SJ WorldNews - шаблон joomla Авто

ကျန်းမာခြင်းနှင့် အသက်ရှည်ခြင်း

Monday, 22 April 2019 09:16 Written by  font size decrease font size decrease font size increase font size increase font size

ရေအသက်တစ်မနက်၊ ထမင်းအသက် ခုနစ်ရက်ဆိုသလို ကျန်းမာခြင်းနဲ့ အသက်ရှည်ခြင်းအတွက် ရေဟာအရေးကြီးတယ်။ လူ့ခန္ဓာကိုယ်ရဲ့ ၆ဝ ရာခိုင်နှုန်းဟာ ရေဖြစ်ပြီး ခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာမှာ မရှိမဖြစ် လိုအပ်တယ်။ ရေရဲ့လုပ်ငန်းတာဝန်တွေမှာ ဆဲလ်အသက်ရှိခြင်း၊ ဓာတုနှင့် ဇီဝကမ္မဓာတ်ပြုရှိခြင်း၊ အာဟာရဓာတ်များ သယ်ယူပို့ဆောင်ခြင်းနဲ့ အညစ်အကြေး စွန့်ထုတ်ခြင်း၊ ခန္ဓာကိုယ်အပူချိန် ထိန်းညှိပေးခြင်းနဲ့ အသွင်ပြောင်းခြင်းတို့မှာ မရှိမဖြစ် လုပ်ဆောင်ပေးနေတယ်။ ရေသောက်ခြင်းက ကိုယ်တွင်းအင်္ဂါများ ပုံမှန်အလုပ်လုပ်ပေးရာ တစ်နေ့တာ လန်းဆန်းစေတယ်။ အစာမစားမီ မိနစ် ၃ဝ စောပြီး ရေတစ်ဖန်ခွက် ကြိုသောက်ထားရင် အစာချေဖျက်ရာမှာ အထောက်အကူပေးတယ်။ ဝမ်းချုပ်ခြင်းနဲ့ ခန္ဓာကိုယ်ရဲ့အဆိပ်အတောက် ဖယ်ရှားနိုင်တယ်။ ရေမချိုးမီ ရေတစ်ဖန်ခွက် သောက်တာက သွေးတိုးရောဂါကို ထိန်းညှိပေးနိုင်သလို အိပ်ရာမဝင်မီ ရေသောက်ပေးရင် နှလုံးသွေးကြောနဲ့ သွေးတိုးရောဂါ ကင်းဝေးစေတယ်။

(၁) ဆဲလ်အသက်

ရေမရှိရင် ဆဲလ်များ အသက်မရှင်နိုင်။ ဆဲလ်အသက်မရှင်နိုင်ရင် လူလည်း အသက်မရှင်နိုင်ပါ။ ရေဟာ ဆဲလ်ထဲဝင်ရောက်ကာ ဆဲလ်ရဲ့အစိတ်အပိုင်း တစ်ခုဖြစ်တယ်။

(၂) ဓာတုနဲ့ ဇီဝကမ္မဓာတ်ပြုမှုများ

လူတို့စားသောက်လိုက်တဲ့ အစာများ၊ အသားဓာတ်၊ အဆီဓာတ်၊ ကစီဓာတ်များကို ဇီဝဓာတုဖြိုခွဲခြင်းမှာ ရေရှိမှဖြစ်တယ်။

(၃)အာဟာရဓာတ်များ သယ်ယူပို့ဆောင်ခြင်းနဲ့ အညစ်အကြေး ထုတ်ခြင်း

ရေဟာ အဓိကပါဝင်ပစ္စည်းဖြစ်တယ်။ သွေးဟာ အာဟာရဓာတ်ကို လိုအပ်တဲ့နေရာ ပို့ဆောင်ပေးတယ်။ ကျောက်ကပ်ဟာ ခန္ဓာကိုယ်မှ အညစ်အကြေးကို ဆီးထဲစွန့်ထုတ်တယ်။ ဆီးရဲ့အဓိကပါဝင်ပစ္စည်းဟာ ရေဖြစ်တယ်။

(၄) ခန္ဓာကိုယ်အပူချိန်ကိုထိန်းညှိပေးခြင်း

ခန္ဓာကိုယ်အပူချိန် တက်လာတဲ့အခါ ချွေးထွက်ကာ အငွေ့ပြန်စေခြင်းက ခန္ဓာကိုယ်အပူချိန်ကို ကျစေတယ်။ ချွေးရဲ့အဓိက ပါဝင်ပစ္စည်းဟာ ရေဖြစ်တယ်။

