SJ WorldNews - шаблон joomla Авто

မောင်တောမြို့နယ်၊ မောင်နီကျေးရွာ အတွင်း မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

Thursday, 15 February 2018 07:25 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဖေဖော်ဝါရီ ၁၄

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မောင်နီကျေးရွာရှိ ဟာမီဒါခါတူ(ဘ) ဆူလေမန်၏ နေအိမ်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၁၃ ရက် နေ့လယ်ပိုင်းတွင် သတင်းအရ ဝင်ရောက်ရှာဖွေရာ နေအိမ်ရှေ့ခန်းရှိ သော့ခတ်ထားသော ဗီရိုအတွင်းမှ အဝါရောင်တိပ်ဖြင့် ပတ်ထားသော WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၅ဝဝ ပြား (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၇ သိန်းကျော်)အား သိမ်းဆည်းရမိခဲ့သည်။ အဆိုပါ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား မောင်တောမြို့နယ် ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံပြီး ဖြစ်ကြောင်းနှင့် ဆက်စပ်သူများ ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

Read 44 times Last modified on Thursday, 15 February 2018 07:25