SJ WorldNews - шаблон joomla Авто

နားရောဂါပြဿနာများ

Sunday, 24 March 2019 13:39 Written by  font size decrease font size decrease font size increase font size increase font size

ကမ္ဘာပေါ်မှာ လူ ၁ဝဝ လျှင် ၃ဝ ဦးမှာ  နားနဲ့ပတ်သက်ပြီး တစ်နည်းမဟုတ်တစ်နည်း  ချို့ယွင်းမှုတစ်ခုခုရှိတတ်ပါတယ်။ နားလေးခြင်း၊  နားမကြားခြင်း၊ နားယားခြင်း၊ နားလေထွက် ခြင်း၊ နားပြည်ယိုခြင်း၊ နားနာ၊ နားကိုက်ခြင်း စသည်ဖြင့် နားရောဂါပြဿနာအမျိုးမျိုးရှိပါ တယ်။

အပိုင်းသုံးပိုင်း  

နားကို အပြင်နား၊ အလယ်နား၊ အတွင်း နားဆိုပြီး သုံးပိုင်းခွဲခြားထားတယ်။ ပြင်ပမှာ  မြင်တွေ့နေရတဲ့ နားရွက်၊ ယင်းနဲ့ နားစည် ဆက်စပ်နေတဲ့ ပြွန်လမ်းကြောင်းတို့ကို အပြင် နားလို့ခေါ်ပါတယ်။ အပြင်နားဟာ ပြင်ပလောကအတွင်းမှာ ဖြစ်ပေါ်လာတဲ့အသံလှိုင်းကို စုစည်းဖမ်းယူပြီး  အလယ်နားကိုရောက်စေတယ်။ နားစည်ဟာ  အပြင်နားနဲ့ အတွင်းနားကို ပိုင်းခြားထားတဲ့ အမြှေးပါးဖြစ်ပါတယ်။

အလယ်နားဟာ အခန်းငယ်သဖွယ်ဖြစ်ပြီး နားစည်နဲ့ဆက်စပ်နေတဲ့ တူ၊ ပေ၊ ထိန်ကွင်း  အရိုးငယ်သုံးခုရှိတယ်။ နားစည်ကို လာတဲ့ထိ အသံလှိုင်းတုန်ခါနှုန်းဟာ   တစ်ခုနဲ့တစ်ခု ဆက်စပ်နေတဲ့   အရိုးငယ်သုံးခုမှတစ်ဆင့် အတွင်းနားကို ဆက်လက်ရောက်ရှိသွားတယ်။  အလယ်နားဟာ လည်ချောင်းနဲ့ ပြွန်ငယ်တစ်ခုနဲ့ဆက်စပ်နေပါတယ်။

အတွင်းနားထဲရှိ ခရုပတ်လမ်းကြောင်း အခွေ Cochlea နဲ့  ယင်းရဲ့နောက်ဘက်နဲ့  ဆက်စပ်နေတဲ့ Vestibule ခေါ်တဲ့ အရိုးနဲ့ ပြုလုပ်ထားတဲ့အရာတို့ရဲ့  အတွင်းအခေါင်း ပေါက်တွင်းရှိ အရည်တစ်မျိုးဟာ အတွင်းနား အတွင်းရောက်ရှိလာတဲ့ အသံလှိုင်းတုန်ခါမှု တွေကို   သောတအာရုံအဖြစ်ခံစားနိုင်ဖို့ ဆက်လက်တာဝန်ယူဆောင်ရွက်ပေးပါတယ်။

အဲဒီမှာရှိတဲ့   သောတအာရုံခံဆဲလ်တို့မှ သောတအာရုံကြောကိုဖြတ်ပြီး ဦးနှောက်ကို သတင်းပို့တယ်။ ဦးနှောက်က အသံကိုခွဲခြား နားလည်တယ်။