(၅) အသွင်ပြောင်းခြင်း

ရေဟာ အစာမှ အာဟာရဓာတ်အဖြစ် အသွင်ပြောင်းပါတယ်။

ရေသောက်ခြင်းမှ ပျောက်ကင်းနိုင်တဲ့ရောဂါတွေက ခေါင်းကိုက်၊ သွေးတိုး၊ သွေးအားနည်း၊ ဦးနှောက်သွေးလျှံ၊ ပါးစပ်ရွဲ့၊ အာရုံကြောကိုက်၊ ကိုယ်တစ်ခြမ်းသေ၊ အကြောရောင်၊ ဒူလာ၊ နားအူ၊ နှလုံးခုန်၊ ရင်တုန်၊ အကြောအခြင်တက်၊ အရိုးအဆစ်ကိုက်၊ အဝလွန်ရောဂါနှင့် ခြေလက်အားပျော့ ရောဂါတို့ဖြစ်တယ်။ ရေကတစ်သျှူးကို စိုစွတ်စေတယ်။ ခံတွင်း၊ မျက်စိနဲ့ နှာခေါင်း၊ ခန္ဓာကိုယ်ရဲ့အင်္ဂါနဲ့ တစ်သျှူးတွေကို ကာကွယ်ပေးတယ်။ အရိုးအဆစ် လှုပ်ရှားမှုကို  ချောမွေ့စေတယ်။ ကျောက်ကပ်နဲ့ အသည်းပေါ်မှာ ဝန်ထုပ်ဝန်ပိုးလျော့စေတယ်။ ဝမ်းမချုပ်အောင် ကာကွယ်ပေးတယ်။ သွေးထဲမှာ ရေလုံလောက်စွာရှိမှ သွေးထုထည်ပုံမှန်၊ သွေးဖိအား ပုံမှန်ဖြစ်ကာ ကျန်းမာရေးအတွက် အထောက်အကူပြုတယ်။ ရေဓာတ်ခန်းခြောက်ခြင်းမှ ကာကွယ်ပေးတယ်။

ရေဓာတ်ချို့တဲ့ခြင်း

ခန္ဓာကိုယ်တစ်ခုလုံးရှိ ရေဓာတ်တွေ ခန်းခြောက်ကာ ဇီဝကမ္မဖြစ်စဉ်တွေ ရပ်တန့်သွားခြင်းကို ရေဓာတ်ချို့တဲ့ခြင်းလို့ ခေါ်တယ်။ ၅-၈ ရာခိုင်နှုန်း ချို့တဲ့ရင် နုံးခွေကာ ခေါင်းမူးလာတယ်။ ၁ဝ ရာခိုင်နှုန်းအထက် ချို့တဲ့ရင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုဖြစ်လာပြီး ရေအလွန်ငတ်မယ်။

၁၅-၂၅ ရာခိုင်နှုန်းချို့တဲ့ရင် အသက်သေဆုံးနိုင်တယ်။ ရေဓာတ်ချို့တဲ့ခြင်း အကြောင်းရင်းမှာ ဝမ်းပျက်ဝမ်းလျှောခြင်း၊ အန်ခြင်း၊ ဆီးလွန်ခြင်း၊ ချွေးထွက်လွန်ခြင်းတို့ဖြစ်တယ်။ ဘယ်ရောဂါမဆို ခန္ဓာကိုယ်ရေဓာတ် ထိန်းညှိခြင်း စနစ်ကို ထိခိုက်ရင် ရေဓာတ် ချို့တဲ့နိုင်တယ်။ ရေရဲ့ကျန်းမာရေး အဓိကအချက်တွေက  ရေဓာတ်ချို့တဲ့မှုမရှိစေဖို့   ရေမှန်မှန်သောက်ဖို့ လိုတယ်။ 

ထို့အတူ ရေဓာတ်မလွန်ကဲအောင် ဂရုစိုက်ရမယ်။ အခြားသူတွေက ရေများများသောက်ရင် ကျန်းမာရေး ကောင်းတယ်ဆိုတာမျိုး ပုံသေမမှတ်သင့်ပါ။ ကျောက်ကပ်မကောင်းသူ၊ နှလုံးရောဂါ၊ အသည်းရောဂါရှိသူများနဲ့ ရေတိမ်ရောဂါ ရှိသူများ ရေများများသောက်ပါက ရောဂါပိုဆိုးနိုင်တယ်။

