SJ WorldNews - шаблон joomla Авто

ဘိန်းဖြူများနှင့် ပန်းရောင်စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ

Saturday, 13 January 2018 09:57 font size decrease font size decrease font size increase font size increase font size

အင်းတော် ဇန်နဝါရီ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် ကြိမ်ချောင်းကျေးရွာနှင့် ကျောက်အိုးကျေး ရွာလမ်းဘေးရှိ လယ်တောတဲကို ယမန်နေ့နံနက် ၇ နာရီက ဝင်ရောက်ရှာဖွေရာ အမျိုးသားနှစ်ဦးထံမှ ဘိန်းဖြူများနှင့် WY စာတန်းပါ ပန်းရောငစိတ်ကြွဆေးပြားများ သိမ်းဆည်းရမိကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ နံနက် ၇ နာရီကကသာမြို့ မူးယစ်တပ်ဖွဲ့စု(၆)မှ ရဲအုပ်ကျော်စိုးလင်းနှင့် အဖွဲ့သည် အင်းတော်မြို့နယ် ကြိမ်ချောင်းကျေးရွာနှင့် ကျောက်အိုးကျေးရွာ လမ်းဘေးရှိ မင်းဆက် ၂၈ နှစ် နန့်သဲကျေးရွာ မဲဇာကျေးရွာအုပ်စု အင်းတော်မြို့နယ် နေသူ၏ လယ်တောတဲအား ဝင်ရောက်ရှာဖွေရာ မင်းဆက်နှင့်ထွန်းဝေအောင် ၂၇ နှစ်ပိန်းလဟာကျေးရွာ ကူးကာကျေး ရွာအုပ်စု ကသာမြို့နယ်တို့နှစ်ဦးအား တွေ့ရှိရပြီး ထွန်းဝေအောင်၏ လွယ်အိတ်အတွင်းမှ ဘိန်းဖြူ ၉ ဂရမ်ခန့်စီပါ ဆပ်ပြာခွက်သုံးခွက်၊ ပလတ်စတစ်ဘူးဖြင့်ထည့်လျက် ဘိန်းဖြူ ၂ ဂရမ်ပါ ကာလတန်ဖိုးငွေကျပ် ၂၉ သိန်း၊ WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၂ဝဝ ပြားစီပါ ၁၇ ထုပ်၊ ခုနစ်ပြားစီပါ တစ်ထုပ် ကာလတန်ဖိုး ၁၇ဝ၃၅ဝဝဝ၊ YINXIANG -125 ဆိုင်ကယ်တစ်စီး၊ OPPO ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ အင်းတော်မြို့မရဲစခန်းက ထွန်းဝေအောင်နှင့်မင်းဆက်တို့ နှစ်ဦးကို မူးယစ်(ပ) ၅/၂ဝ၁၈၊ မူး/စိတ်ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့်ဆောင် ရွက်ထားကြောင်း သိရသည်။

Read 883 times Last modified on Saturday, 13 January 2018 09:58