ဆက်နွှယ်မှုကို လေ့လာမှု ၁၄၈ ခုမှ ကိန်းဂဏန်းတွေ စုစည်း ခဲ့တယ်။ အချိန်ခုနစ်နှစ် ကြာတဲ့အခါ လူမှုဆက်ဆံရေးမှာ တက်ကြွစေတဲ့ ဘဝ ရရှိထား သူတွေဟာ မရရှိသူတို့နဲ့ နှိုင်းယှဉ်ရင် သေဆုံးဖို့ အလားအလာ   ၅ ရာခိုင်နှုန်း နည်းပါးကြောင်း တွေ့ရှိ ရပါတယ်။ လူမှုဆက်ဆံရေး ကောင်းမွန်သူတွေဟာ လူမှုဆက်ဆံရေး နည်းပါး သူတွေထက် ရောဂါ ဖြစ်ပွားဖို့ အလားအလာ လေးဆ လျော့နည်းတာ တွေ့ရှိခဲ့ကြတယ်။

သည်ဘက်ခေတ်မှာ တစ်ဦးနဲ့တစ်ဦး လူမှုကွန်ရက်က နေပြီး မိတ်ဆွေဖွဲ့ နိုင်ပါတယ်။

ကိုယ်ကြိုက်တာ ကိုယ်တင်နိုင်ပြီး မျှဝေခြင်း လုပ်နိုင်တယ်။ ကိုယ်လုပ်မယ့် အလုပ်အကိုင် အတွက်   အကြံဥာဏ် တောင်းနိုင်တယ်။

အသက်ရှင် နေသေးသရွေ့ မိတ်ဆွေတွေ တိုးပွားနေနိုင်တယ်။ အကြံကောင်း၊ ဥာဏ်ကောင်း ရနိုင်တယ်။ စိတ်ပညာရှင်''ယူချင်နို'' ရဲ့ လေ့လာမှုအရ  ပေါင်းသင်း ဆက်ဆံမှုရဲ့ အရည် အသွေး အထူး အရေးကြီး တယ်ဆိုတာ စိတ်ဖိစီးမှု ကြုံနေတဲ့ အမျိုးသမီး ၈၈ ဦးရဲ့ သွေးဖိအား တိုင်းကြည့်ရာ မိတ်ဆွေများတဲ့ အားပေးမှု ရတဲ့ သူတွေမှာ သွေးဖိအား မြင့်တက်မှု နည်းပါးတယ်။   ဆုံးရှုံး ပျက်စီးမှုလည်း နည်းတယ်။ ဆိုးကျိုးလည်း  နည်းကြောင်း တွေ့ခဲ့ ရတယ်။

သင်ခန်းစာ(၅)။ ပြင်းပြတဲ့ ဆန္ဒများ ယုတ်လျော့သွားခြင်း

လင်မယား အတွေးအခေါ် လွန်ဆွဲနေလို့ ပြင်းထန်ပြီး ချုပ်ငြိမ်း သွားချိန်မှာ ပြုပြင်မရအောင် ဆုံးရှုံး သွားကြတယ်။

လူတို့ရဲ့ မရင့်ကျက်တဲ့ အစိတ်အပိုင်းမှာ အတွဲညီတဲ့ လူတွေမှာ  ပြဿနာ မရှိဘူးလို့ ထင်ကြတယ်'' လို့ စိတ်ဆန္ဒနှင့် ပေါင်းစပ်ခြင်း စာအုပ်ရေးသူ စိတ်ပညာရှင် ဒေးဗစ်ရှန်နတ်က ဆိုတယ်။

''ဒင်းဗား တက္ကသိုလ်မှ (သင့်အိမ်ထောင်ရေး တိုက်ခိုက်မှု) စာအုပ်ရေးသူ စိတ်ပညာရှင် ဟိုးဝပ်မက်(ခ)မင်း''က ဘယ်လိုပြုလုပ်တယ် ဆိုတဲ့ အချက်ကသာ အကြောင်းရင်း ဖြစ်တယ်။ ပျော်ရွှင်တဲ့ စုံတွဲတွေဟာ အခြား ကိစ္စတွေအပြင် ပြင်းထန်တဲ့ ပြန်လှန် ပြောဆိုမှုတွေ ရှောင်ကြဉ် ကြပါတယ်။ စိတ်မကောင်း မှုတွေအပေါ် ဖွင့်ဟ ပြောဆိုခြင်းဟာ နှစ်ဦးစလုံး စိတ်ချင်း သိနေစေပြီး မှားယွင်းတဲ့ လုပ်ရပ်အပေါ် တာဝန်ယူ စေပါတယ်။ ဆန္ဒရမ္မက် လျော့နည်းသွားတာ  သဘာဝပဲ ဖြစ်တယ်။

''စိတ်ကူးယဉ် အချစ်မှာ လူတို့စိတ်လှုပ်ရှားမှု အတွေ့အကြုံ ခံစားစဉ် ဖြစ်ပေါ်ပြီး တစ်နှစ်၊ တစ်နှစ်ခွဲခန့်တာ ရှည်ခံပါတယ်လို့ ''ပေါ့တလင်'' တက္ကသိုလ်စိတ်ပညာရှင် ဝိလ်မိ(ခ) ကဆိုတယ်။ ''နက်နဲတဲ့ အချစ်ဆိုတာ လူတွေမှာ အခြားတစ်ယောက်က ဘယ်လိုပြည့်စုံဖို့ ဆောင်ရွက်လိုတဲ့ အခါ ရောက်လာတာပဲ'' ဆိုတယ်။

ညည်းတွားမှုနဲ့  ချုပ်နှောင်ခံထား ရမယ့်အစား ပေါင်းစည်းမှုကို ထိန်းသိမ်းပါလို့ လက်ထပ်ခြင်း ဥပဒေသများ ရေးသားသူ စိတ်ပညာရှင်''ဟာရစ်လန်းနား''က ပြောတယ်။ လိင်မှုဘဝ ဆန်းသစ်စေခြင်း သို့မဟုတ် လပေါင်း များစွာ  စိတ်ဒုက္ခပေးတဲ့  သေတ္တာပုံကို  လဲလှယ် ပေးခြင်းက   လက်တွဲဖော်တွေရဲ့ အသည်းနှလုံးကို ဘယ်အရာတွေက နွေးထွေး စေလဲဆိုတာ သူတို့သိပါတယ်''လို့  လန်းနားဆိုတယ်။ အချုပ်ပြောရမယ် ဆိုရင်တော့  ပြဿနာ တစ်ရပ်ရပ် ကြုံလာရင် အတွင်းကျကျ လေ့လာ ဖြေရှင်းပါ။ မိမိရဲ့သားသမီးတွေ တတ်နိုင်သမျှ ချုပ်ချယ်မှု ကင်းပါစေ။ မိမိနဲ့ဆန္ဒတူညီသူကို ရွေးချယ်ပါ။ နေ့စဉ်တစ်နာရီ အားကစားလုပ်ပါ။ ညည်းတွား မှုတွေကို ရှောင်ကြဉ်ပါလို့ ကျန်းမာရေးရဲ့ လျှို့ဝှက်ချက် များအဖြစ် တင်ပြ လိုက်ပါတယ်။  

Read 400 times
Rate this item
(0 votes)
Last modified on Saturday, 20 January 2018 11:20