SJ WorldNews - шаблон joomla Авто

ကာမိုင်းမြို့၊ နန့်တိန်းပူးပေါင်း စစ်ဆေးရေးဂိတ်၌ ကျောက်စိမ်း အရိုင်းတုံးများ တင်ဆောင်လာသော မော်တော်ယာဉ်အား ဖမ်းဆီးရမိ

Wednesday, 14 February 2018 09:31 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဖေဖော်ဝါရီ ၁၃

ကချင်ပြည်နယ်၊ ကာမိုင်းမြို့နယ်ရှိ နန့်တိန်းပူးပေါင်းစစ်ဆေးရေးဂိတ်၌ လုံခြုံရေး တပ်ဖွဲ့ဝင်များက ယာဉ်ဝင်/ ထွက်မှုများအား စစ်ဆေးဆောင်ရွက်စဉ် ဖေဖော်ဝါရီ ၁၂ ရက် ညနေ ၄ နာရီခွဲခန့်တွင် ဖားကန့်ဘက်မှ မြစ်ကြီးနားဘက်သို့ မောင်ရှိန်(ဘ)ဦးကျော်စိန် မောင်းနှင်လာသော ရွှေကချင်မှန်လုံခြောက် ဘီးယာဉ်အမှတ် 6C/------- အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် တင်ဆောင်လာသော ကျောက်စိမ်းအရိုင်းတုံး ဆိုဒ်စုံ ၂၇ တုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ ကျောက်စိမ်းအရိုင်းတုံးများ၊ မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးရမိသူအား တရားဥပဒေအရ အမှုဖွင့် အရေးယူ ဆောင်ရွက်နိုင်ရေး ကာမိုင်းမြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

Read 39 times Last modified on Wednesday, 14 February 2018 09:33