SJ WorldNews - шаблон joomla Авто

ကသာမြို့နယ်အတွင်း ဆိုင်ကယ်စီးလာသည့် အမျိုးသမီး တစ်ဦးထံမှ စိတ်ကြွဆေးပြား ၁၉၆၆ ပြား သိမ်းဆည်း ရမိ

Tuesday, 13 February 2018 10:03 font size decrease font size decrease font size increase font size increase font size

ကသာ ဖေဖော်ဝါရီ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် နွယ်နီအိုင်ကျေးရွာအနီး ငါးအိုး-အင်းဒရန့် ကားလမ်းပေါ်၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက အမျိုးသမီးတစ်ဦးထံမှ စိတ်ကြွဆေးပြား ၁၉၆၆ ပြား သိမ်းဆည်းရမိကြောင်း ကသာ မြို့မရဲစခန်းမှ သိရသည်။ သတင်းအရ ကသာခရိုင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အဖွဲ့မှ သက်သေများနှင့်အတူ စောင့်ဆိုင်းနေစဉ် ငါးအိုးကျေးရွာဘက်မှ အင်းဒရန့်ကျေးရွာဘက်သို့ မောင်းနှင်လာသည့် MIKKO ဆိုင်ကယ်(နံပါတ်ပျက်) 125 အနက်ရောင်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာ ငါးအိုးကျေးရွာ ရေနားတန်းရပ်ကွက်နေထိုင်သူ မပပထွေးဖြစ်ပြီး ဆက်လက်ရှာဖွေရာ ပါတိတ်လုံချည် ယာဘက်ခါးပိုက်ဆောင် အတွင်း ဝှက်ယူလာသည့် WY စာတန်းပါစိတ်ကြွဆေးပြား ၁၉၆၆ ပြား တွေ့ရှိခဲ့သည်။

''ဆိုင်ကယ်မောင်းလာတာ အမျိုးသမီးဆိုတော့ အခက်အခဲရှိတယ်။ အမျိုးသားချင်းဆို ဝင်ဟန့်တားလို့ရပေမယ့် မိန်းကလေးဆိုတော့ ဆိုင်ကယ်ရှေ့ကနေ ဝင်ရပ်ဟန့်တားပြီး အဖွဲ့ဝင်ရဲမေက ဆက်လက်လှုပ်ရှား ရတယ်။ ကသာအဝင်မှာ အမျိုးသမီးတွေ သယ်ဆောင်နေတယ်လို့ သတင်းရတယ်။ အိတ်တွေအထုပ်တွေနဲ့ မဟုတ်ဘဲ သာမန်သွားလာနေတဲ့ပုံစံဆိုတော့ ခန့်မှန်းရတာလည်း အခက်အခဲရှိတယ်''ဟု ကသာခရိုင် မူး ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့မှ ရဲအုပ်အောင်အောင်သန်းက ပြောသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ကသာ မြို့မရဲစခန်းက မယ(ပ)၈/၂ဝ၁၈၊ မူး/စိတ်ဥပဒေပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Read 38 times Last modified on Tuesday, 13 February 2018 10:07