SJ WorldNews - шаблон joomla Авто

KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ ထောင်ထားသည့် တိုက်မိုင်းတိုက်မိ ပေါက်ကွဲပြီး ဒေသခံ ပြည်သူ တစ်ဦး မိုင်းစထိမှန် ဒဏ်ရာများ ရရှိ

Thursday, 12 April 2018 10:09 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဧပြီ ၁၁

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ ဝါရာဇွပ်ကျေးရွာအုပ်စု အတွင်းရှိ စံပြကျေးရွာနေ ဦးအားဖူဆဲနှင့် တူဖြစ်သူ မောင်အားဆီဝူတို့သည် ဧပြီ ၁ဝ ရက် နံနက် ၁ဝ နာရီခန့်တွင် ကိုင်းထောင်ရန် သွားရောက်စဉ် ဘန်ကောက်ကျေးရွာ၏ အနောက်မြောက်ဘက် ၃ မိုင်ခန့်အကွာသို့ အရောက်၌ KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့ထောင်ထားသည့် တိုက်မိုင်းတစ်လုံးအား ဦးအားဖူဆဲက တိုက်မိ ပေါက်ကွဲခဲ့သည်။

မိုင်းပေါက်ကွဲမှုကြောင့် ဦးအားဖူဆဲတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး ဘန်ကောက် တိုက်နယ်ဆေးရုံ၌ တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

Read 40 times Last modified on Thursday, 12 April 2018 10:11