SJ WorldNews - шаблон joomla Авто

ဆင်တုပ်ကွေး ကပ်ရောဂါအသွင် ဖြစ်လာမလား

Monday, 22 July 2019 10:20 Written by  font size decrease font size decrease font size increase font size increase font size

ဆင်တုပ်ကွေးရောဂါဟာ  တုပ်ကွေးဗိုင်းရပ်ကြောင့် ဖြစ်ပွားနေပြီး ထူးခြားချက်က ခြင်နဲ့သက်ဆိုင်နေတယ်။ ထားဝယ်ခရိုင် ရေဖြူမြို့နယ် နဘုလယ်ဒေသ ဘဝါကမ်းခြေကျေးရွာမှာ မတ် ၅ ရက်မှ စတင်ကာ ဆင်တုပ်ကွေးရောဂါ လက္ခဏာများ အစုလိုက်၊ အပြုံလိုက်ဖြစ်ပွားနေကြောင်း တနင်္သာရီပြည်သူ့ ကျန်းမာရေး ဦးစီးဌာနရှိ ပိုးမွှားမှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါများ ကာကွယ်နှိမ်နင်းရေးအဖွဲ့ (ရပကန)ထံမှ သိရသည်။ အဓိကခြင်ကိုက်ခြင်းမှ တစ်ဆင့် ကူးစက်ကြောင်း အဖွဲ့ခေါင်းဆောင် ဒေါက်တာနန္ဒဝင်း ကဆိုတယ်။

ဆင်တုပ်ကွေးရောဂါမှာ သွေးလွန်တုပ်ကွေး ရောဂါပိုး သယ်ဆောင်တဲ့ ခြင်ကိုက်ခံရခြင်းကြောင့် ကူးစက်ခြင်းဖြစ်ကာ အသက်သေဆုံးတဲ့ အထိ အန္တရာယ်ဖြစ်ပွားနိုင်ခြေ မရှိပေမယ့် လူအများအပြား ကူးစက်လေ့ရှိရာ ရေဖြူကျန်းမာရေးဌာန အဆိုအရ ဖျားနာ ၃၃ ဦး၊ ဖျားနာအဆစ်ကိုက်ခဲ ၃၇ ဦး၊ ဖျားနာအဆစ်ကိုက်ခဲ အနီကွက်ထ ၁၃ ဦး ပေါင်း ၈၃ ဦး ဖြစ်ပွားနေကာ ကပ်ရောဂါအသွင် ဖြစ်လာနိုင်ကြောင်း သိရတယ်။ ခြင်ကိုက်ခံရခြင်းမှ တစ်ဆင့် ကူးစက်တတ်တဲ့ ဆင်တုပ်ကွေးဖြစ်ရင် အပြင်းဖျားခြင်း၊ ခြေဆစ်လက်ဆစ်နာကျင် ကိုက်ခဲခြင်း၊ အနီကွက်ထခြင်းစတဲ့ လက္ခဏာများ ဖြစ်ပေါ်လေ့ရှိကြောင်း သိရတယ်။ ၂ဝ၁ဝ ပြည့်နှစ် ဝန်းကျင်ကလည်း ကော့သောင်းမြို့နယ်မှာ ဆင်တုပ်ကွေးရောဂါ  ဖြစ်ပွားခဲ့ပြီး လူအများအပြား ကူးစက်ခံရကြောင်း တနင်္သာရီ(ရပကန)အဖွဲ့ထံမှ သိရပါတယ်။ သွေးလွန်တုပ်ကွေး ရောဂါနှင့် ဆင်ဆင်တူနေပါတယ်။

ခြင်ကိုက်ခံရခြင်း ကင်းဝေးစေဖို့ ခြင်ဆေးဖျန်းခြင်းကြောင့် ပိုးလောက်လမ်း နှိမ်နင်းရေး ရေ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ သံသယရှိ လူနာတိုင်းရဲ့ သွေးနမူနာများ ဓာတ်ခွဲစစ်ဆေးဖို့ ထပ်မံပေးပို့ခြင်းနဲ့ ဆေးရည်စိမ်ခြင်ထောင် ၃၅ဝဝ ခန့် ဖြန့်ဝေထားကြောင်း သိရတယ်။ ရေရှားပါးတဲ့ အရပ်ဖြစ်လို့ ရေခွက်၊ ရေပုံး၊ ရေအိုးတို့နဲ့ ရေသိုလှောင်ထားလို့ ခြင်ပေါက်ပွားမှု ပိုများလာခြင်းဖြစ်ကာ လောက်လမ်းသေဆေး အဘိတ်ဆေးခတ်ခြင်း ဆောင်ရွက်  တာတွေ့ရတယ်။

