SJ WorldNews - шаблон joomla Авто

သိန်းသုံးရာ ကျော်တန်ဖိုးရှိ စိတ်ကြွ ဆေးပြားများ သိမ်းဆည်းရမိ

Friday, 12 January 2018 10:08 font size decrease font size decrease font size increase font size increase font size

တောင်ကြီး  ဇန်နဝါရီ  ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ညောင်ဖြူစခန်းရပ်ကွက်၌ ယမန်နေ့ည ၇ နာရီက နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား များ သိမ်းဆည်းရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ တောင်ကြီးနယ်မြေရဲစခန်းကဒုတိယရဲအုပ် လင်းလင်းဇော် ဦးစီးအဖွဲ့သည် သက်သေများနှင့်အတူ   မူးယစ်ဆေးဝါး သတင်းအရ တောင်ကြီးမြို့ ညောင်ဖြူစခန်း ရပ်ကွက်နေ  မောင်ပေ (ခ) ဘုန်းမြင့်နိုင်၏ နေအိမ်ကို  ဝင်ရောက်ရှာဖွေရာ   နေအိမ်အောက်ထပ် အိပ်ခန်းအတွင်းတွင် မောင်ပေ(ခ) ဘုန်းမြင့်နိုင်အား အသင့်တွေ့ပြီး အိပ်ခန်း အတွင်း  ခုတင်၏ဝဲဘက်ခြမ်း ပျဉ်ပြားကြားအတွင်း၌ လိမ္မော်ရောင်အဖုံးပါ အကြည်ရောင် ပလတ် စတစ်ဘူး အတွင်းထည့်ထားသော  WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၁၂၅ ပြားအား ရှာဖွေတွေ့ရှိရ သည်။

ဆက်လက်၍နေအိမ်အားရှာဖွေရာ နေအိမ်အပေါ်ထပ်နေ မောင်ပေ(ခ)ဘုန်းမြင့်နိုင်၏ အစ်မတော်စပ်သူ မနန်းသိန်း နု၏ အိပ်ခန်း အတွင်းမှ အပြာရောင်ပလတ်စတစ်ကပ်ခွာ အိတ်ဖြင့်ထည့်ထားသော WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၂ဝဝ ပြားစီပါ ၆၂ ထုပ်၊ ၁ဝဝ ပြားပါတစ်ထုပ် ဆေးပြားပေါင်း ၁၂၅ဝဝ ပြား စုစုပေါင်း ဆေးပြား ၁၂၆၂၅ ပြား ကာလတန်ဖိုးငွေကျပ် ၃၇၈၇၅ဝဝဝ တို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ စိတ်ကြွဆေးပြားများ လက်ဝယ်တွေ့ရှိသူ မောင်ပေ(ခ)ဘုန်းမြင့်နိုင်နှင့်  မနန်းသိန်းနုတို့ကို တောင်ကြီး နယ်မြေရဲစခန်းက မယ(ပ)၃/၂ဝ၁၈၊ မူး/စိတ်ပုဒ်မ၁၅/၁၉(က)/၂၁ အရ အမှုဖွင့် ဆောင်ရွက်ထား ကြောင်း သိရသည်။ 

Read 195 times Last modified on Friday, 12 January 2018 10:09