SJ WorldNews - шаблон joomla Авто

ဘိန်းဖြူမှုန့်များ သယ်ဆောင်လာသူနှစ်ဦး ဖမ်းဆီးရမိ

Tuesday, 13 February 2018 10:07 font size decrease font size decrease font size increase font size increase font size

ရွှေဘို ဖေဖော်ဝါရီ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်၌ ယမန်နေ့ နံနက် ၁၁ နာရီက ဘိန်းဖြူမှုန့်များ သယ်ဆောင်လာသူနှစ်ဦးအား ဖမ်းဆီးရမိကြောင်း မြို့မရဲစခန်းမှ သိရသည်။ ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးများ သတင်း အရခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမြင့်ကျော်က အနီးကပ်ကြီးကြပ်၍ ခရိုင်မှုခင်းနှိမ်နင်းရေး အဖွဲ့ခေါင်း ဆောင် ရဲအုပ်ခင်မောင်ဦးနှင့် ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မြို့အဝင်အထွက် မောင်းတံဂိတ်၌ စောင့်ဆိုင်းနေစဉ် ရွှေဘိုမြို့မှ ရေဦးဘက်သို့ မောင်းနှင်လာသော SGG-6H/---- နံပါတ်ပါ VIGO အမျိုးအစား အဖြူရောင်ယာဉ်အား တားဆီးရာရပ်တန့်ပေးခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ ရွှေဘိုမြို့နယ်မင်္ဂလာရွာအနီး ရွှေဘို-ခင်ဦး-ရေဦးကားလမ်း မိုင်တိုင်အမှတ်(၇၁ နှင့် ၇၂)ကြား၌ ထော်လာဂျီ ယာဉ်နှင့်ပွတ်တိုက်မိပြီး လမ်းဘေးမြောင်းထဲသို့ ထိုးကျသွားသည်။ ဆက်လက်စစ်ဆေးရာ ကလေးမြို့ သဇင်ရပ်ကွက်နေ ကျင်ဇထွန်း ၄ဝ နှစ်နှင့် တွန်းဇံမြို့နယ် ကြာအိုလင်ကျေးရွာနေ လန်ခန့်ဆူမ်၄၈ နှစ်တို့နှစ်ဦး ကိုတွေ့ရပြီး ဘီစကွတ်မုန့်ပါကင် နှစ်ပါကင်အတွင်းမှ အနီရောင်ဆပ်ပြာခွက်များ အတွင်း၌ ဘိန်းဖြူမှုန့် ဟု ယူဆရသော အဖြူရောင်၊ လိမ္မော်ရောင်အမှုန့်ရောစပ်ထားသည့် ဆပ်ပြာခွက် ၆၃ ခွက်အတွင်း အလေးချိန် ၆၂၅ ဂရမ်၊ အစိမ်းရောင်ဆပ်ပြာခွက်အတွင်း၌ ဘိန်းဖြူမှုန့်ဟုယူဆရသော အဖြူရောင်၊ လိမ္မော်ရောင် အမှုန့် ရောစပ်ထားသည့် ဆပ်ပြာခွက် ၅၆ ခွက်အတွင်း အလေးချိန် ၆ဝဝ ဂရမ်၊ ပန်းရောင်ဆပ်ပြာခွက်အတွင်း၌ ဘိန်းဖြူမှုန့်ဟုယူဆရသော အဖြူရောင်၊ လိမ္မော်ရောင် အမှုန့်ရောစပ်ထားသည့် ဆပ်ပြာခွက် ၅၈ ခွက်အတွင်း အလေးချိန် ၅၉၉ ဂရမ်၊ အပြာရောင်ဆပ်ပြာ ခွက်အတွင်း၌ ဘိန်းဖြူမှုန့်ဟု ယူဆရသော အဖြူရောင်၊ လိမ္မော် ရောင်အမှုန့်ရောစပ်ထားသည့် ဆပ်ပြာခွက် ၆ဝ (အလေးချိန် ၆၃၃ ဂရမ်)ခန့်၊ ပြာ/နီကျားေ ရာင်ဆပ်ပြာခွက် အတွင်း၌ ဘိန်းဖြူမှုန့်ဟု ယူဆရသော အဖြူရောင်၊ လိမ္မော်ရောင်အမှုန့် ရောစပ်ထားသည့် ၆ ဂရမ် ခန့်ပါ သုံးခွက်၊ ပန်းရောင်/စိမ်းကျား ဆပ်ပြာခွက်အတွင်း၌ ဘိန်းဖြူမှုန့်ဟုယူဆရသော အဖြူေ ရာင်၊ လိမ္မော်ရောင် အမှုန့်ရောစပ်ထားသည့် ၆ ဂရမ်ခန့်ပါတစ်ခွက်၊ ပြာ/စိမ်းကျားဆပ်ပြာခွက်အတွင်း၌ ဘိန်းဖြူမှုန့်ဟုယူဆရသော အဖြူရောင်၊ လိမ္မော်ရောင်အမှုန့် ရောစပ်ထားသည့် ၆ ဂရမ်ခန့်ပါတစ်ခွက် ဆင်း ကတ်တစ်ခုပါ NOKIA အမှတ်တံဆိပ်ပါ အစိမ်းရောင် ဟန်းဆက်တစ်လုံး၊ဆင်းကတ်တစ်ခုပါ SAMSUNG အမှတ်တံဆိပ် ရွှေရောင် ဟန်းဆက်တစ်လုံးတို့ကို တွေ့ရှိသိမ်းဆည်းခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ကျင်ဇထွန်း ၄ဝ နှစ်နှင့် လန်ခန့် ဆူမ် ၄၈ နှစ်တို့နှစ်ဦးကို ရွှေဘိုမြို့မရဲစခန်းက မယ(ပ)၄/၂ဝ၁၈၊ မူး/စိတ်ပုဒ်မ-၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားပြီး မြို့နယ်တရားရုံးသို့ အမြန်တရားစွဲတင်ပို့နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

Read 10 times Last modified on Tuesday, 13 February 2018 10:12