နားအူ နားကိုက်ခြင်း

လေယာဉ်စီးတဲ့အခါ၊   ရေအောက်ကို  နက်နက်ငုပ်တဲ့အခါ နားအူ၊ နားကိုက်လေ့ရှိ တယ်။ လေယာဉ်နဲ့အမြန်တက်၊ အမြန်ဆင်း လုပ်တဲ့အခါ ရုတ်တရက်လေဖိအားအပြောင်း အလဲကြောင့် နားအူ၊ နားကိုက်လေ့ရှိတယ်။ အလယ်နားနဲ့လည်ချောင်းကို ပြွန်ငယ်ကလေး နဲ့ဆက်ထားရလို့    ပြင်ပမှလေထုဖိအားနဲ့  အလယ်နားအတွင်း  ဖိအားတို့ညီမျှနေစေ နိုင်ပေမယ့် ပြင်ပလေထုဖိအား  ရုတ်တရက် ပြောင်းလဲသွားတဲ့အခါ အလယ်နားရှိအတွင်း ဖိအားက ရုတ်တရက်မပြောင်းလဲနိုင်သေးရင် လည်း နားအူနားကိုက်ဖြစ်တတ်ပါတယ်။

ပါးစပ်နဲ့နှာခေါင်းကိုခေတ္တပိတ်ပြီး လေမှုတ် ပေးခြင်း သို့မဟုတ် ခဏခဏသမ်းဝေပေးခြင်း က ချက်ချင်းသက်သာစေနိုင်တယ်။ အအေးမိ နှာစေးရင်၊ နှာခေါင်းပိတ်နေရင် ဖိအားအပြောင်း အလဲမြန်စေတဲ့ လေယာဉ်ပျံစီးခြင်း၊ ရေနက် နက်ငုပ်ခြင်းမျိုး ရှောင်ကြဉ်သင့်ပါတယ်။

နားပြည်ယို နားကိုက်ခြင်း

အလယ်နားရောင်ခြင်းဟာ  နားပြည်ယို၊ နားကိုက်လေ့ရှိတယ်။ ရုတ်တရက်ချက်ချင်း ဖြစ်ပေါ်ခြင်းနဲ့ ကြာရှည်ဆက်လက်ဖြစ်ပေါ်ခြင်း နှစ်မျိုးစလုံးမှာ   နားပြည်ယိုလေ့ရှိပါ တယ်။ ရောဂါဖြစ်စမှာ အလယ်နားအတွင်းရှိ  ပြည်များဟာ များပြားလာတဲ့အခါ နားစည်ကို ဖောက်ပြီး အပြင်ထွက်လာကြတယ်။ အနည်း ငယ်သက်သာသွားသလိုရှိလို့ ဂရုမစိုက်မိ ကြပါ။

တစ်ခါတစ်ရံ အလိုလိုသက်သာသွားတတ် ပေမယ့် ဆေးကုသမှုမခံယူရင် ကြာရှည်ဖြစ်ပွား နေမယ်။ ရောဂါစွဲကပ်လို့ နောက်ဆုံးနားမကြား တဲ့အဆင့် ရောက်ရှိသွားနိုင်တယ်။ နားပြည် ယိုတဲ့ ဝေဒနာခံစားရရင်  ကောင်းနိုးရာရာ  ကုသမှုခံယူနေခြင်းမျိုးရှောင်ကြဉ်ပြီး   ဂရု တစိုက်နဲ့မှန်ကန်ထိရောက်တဲ့  ဆေးကုသမှု  စောစောခံယူသင့်ပါတယ်။

နားလေးခြင်းအမျိုးမျိုး

နားမကြားခြင်း၊ နားလေးခြင်းဟာ အလွန် ဒုက္ခရောက်ရတဲ့ဝေဒနာပဲဖြစ်တယ်။ နားကောင်း ကောင်းကြားနေချိန်မှာ အကျိုးကျေးဇူးကောင်း သတိမပြုမိပေမယ့်  နားလုံးဝမကြားရင်  သောတ(အကြား)  အာရုံရဲ့အရေးကြီးပုံကို သိလာကြရတယ်။ နားလေးရင် လျှာလေးတယ်။