ရေဓာတ်လွန်ကဲခြင်း မဖြစ်အောင် ရေကိုလျှော့သောက်ရုံသာမက ဆားကိုပါ စားသုံးမှုပမာဏ လျှော့ရမယ်။ ဆားဓာတ်ဟာ ရေနဲ့အရည်တွေ စုပ်ယူတတ်လို့ဖြစ်တယ်။ ဆားဆိုရာမှာ ငန်တဲ့ဆား၊ မငန်တဲ့ဆား နှစ်မျိုးရှိတယ်။

ငန်တဲ့ဆားမှာ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ အိမ်သုံးဆားတို့ဖြစ်တယ်။

မငန်တဲ့ဆားမှာ မုန့်ဖုတ်ဆော်ဒါ၊ ထပ်တစ်ရာ၊ အီကြာကွေး၊ ပလာတာတို့ ပါဝင်တယ်။  အချိုမှုန့်၊ ကြက်သားမှုန့်မှာ ဆား (Mono Sodium Gluconate) ပါဝင်တယ်။

ဆားများတဲ့အစာဟာ သွေးကိုတိုးစေတယ်။ နှလုံးရောဂါရှိသူများ ပိုပြီး မောစေ၊ ဖောစေတယ်။ အသည်းရောဂါရှိသူများ ရေဖျဉ်းပိုတင်းလာစေတယ်။ ကျောက်ကပ် မကောင်းသူများ ပိုပြီးမောလာစေတယ်။ မျက်စိရေတိမ် ရောဂါ ရှိသူများ မျက်စိရေတိမ်တက်ကာ မျက်စိကွယ်စေနိုင်တယ်။ အငန်ရှောင်ရုံနဲ့ မလုံလောက်ဘဲ မငန်တဲ့ဆားများပါ ရှောင်သင့်တဲ့ သဘောဖြစ်တယ်။ အစာအိမ်နာ၊ ဝမ်းကိုက်၊ ဝမ်းချုပ်၊ အူကျ၊ လိပ်ခေါင်းနဲ့ ဆီးချိုရောဂါ လျော့ပါးစေချင်ရင် ရေများများ သောက်ပေးဖို့လိုမယ်။

ရေများများသောက်ခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာ၊ နှာခေါင်းရောင်နာ၊ လည်ပင်းရောဂါတို့ အဖြစ်နည်းစေတယ်။ ကြိုတင်ကာကွယ်ခြင်းမှာ ရေမှန်မှန်သောက်ရမယ်။ ရေဆာတိုင်း ရေသောက်၊တစ်နေ့မှာ နှစ်လီတာ သောက်ရမယ်။ ပူအိုက်တဲ့အချိန်၊ အားကစား လုပ်တဲ့အချိန်မှာ ရေပိုသောက်သင့်တယ်။ ချွေးထွက်လွန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ အန်ခြင်း၊ အဝလွန်ခြင်းတို့ ရှိရင် ရေဓာတ်သာမက ဆားဓာတ်ပါ ဆုံးရှုံးစေလို့ ရေနဲ့ ဓာတ်ဆား၊ ဓာတ်ဆားရည်၊ သီးစုံဓာတ်ဆားရည် သောက်ပေးဖို့လိုမယ်။

သွေးပေါင်ချိန်အရမ်းကျရင် ဆရာဝန်က ရေနဲ့ဓာတ်ဆားပါ အကြောဆေးပုလင်းကြီး သွင်းပေးရသည်အထိ ဖြစ်နိုင်တယ်။

စိတ်ဖိစီးမှု

ကျန်းမာသက်ရှည်ခြင်းရဲ့လျှို့ဝှက်ချက်အနက် အရေးကြီးတဲ့ အချက်မှာ စိတ်ဖိစီးမှု ကင်းဝေးရေးဖြစ်တယ်။ ကျန်းမာရင် စိတ်သွားတိုင်းကိုယ်ပါ ဖြစ်ပြီး စိတ်ဖိစီးမှုများရင် စိတ်ထောင်းတိုင်း ကိုယ်ကြေဖြစ်ကာ ကိုယ်ခန္ဓာကျန်းမာရေး ထိခိုက်နိုင်တယ်။ ''စိတ်ထားထက်မြတ်သည်''ဆိုတာထက် ကိုယ့်စိတ်ကိုယ်သိဖို့၊ စိတ်ထားတတ်ဖို့လိုတယ်။ ဗုဒ္ဓတရားတော် ယောနိသောမန သီကာရက အရာရာကို သိပ်မခံစားလိုက်ရဘဲ နေတတ်ရင် ကျေနပ်စရာ ဘဝနေပျော်စေမှာ ဖြစ်တယ်။ မြန်မာ့ဆိုရိုးအရ လောကမှာ လောကဓံတရား ရှစ်ပါးရှိရာ အကောင်းလေးပါးအရ လာဘ်လာဘရခြင်း၊ အခြွေအရံပေါများ