တုပ်ကွေးရောဂါဟာ တုပ်ကွေးဗိုင်းရပ်ကြောင့်ဖြစ်ပြီး အသက်ရှူလမ်းကြောင်းက တစ်ဆင့်ဖြစ်ကာ အအေးမိခြင်း၊ နှာစေးခြင်း၊ ကိုယ်လက် ကိုက်ခဲခြင်း၊ ဖျားနာခြင်းတို့ ခံစားရတယ်။ ဆင်တုပ်ကွေးက အသက်ရှူလမ်းကြောင်းအပြင် ခြင်ကိုက်ခြင်းမှ ကူးစက်နိုင်လို့ ပိုပြီးကူးစက် လွယ်ကူလာခြင်းပဲဖြစ်တယ်။ရောဂါကူးစက်ခံရပြီး တစ်ရက်၊ နှစ်ရက်အကြာမှာ ရောဂါလက္ခဏာများ စတင်ခံစားရရှိနိုင်ပါတယ်။ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ ဖျားနာခြင်း၊ နုံးချည့်ခြင်း၊ ကိုယ်လက် မအီမသာဖြစ်ခြင်း၊ ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်းတို့ ဖြစ်ပေါ်ကာ အများစုမှာ ငါးရက်၊ ခုနစ်ရက်အတွင်း ပျောက်ကင်းသွားတတ်တယ်။ ရောဂါပြင်းထန်ရင် ဒုတိယဗက်တီးရီးယား ရောဂါကြောင့် အဆုတ်ရောင်ခြင်း၊ အဆုတ်ပျက်စီးခြင်းတို့ ဖြစ်နိုင်တယ်။

လူတိုင်းဖြစ်နိုင်လို့ အသက်ငယ်ရွယ်လွန်းသူ၊ ကြီးလွန်းသူနဲ့ နာတာရှည်ရောဂါ ခံစားနေရသူများ၊ ကိုယ်ဝန်ဆောင်မိခင်တို့မှာ ပိုမိုဖြစ်ပွား ပြင်းထန်တတ်ပါတယ်။ လူစုလူဝေးနေရာတွေဖြစ်တဲ့ ကျောင်း၊ ဆေးရုံ၊ ပွဲလမ်းသဘင်တွေမှာ အားကစားကွင်းနဲ့ ရုံးမှာ ရောဂါကူးစက်နိုင်တယ်။

ရောဂါကုသမှုမှာ အနားယူခြင်း၊ ရေကျက်အေး များများသောက်ခြင်း၊ အပူကြီးပါက ရေဖတ်တိုက်ခြင်း၊ ရောဂါလက္ခဏာ သက်သာစေရေးအတွက် အကိုက်အခဲပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေး၊ နှာစေးပျောက်ဆေး၊ ပဋိဇီဝဆေး တို့ သောက်သုံးခြင်းမှ ရောဂါလက္ခဏာ သက်သာစေနိုင်ပါတယ်။

တုပ်ကွေးကာကွယ်ဆေးထိုးနှံကာ ရောဂါကာကွယ်နိုင်တယ်။ရောဂါမကူးစက်ရအောင် လက်ကို ရေ၊ ဆပ်ပြာတို့နဲ့ စက္ကန့် ၂ဝ ကျော်ကြာ ဆေးကြောရမယ်။ ရောဂါဖြစ်နေသူနဲ့ ဖြစ်နေတယ်လို့ ယူဆရသူတွေနဲ့ လက်တစ်ကမ်းအကွာ   ပိုဝေးရာမှာနေသင့်တယ်။ လူစုလူဝေးနေရာ၊ ပွဲလမ်းသဘင် ရှောင်သင့်ပါတယ်။ အာဟာရပြည့်ဝစေတဲ့ အစားအစာတွေစားပေးရမယ်။ ရေများများသောက်ရမယ်။ လုံလောက်စွာ အိပ်စက်အနားယူရမယ်။ လက်ဆွဲနှုတ်ဆက်ခြင်း၊ စည်းကမ်းမဲ့ တံတွေးထွေးခြင်း၊ ဆရာဝန် မညွှန်ကြားဘဲ ဆေးထိုး၊ ဆေးသောက်ခြင်း ရှောင်ရပါမယ်။

တုပ်ကွေးမိပြီဆိုရင် လက်ကိုင်ပဝါနဲ့ နှာချေချောင်းဆိုးသင့်တယ်။ ပါးစပ်နဲ့နှာခေါင်းကို နှာခေါင်းစည်းနဲ့ ဖုံးအုပ်ရမယ်။ အိမ်မှာနားနေသင့်တယ်။