နားပင်းရင် ဆွံ့အတယ်လို့ ဆိုရိုးအတိုင်း နားမကြားခြင်းနဲ့ဆွံ့အခြင်း၊ အသိဥာဏ်ဖွံ့ဖြိုး ခြင်းတို့ဆက်စပ်နေတယ်။ နားလေးခြင်းကို အပြင်နား၊ အလယ်နားတို့ပျက်စီးပြီး အသံလှိုင်း သယ်ပို့ရာအင်္ဂါအစိတ်အပိုင်းတွေ ချို့ယွင်းမှု ကြောင့် နားလေးနားထိုင်းခြင်း Conductive Deafness နဲ့သောတအာရုံဖြစ်စေတဲ့ အတွင်း နား၊သောတအာရုံကြောနဲ့ ဦးနှောက်အစိတ် အပိုင်းကို ချို့ယွင်းမှုကနေ နားလေး၊ နားထိုင်း ခြင်းဆိုပြီး ဖြစ်ပေါ်စေတဲ့အကြောင်းရင်းလိုက် ခွဲခြားနိုင်တယ်။

လုံးဝနားလေးခြင်း၊ အနည်းငယ်နားလေး ခြင်း၊ အသင့်အတင့်နားလေးခြင်းဆိုပြီး သုံးမျိုး ခွဲခြားထားတယ်။ လုံးဝနားလေးခြင်းက  အသံကိုကွဲကွဲ ပြားပြားမကြားတော့ဘဲ မွေးရာပါနားလေးခြင်း၊  စကားမတတ်မီ နားလေးခြင်းမျိုးမှာ ဖြစ်တတ် ပါတယ်။ အနည်းငယ်နားလေးသူတို့မှာတော့ နားကြပ်ကို တပ်ဆင်အသုံးပြုနိုင်ပြီး နားပြန် ကြားနိုင်ပါတယ်။ အသင့်အတင့်နားလေးခြင်း ဆိုတာ လုံးဝနားလေးခြင်းနဲ့  အနည်းငယ် နားလေးခြင်းတို့ကြားမှာရှိလို့ စနစ်တကျကုသ ရင် ပြန်ကောင်းနိုင်ပါတယ်။ ယခုအခါ စမတ် ဖုန်းကို သီချင်းဖွင့်ပြီး နားကြပ်ငယ်ကိုယ်စီနဲ့ စတိုင်ကျနေတဲ့ လူငယ်လူရွယ်တို့ကို လမ်း တစ်လျှောက်တွေ့နေရတယ်။ နားထောင်ဖန် များရင် အသင့်အတင့်နားလေးသွားနိုင်တယ်။

နားလေးရခြင်းအကြောင်းရင်းများ

ကလေးအရှင် ၁ဝဝဝဝ မွေးရင် လေးဦး မှာ မွေးရာပါနားမကြားခြင်းဖြစ်လေ့ရှိတယ်။  ဖြစ်ရတဲ့အကြောင်းရင်းမှာ မိခင်ကိုယ်ဝန် ဆောင်စဉ်ပထမဆုံးသုံးလပတ်မှာ ဂျိုက်သိုး စွဲကပ်ရင် သန္ဓေသားနားလေးစေပါတယ်။  ဂျိုက်သိုးကို ပထမကိုယ်ဝန်ဆောင်သုံးလပတ် မှာစွဲကပ်ရင်    မျက်စိအတွင်းတိမ်စွဲခြင်း၊  မွေးရာပါနှလုံးရောဂါဖြစ်ခြင်း၊ နားမကြားရခြင်း ဖြစ်စေတယ်။ တချို့မျိုးရိုးလိုက်ပြီး  နားလေး၊  နားထိုင်းလေ့ရှိတဲ့ မွေးစကလေးများဖြစ်လာ နိုင်တယ်။

အလယ်နားရောင်လို့ ပြည်ယိုခြင်း၊ အလယ် နားအရိုးများပျက်စီးခြင်း၊  အရိုးငယ်တွေ ခိုင်မာစွာဆက်နေခြင်း၊ အပြင်နား၊ အလယ် နား၊ အတွင်းနားတို့မှာ အသားပိုအကျိတ်လုံး များ၊ ကင်ဆာများဖြစ်ခြင်း၊ ဦးနှောက်ရှိ သောတ အာရုံခံစားရာအပိုင်းမှာရောဂါရခြင်း၊ ဦးနှောက် ခွံကွဲအက်ခြင်း၊ မွေးရာပါနားမကြားခြင်းဖြစ် လေ့ရှိပါတယ်။ မိခင်မှာ ဆီးချိုရောဂါရှိရင်  မွေးလာတဲ့ကလေးငယ်တချို့မှာ  နားလေး တတ်ပါတယ်။ ရခဲလှတဲ့လူ့ဘဝမှာ သောတ အာရုံမချို့ယွင်းစေဖို့ ကျန်းမာရေးနဲ့အညီ  ကျင့်ကြံနေထိုင်သင့်ပါတယ်-

