SJ WorldNews - шаблон joomla Авто

ရေပူစစ်ဆေးရေးဂိတ်အနီး အမိုနီယမ်နိုက်ထရိတ်များ တင်ဆောင်ထားသည့် မော်တော်ယာဉ်များ သိမ်းဆည်းရမိ

Wednesday, 14 February 2018 09:21 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဖေဖော်ဝါရီ ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့နယ်၊ ရေပူစစ်ဆေးရေးဂိတ်၏ အနောက်တောင်ဘက် ၅ မိုင်ခန့်အကွာ ရှိ မိုင်းလီကျေးရွာအနီး မသင်္ကာဖွယ်ယာဉ်များ ရပ်နားထားကြောင်း သတင်းအရ တပ်မတော်သားများနှင့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့က ယနေ့နံနက် ၇ နာရီခွဲခန့်တွင် သွားရောက်စစ်ဆေးရာ CANTER 6W အမျိုးအစား ယာဉ်အမှတ်၊ YGN 3I/--- နှင့် CANTER 6W အမျိုးအစားယာဉ်အမှတ်၊ YGN 4H/---တို့အားတွေ့ရှိရပြီး ယာဉ်များပေါ်တွင် တင်ဆောင်ထားသော အမိုနီယမ်နိုက်ထရိတ်များ ထည့်ထားသည့် ဆာလာအိတ် ၁၉ဝ အိတ် (စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် သိန်း ၅ဝကျော်)အား ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။ အဆိုပါ ဖမ်းဆီးရမိယာဉ်နှင့် အမိုနီယမ်နိုက်ထရိတ်များအား သိန်းနီမြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံပြီးဖြစ်ကြောင်း သတင်းရရှိသည်။

Read 7 times Last modified on Wednesday, 14 February 2018 09:23