အခြားသူတွေနဲ့ ထိတွေ့ဆက်ဆံခြင်းကို  တတ်နိုင်သမျှ ရှောင်သင့်တယ်။

လုံလောက်စွာ အနားယူသင့်တယ်။  ရေများများ သောက်သင့်တယ်။ ကျန်းမာရေး အကြံပြုချက်တွေ ရယူသင့်ပါတယ်။

ရောဂါကာကွယ်ရေးအတွက် ဆောင်ရွက်ရမယ့် အချက်တွေက တုပ်ကွေးရောဂါ ဖြစ်ပွားမှုများပြားရင် နီးစပ်ရာ ကျန်းမာရေးဌာနကို အကြောင်းကြားပြီး ရောဂါကုသမှု ချက်ချင်းခံယူသင့်ပါတယ်။ ချောင်းဆိုးခြင်း၊ နှာချေခြင်းပြုရင် လက်ကိုင်ပဝါ အသုံးပြုသင့်တယ်။ ရောဂါဖြစ်ပွားရင် နှာခေါင်းစည်း အသုံးပြုရမယ်။ ရောဂါဖြစ်သူတွေ ထိတွေ့ကိုင်တွယ်ပြီးရင် လက်ဆေးသင့်တယ်။ တုပ်ကွေးရောဂါ ကာကွယ်ဆေးဟာ တုပ်ကွေးရောဂါဖြစ်ပွားမှုနဲ့ ရောဂါပြင်းထန်မှုကို လျော့နည်းနိုင်တယ်။ တုပ်ကွေးရောဂါ ကာကွယ်ဆေးကို အသက်ကြီးလွန်းသူများ၊ နာတာရှည်ရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင် မိခင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကလေးငယ်များထိုးနှံပေးသင့်တယ်။

တုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးနှံခြင်းက ဆင်တုပ်ကွေးရောဂါ ဖြစ်ပွားမှု ကာကွယ်နိုင်ပါတယ်။

၂ဝဝ၉ ခုနှစ်က ကမ္ဘာ့ဆင်တုပ်ကွေးကို ကယ်လီဖိုးနီးယား အလယ်ကမ်းရိုးတန်း၊ အမေရိကန်မှာ ဖြစ်ပွားဖူးကြောင်း မှတ်တမ်းအရ သိရတယ်။

ရေနေသတ္တဝါတွေက တစ်ဆင့် ကူးစက်တယ်လို့ယူဆခဲ့ပြီး တုပ်ကွေးဗိုင်းရပ် (A/H1N1) ဗိုင်းရပ်ကို တွေ့ရှိခဲ့ရာ ကပ်ရောဂါ ဆန်ဆန်ဖြစ်ခဲ့တယ်။

တုပ်ကွေးဗိုင်းရပ်အနေနဲ့ မျိုးစိတ်များ ပြောင်းလဲဖြစ်ပွားခဲ့ပါတယ်။

ပလော့ဝမ်း(Plos one )ဂျာနယ်မှာ ပုံနှိပ်ဖော်ပြချက်အရ ၂ဝဝ၇ ခုနှစ်ကတည်းက တွေ့ရှိတာဖြစ်ပြီး လူတွေကို ဘယ်လိုကူးစက်တယ်။ ကျန်းမာရေး ပညာပေးတွေ ဘယ်လိုညွှန်ကြားထားသင့်တယ်။ ရောဂါအသွင်ဖြစ်ရင် ဘာတွေ လုပ်သင့်တယ်ပြုစုခဲ့ပြီး လူနဲ့တိရစ္ဆာန်တို့ ရောဂါဖြစ်ပွားမှုအပေါ် တုပ်ကွေးဗိုင်းရပ် ပုံစံတွေ လေ့လာခဲ့တယ်။

၂ဝဝ၉-၂ဝ၁၁ ခုနှစ်တွေမှာ ရေတပ်သား ၉ဝဝ ကျော်ရဲ့ နှပ်ရည်တွေ နမူနာယူခဲ့ကြပြီး အလက်စကားမှ ကယ်လီဖိုးနီးယားကမ်းခြေ ပစိဖိတ်ကမ်းခြေ တစ်လျှောက် ဆင်တုပ်ကွေးဖြစ်ပွားမှုရှာဖွေခဲ့ရာ ၂၈ ဦးတွေ့ခဲ့တယ်။