၁။      နားစည်မပေါက်ပြဲစေဖို့ ဆံညှပ်၊ မီးခြစ် ဆံ၊ တုတ်ချောင်း စတဲ့ နားဖာချေးများ  ကလော်ထုတ်ရာမှာ အရမ်းမထည့်ရ ပါ။

၂။      နားကိုမတော်တဆထိခိုက်မိခြင်းမျိုးမှ တတ်နိုင်သမျှ ကာကွယ်သင့်ပါတယ်။

၃။      သင်္ကြန်ရေပက်ခံ   ထွက်မယ်ဆိုရင်  နားထဲရေပိုက်ပြင်းပြင်းအရှိန်နဲ့ဝင်လာ ခြင်းမဖြစ်အောင် နားပိတ်ထားသင့် တယ်။

၎။      ဆူညံတဲ့အသံတွေမှ ဝေးတဲ့နေရာမှာ အတတ်နိုင်ဆုံးနေသင့်ပါတယ်။ ဆူညံ တဲ့ အသံမခံစားရဖို့ တစ်ခုခုကာထား သင့်ပါတယ်။

၅။      ဆေးလိပ်နဲ့အရက်ကို အလွန်မသောက် သင့်ပါ။ လုံးဝရှောင်ကြဉ်ခြင်းက နား လေးခြင်းမှ ကာကွယ်ထားနိုင်ပါတယ်။

၆။      အာဟာရဓာတ်၊ ဗီတာမင်အေနဲ့ ဘီ ဓာတ်မချို့တဲ့စေဖို့ လတ်ဆတ်တဲ့ဟင်း သီးဟင်းရွက်များ စားပေးသင့်တယ်။

၇။      နားလေးခြင်းဖြစ်စေတဲ့ ရောဂါအမျိုးမျိုး ကို သတိပြုကြိုတင်ကာကွယ်ပြီး စော စောစီးစီးဆေးကုသမှုခံယူသင့်တယ်။

၈။      ယခင်ဂျိုက်သိုးခံစားခဲ့ရခြင်း   မရှိဘဲ  ကိုယ်ဝန်ရှိစဉ်   ပထမသုံးလအတွင်း ကိုယ်ပေါ်မှာ အနီကွက်တွေပေါ်ပြီး  ဖျားရင်၊ ဂျိုက်သိုးရောဂါနဲ့ဆင်တူရင်  အရေးကြီးလို့ နီးစပ်ရာဆရာဝန်ထံပြသ ပြီး အမြန်ဆုံးဆေးကုသမှုခံယူသင့်တယ်။

၉။      ကိုယ်ဝန်ဆောင်မိခင်တွေမှာ ကာလ သားရောဂါနဲ့ဆီးချိုရောဂါတို့ မရှိသင့်

ပါဘူး။

၁ဝ။    ပြင်းထန်တဲ့ ပဋိဇီဝဆေးများ၊ အကိုက် အခဲပျောက်ဆေးများကို တန်ဆေးလွန် ဘေးဆိုတဲ့  စကားနဲ့အညီ သတိပြုဆင်ခြင် သုံးစွဲသင့်ပါတယ်။

 အဆုတ်တီဘီ ဆေးထဲက  နီယိုမိုင်ဆင်၊  စထရက်တိုမိုင်ဆင်တို့ဟာ နားလေးစေပါ တယ်။ ခန္ဓာကိုယ်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်း တစ်ခုခု ချို့ယွင်းခဲ့ရင် စိတ်သောကဖြစ်ရတာ မို့ လူတိုင်းနားရောဂါပြဿနာများမှ ကင်းဝေး ကြပါစေရေးအလေးထားလုပ်ဆောင်ကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။  

Read 96 times
Rate this item
(0 votes)
Last modified on Sunday, 24 March 2019 14:06

Latest from ကေတု