SJ WorldNews - шаблон joomla Авто

ဆိုလာအားသွင်းသည့် အင်ဗာတာဝါယာကြိုး အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွား

Saturday, 13 January 2018 09:45 font size decrease font size decrease font size increase font size increase font size

ဖားကန့် ဇန်နဝါရီ ၁၂

ကချင်ပြည်နယ် ဖားကန့်မြို့ မှော်ရှန်ကျေးရွာ ရပ်ကွက်(၂)ရှိ နေအိမ်တစ်အိမ်၌ ယမန်နေ့ ညနေ ၃ နာရီ မိနစ် ၂ဝ က ဆိုလာအားသွင်းထားသည့် အင်ဗာတာဝါယာကြိုး အပူလွန်ကဲ၍ နေအိမ်အားမီးကူးစက် လောင်ကျွမ်း မှုဖြစ်ပွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ညနေ ၃ နာရီ မိနစ် ၂ဝ က ဖားကန့်မြို့ မှော်ရှန်ကျေးရွာရပ်ကွက် (၂)ရှိ အိမ်အမှတ်(၂/၉ဝ-က)နေ ဦးမောင်မောင်ကျော် (ခ)အောင်ကျော်သန်း ၅ဝ နှစ်၏ နေအိမ်တွင် ဆိုလာအားသွင်းစနစ်ဖြင့် သွယ်တန်းထားသည့် အင်ဗာတာဝါယာကြိုးမှာ အပူရှိန်လွန်ကဲပြီး မီးလောင်ကျွမ်းခြင်း ဖြစ်သည်။ မီးလောင်မှုဖြစ်ပွားရာသို့ ဖားကန့်မြို့ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပြေငြိမ်းနှင့် မီးသတ်တပ် ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဦးနှင့်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများက ရေသယ်ယာဉ်သုံးစီး၊ မီးငြှိမ်းသတ်ယာဉ်သုံးစီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ရာ ညနေ ၃ နာရီ မိနစ် ၄ဝ တွင် မီးငြိမ်းသွားပြီး မီးလောင်မှုကြောင့် အလျား ပေ ၄ဝ၊ အနံပေ ၃ဝ ရှိ ထရံကာသွပ်မိုး၊ ပျဉ်ခင်းတစ်ထပ် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ မောင်မောင်ကျော်(ခ)အောင်ကျော်သန်းကို ဖားကန့်မြို့မရဲတပ်ဖွဲ့စခန်းက (ပ)၅/၂ဝ၁၈၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၈၅ အရအမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Read 815 times Last modified on Saturday, 13 January 2018 09:47