SJ WorldNews - шаблон joomla Авто

အမြန်လမ်းတွင် ယာဉ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွား

Thursday, 03 August 2017 16:05 font size decrease font size decrease font size increase font size increase font size

ရေတာရှည်   သြဂုတ်   ၂

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ယနေ့ နံနက်ပိုင်းက နာရီပိုင်းအတွင်း ယာဉ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ နံနက် ၂ နာရီ ၄၅ မိနစ်တွင် ရေတာရှည်မြို့နယ် သာဂရ အမြန်လမ်းမကြီး ရဲစခန်းအပိုင် မိုင်တိုင်အမှတ် (၁၈ဝ/၁)နှင့် (၁၈ဝ/၂) အကြားတွင် နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ပဲခူးမြို့နယ် နန်းတော်ရာ ရပ်ကွက်နေသူ ဇော်မင်းမင်း မောင်းနှင်သော 3N/... ...ပြည့်ဝခရီးသည် တင်ယာဉ်မှာ အခင်းဖြစ်ပွားရာ နေရာအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ရှေ့ကွန်ကရစ်လမ်း၏အစပ်တွင် စက်ချွတ်ယွင်းသဖြင့် ရပ်ထားသော မီနီဘတ်ယာဉ်၏ နောက်ပိုင်းကို  ဝင် တိုက်မိရာ ယာဉ်နှစ်စီးပေါ်ပါရှိသူများ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘဲ ခရီးသည်တင်ယာဉ်မှာ ငွေကျပ်သိန်း ၂ဝ ဖိုးခန့်နှင့်  မီနီဘတ်ယာဉ်မှာ ငွေကျပ် ၁ဝ သိန်းဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့သည်။

ထို့ပြင် နံနက် ၄ နာရီ ၁၅ မိနစ်တွင် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ စစ်ကိုင်းမြို့ သာစည် ရပ်ကွက်နေသူ မင်းမင်း မောင်းနှင်လာသော ယာဉ်အမှတ် 5M/..ခရီးသည်တင်အမြန်ယာဉ်မှာ ပျော်ဘွယ်မြို့နယ် ပေပင်လေး အမြန်လမ်းမကြီး ရဲစခန်းအပိုင် မိုင်တိုင်အမှတ် (၂၆ဝ/၇)၌ အရှိန်မ ထိန်းနိုင်ဘဲ လမ်းလယ်ကပ်တုံးများကို တိုက်မိပြီး လမ်းလယ်ကျွန်း ပေါ်သို့ရောက်ရှိသွားရာ ယာဉ်ပေါ်ပါ ခရီးသည်များ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိသော်လည်း ယာဉ်မှာဘန်ပါပြုတ်ထွက်၊   မီးသီးကွဲ၊ အခြားပျက်စီးမှု ငွေကျပ်နှစ်သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဇော်မင်းမင်းကို သာဂရ အမြန်လမ်းမကြီး ရဲစခန်းက ယာဉ်(ပ) ၁၃/၂ဝ၁၇၊ ရာဇသတ်ကြီး ဥပ ဒေပုဒ်မ ၂၇၉ ဖြင့်လည်းကောင်း၊ မင်းမင်းကို ပေပင်လေး အမြန်လမ်းမကြီး ရဲစခန်းက ယာဉ်(ပ)၃၇/၂ဝ၁၇ ဖြင့်လည်း ကောင်း အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Read 1995 times Last modified on Friday, 04 August 2017 13:23