ခြင်း၊ ချစ်ခင်နှစ်သက်သူနှင့် ပေါင်းဖော်ရခြင်း၊ ရောဂါဘယ ကင်းဝေးခြင်း၊ အဆိုးတရား လေးပါးဖြစ်တဲ့ လာဘ်မရခြင်း၊ အခြွေအရံနည်းပါးခြင်း၊ အထီးကျန်ဆန်ခြင်း၊ ချစ်ခင်နှစ်သက်သူနဲ့ ကွေကွင်းရခြင်းနဲ့ ဆင်းရဲဒုက္ခများလည်း ကြုံတွေ့တတ်ကြောင်း သိထားရမယ်။ ရုတ်တရက်ကြုံရင် မအံ့သြ၊ မထိတ်လန့်သင့်ဘဲ စိတ်ဆင်းရဲမှု နည်းနိုင်သမျှ နည်းရမယ်။

စိတ်ဖိစီးမှုဟာ ဦးနှောက်နဲ့ ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုပဲဖြစ်တယ်။ စိတ်ဖိစီးမှု ဖြစ်ရင် ခေါင်းကိုက်ခြင်း၊ သွေးတိုးခြင်း၊ နှလုံးပြဿနာများ၊ ဆီးချို၊ သွေးချို၊ အရေပြားရောဂါများ၊ နှလုံးပြဿနာများ၊ ပန်းနာရင်ကျပ်ရောဂါ၊ အဆစ်အမျက်ရောင် ရောဂါ၊ စိတ်ကျရောဂါနဲ့ စိုးရိမ်မှုလွန်ကဲတဲ့ ရောဂါများဖြစ်ရခြင်းမှာ စိတ်ဖိစီးမှုက ပါဝင်ပတ်သက်တယ်။

ကိုယ့်ဘက်က တတ်နိုင်သလောက် အလုပ်ကို နိုင်နင်းအောင် လုပ်သင့်တယ်။ အလုပ်လောဘကြီးရင် မနိုင်ဘဲရှိကာ စိတ်ဖိစီးမှုများလို့ ကျန်းမာရေး ထိခိုက်ရုံမက စိတ်ဖိစီးမှုပါ များနိုင်တယ်။ မတတ်နိုင်တဲ့ အလုပ်အားလုံးအပေါ် မလုပ်ပေးရကောင်းသလား။ စိတ်ဆင်းရဲခြင်း မဖြစ်သင့်ပါဘူး။ စိတ်ဖိစီးမှုဟာ လိုအပ်ချက်တစ်ခု အဖြစ်အပျက် တစ်ခုဖြစ်ပြီး ယင်းအဖြစ်အပျက်တစ်ခုကို ကိုယ့်ရဲ့ဦးနှောက်နဲ့ ခန္ဓာကိုယ်က တုံ့ပြန်ချက်ပဲဖြစ်တယ်။ သည့်အတွက် ကိုယ်နဲ့တန်တဲ့ အလုပ်ကိုသာ မဆုတ်မနစ်တဲ့ စိတ်နဲ့ကြိုးစား လုပ်ကိုင်သင့်တယ်။ ကိုယ့်ရဲ့သည်းခံနိုင်စွမ်း မြှင့်တင်ပေးနိုင်ရမယ်။ အချို့အံ့သြဖွယ်ရာ

သည်းခံခြင်း တရားကြောင့် စိတ်ဖိစီးမှု ကင်းဝေးကာ ဘဝမှာနေပျော်နိုင်ကြတာ တွေ့ရှိရမှာဖြစ်တယ်။ ဆိုရရင် ဘာသာတရား လိုက်စားသူတွေ ပိုမိုအသက်ရှည် နေထိုင်နိုင်ခြင်းဟာ စိတ်ဖိစီးမှု လျော့လို့ဖြစ်ပါတယ်။  

ဒေါက်တာလွင်သန့်

Read 41 times
Rate this item
(0 votes)
Last modified on Monday, 22 April 2019 09:18

Latest from ကေတု