တုပ်ကွေးရောဂါ လက္ခဏာမပြဘဲ ရှိတတ်သလို ရေတပ်သားတွေသာမက ပြည်သူတွေမှာလည်း ဖြစ်ပွားကြောင်း သိရတယ်။ တိရစ္ဆာန်ဆရာဝန်တွေ၊ တိရစ္ဆာန်သားသတ်သမားတွေ၊ မွေးမြူရေးသမားတွေ၊ တိရစ္ဆာန်တွေနဲ့ ပတ်သက်တဲ့ သူတွေထံမှာ ပိုဖြစ်ပွားကာ ပြန်လည်နေရာ ချထားစရာများပြုလုပ်ခဲ့ကြတယ်။ တုပ်ကွေးဖြစ်ပြီးသူတွေပြန်ဖြစ်တတ်တယ်။ တိရစ္ဆာန်မှ တစ်ဆင့် လူကိုကူးစက်မှု နည်းနိုင်သမျှ နည်းစေဖို့ မွေးမြူရေးခြံတွေ လူနေအိမ်နဲ့ ၃ မိုင်အကွာမှာ ထားရှိမွေးမြူစေတယ်။ ၂ဝဝ၉ ခုနှစ်မှာ ဆင်တုပ်ကွေး (A/H1N1)ဟာ ကပ်ရောဂါ အသွင်ဖြစ်လာပါတယ်။

ဒေါက်တာဂိုးစတိန်းက ပင်လယ်ကမ်းခြေမှာ နေတဲ့သူတွေဖြစ်ပွားတာမှန်တယ်။ ၂ဝ၁ဝ ပြည့်နှစ်မှာတော့ နွေဦးပေါက်ရာသီမှာ တုပ်ကွေး Positive လူနာတွေများလာတယ်။ ဘာကြောင့်ဖြစ်ရတာလဲ။ ဆင်တုပ်ကွေးရောဂါဟာ ပစိဖိတ်အရှေ့မြောက် ကမ်းခြေက စတင်ကာ ကယ်လီဖိုးနီးယားကို ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလမှာ ကပ်ရောဂါအသွင် ဖြစ်စေတယ်။ ပင်လယ်ကမ်းခြေ ဆန်ဆိုင်မွန်အနီးက Point Peedrius Blanca သွားသူဟာ ဧပြီ ၂၄ ရက်က ရောဂါကူးစက်ခံရကြောင်း အရှေ့မြောက်ပစိဖိတ်က ပြန်လာပြီး မေ ၅ ရက်

မှာဖြစ်ပွားခဲ့တယ် ဆိုတယ်။ သည်အချိန်ထိ ဆင်တုပ်ကွေးရောဂါကို လူလူချင်း၊ မွေးမြူထားတဲ့ တိရစ္ဆာန်မှ လူကို ကူးစက်တာတွေ့တယ်။

မြန်မာနိုင်ငံ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ဘဝါကမ်းခြေမှာ ဆင်တုပ်ကွေး A/H1N1) ရောဂါကို ခြင်ကိုက်လို့ဖြစ်တယ်ဆိုတာ သက်သေပြဖို့ သုတေသနပြုဖို့တော့ လိုနေတယ်။ ဖြစ်နိုင်ပါတယ်။ ၂ဝ၁၄ ကမ္ဘာ့ဖလားဘောလုံးပွဲကို ဘရာဇီးနိုင်ငံမှာ ကျင်းပတော့ ခြင်ကျားမှတစ်ဆင့် ကူးစက်ခံရတဲ့ ဇီကာဗိုင်းရပ်ကြောင့် ကိုယ်ဝန်ဆောင်မိခင်မှ ရင်သွေးငယ် ကူးစက်ခံရကာ ဦးခေါင်းသေး၊ ဉာဏ်ရည်နိမ့်ကလေးများ မွေးဖွားကြောင်း ဇီကာကပ်ရောဂါအသွင် ကာလအတွင်း ကိုယ်ဝန်မယူဖို့ တားမြစ်ခဲ့ဖူးတယ်။

ယခုရေဖြူမြို့နယ်မှာ ကပ်ရောဂါအသွင်ဖြစ်လာတဲ့ ဆင်တုပ်ကွေးရောဂါ (ဗ။ံ၁ြ၁)ဟာ  ခြင်ကိုက်ခံရခြင်းမှတစ်ဆင့်ကူးစက်ကြောင်း  မှန်ကန်ရင် ခြင်နှိမ်နင်းရေး  ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ဖို့လိုလာတယ်။ စောင့်ကြည့် နေသင့် တယ်။  

ဒေါက်တာ လွင်သန့်

Read 244 times
Rate this item
(0 votes)
Last modified on Monday, 22 July 2019 10:21