SJ WorldNews - шаблон joomla Авто

ခရီးသည်တင် ယာဉ်ငယ်တစ်စီး ဒက်ဘုတ်ထဲမှ ဝါယာရှော့ခ်ဖြစ်ကာ မီးလောင်

Thursday, 12 April 2018 12:34 font size decrease font size decrease font size increase font size increase font size

မကွေး ဧပြီ ၁၁

မကွေးတိုင်း ဒေသကြီး မကွေးမြို့ ရှားပင်လှ ကျေးရွာအနီး မကွေး-တောင်တွင်း ကားလမ်း၌ ယမန်နေ့မွန်းလွဲ ၂ နာရီ မိနစ် ၅ဝ ကမော်တော်ယာဉ်တစ်စီး မီးလောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ မကွေးမြို့နယ် ရှားပင်လှကျေးရွာအနီး မကွေး-တောင်တွင်း ကားလမ်း မိုင်တိုင်အမှတ်(၃၁၈/၆)နှင့် (၃၁၈/၇)အကြား၌ အောင်လံမြို့မှ ပခုက္ကူမြို့သို့ အောင်လံမြို့ ကျောက်ဆည်ရွာနေသူ ယာဉ်မောင်း ဦးသိန်းဇော် မောင်းနှင်လာသော 5N^-----ခရီးသည်တင် IVECO အမျိုးအစား မှန်လုံအဖြူရောင် ယာဉ်ငယ်၏ ဒက်ဘုတ်ထဲမှ ဝါယာရှော့ခ်ဖြစ်ကာ မော်တော်ယာဉ်မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီး မီးလောင်မှုကြောင့် ခရီးသည်များ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း မရှိဘဲ ယာဉ်မှာ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း သိန်းဇော်ကို မကွေးနယ်မြေ ရဲစခန်းက (ပ)၁၈၂/၂ဝ၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ ဖြင့်အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Read 119 times Last modified on Thursday, 12 April 2018 12:35