SJ WorldNews - шаблон joomla Авто

ပြည်-တောင်ကုတ် ကားလမ်းတွင် ဆိုင်ကယ်တစ်စီးအား ရပ်တန့်စစ်ဆေးရာ စိတ်ကြွ ဆေးပြား ၄ဝဝ ခန့်သိမ်းဆည်းရမိ

Saturday, 13 January 2018 09:47 font size decrease font size decrease font size increase font size increase font size

ပန်းတောင်း ဇန်န၀ါရီ ၁၂

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်-တောင်ကုတ်ကားလမ်းပိုင်း ပန်းတောင်းမြို့နယ်အတွင်း ယမန်နေ့ ညနေပိုင်းက ဆိုင်ကယ်တစ်စီးအား ရပ်တန့်စစ်ဆေးရာ WY စာတန်းပါ စိတ်ကြွဆေးပြား၎ဝဝ ခန့်သိမ်းဆည်း ရမိကြောင်း ပန်းတောင်းမြို့မရဲစခန်းမှ သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ညနေပိုင်းက ပန်းတောင်းမြို့နယ် ပြည်-တောင်ကုတ် ကားလမ်းမိုင်တိုင်(၈/၁)နှင့်(၈/၂)အကြား နတ်မောက်ကျေးရွာအနီး မူးယစ်တပ်ဖွဲ့ စု(ပြည်)အပါအဝင် ရဲတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့များ စောင့်ဆိုင်းနေစဉ် ပြည်မြို့မှဥသျှစ်ပင်မြို့သို့ မောင်းနှင်လာသော Honda Click-125 ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်မောင်းသူ ဇော်မင်းထွန်း ဝတ်ဆင်ထားသော အင်္ကျီ အိတ်ကပ်အတွင်း ပလတ်စတစ်အိတ်ဖြင့် ထည့်လျက် WY စာတန်းပါပန်းရောင် စိတ်ကြွဆေးပြား ၁၉ဝ ပြားစီပါနှစ်ထုပ် စုစုပေါင်း၃၈ဝ ပြား ငွေစက္ကူရောရာငွေကျပ် ၂ဝဝဝဝဝ နှင MI အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ဇော်မင်းထွန်းကို ပန်းတောင်းမြို့မရဲစခန်းက မူးယစ်(ပ)၁/၂ဝ၁၈၊ မူး/စိတ်ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ (က)အရအမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Read 8 times Last modified on Saturday, 13 January 2018 09:57