SJ WorldNews - шаблон joomla Авто

သီပေါမြို့နယ်အတွင်း တရားမဝင်သစ်များ သိမ်းဆည်းရမိ

Saturday, 13 January 2018 12:24 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာအုပ်စု၊ ပန်ဟိုက်ကျေးရွာ အနီး တရားမဝင်သစ်များ စုပုံထားကြောင်း သတင်းအရ ယနေ့နံနက် ၁၁ နာရီခန့်တွင် တပ်မတော် သားများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ ပန်ဟိုက်ကျေးရွာ၏ အရှေ့မြောက်ဘက်မီတာ ၆ဝဝ ခန့်အကွာ၌ စုပုံထားသော တရားမဝင် အင်ကြင်းသစ် အမျိုးအစား ဆိုဒ်စုံ ၄ တန်ခန့်အား ပိုင်ရှင်မဲ့ တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ သစ်များအား နမ့်လန်သစ်တော ဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Read 942 times Last modified on Saturday, 13 January 2018 12:25