SJ WorldNews - шаблон joomla Авто

ဗုံးသီးဟောင်း တစ်လုံးမှ ပေါက်ကွဲမှု ဖြစ်ပွား

Wednesday, 14 February 2018 09:24 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဖေဖော်ဝါရီ ၁၃

နေပြည်တော် ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ် ဘုန်းကြီးလျှို(ကြပ်မြောင်)တဲစု၌ ယနေ့နံနက် ၈ နာရီတွင် ကလေးငယ်တစ်ဦး ကောက်ရလာသည့် ဗုံးသီးဟောင်းတစ်လုံးကို မီးပုံအတွင်းပစ်ထည့်ရာမှ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ နေပြည်တော်- မကွေး-ကံပြားလမ်း မိုင်တိုင်အမှတ်(၇/၁)ရှိ လမ်းယာဘက်တောတွင်း ၂ မိုင်ခန့်အကွာရှိ ဘုန်းကြီးလျှို (ကြပ်မြောင်)ကျေးရွာနေ မောင်ကံထူးမောင်အသက် ၁ဝ နှစ် မှာ တောတွင်းတစ်နေရာမှ ကောက်ယူလာသည့် ဗုံးသီးဟောင်းတစ်လုံးကို ယူဆောင်လာ၍ နေအိမ်အနောက်ဘက်ရှိ မီးလှုံရန်ဖိုထားသည့် မီးပုံထဲပစ်ထည့်ရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် မီးဖိုတွင်မီးလှုံနေသည့် အသက် ၁၃ နှစ်အရွယ် မပြည့်ဖူးခိုင်မှာယာဖက် ခြေဖနောင့်နှင့် ခါးဆစ်တွင်လည်းကောင်း၊ ၎င်းပွေ့ချီထားသည့်အသက် ၁ နှစ်နှင့် ၆ လသားအရွယ် မောင်ဝေယံဟိန်းမှာ ပေါက်ကွဲစထိမှန်ခဲ့သည့်အတွက် တောင်ညို တပ်မတော်-၂၅ ခုတင်ဆံ့ဆေးရုံတွင် ကနဦးဆေး ကုသမှုခံယူခဲ့ပြီး နံနက် ၉ နာရီတွင် နေပြည်တော် ခုတင်-၁ဝဝဝ ဆေးရုံကြီးသို့ ပြောင်းရွှေ့ဆေး ကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

Read 99 times Last modified on Wednesday, 14 February 2018 09:25