SJ WorldNews - шаблон joomla Авто

တာချီလိတ်မြို့၌ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

Thursday, 12 April 2018 12:35 font size decrease font size decrease font size increase font size increase font size

တာချီလိတ် ဧပြီ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ဆန်ဆိုင်း(ခ)ရပ်ကွက်၌ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက အိမ်ခန်းငှားရမ်း နေထိုင်သော ထိုင်းနိုင်ငံသူ တစ်ဦးနှင့် မြန်မာနိုင်ငံသား နှစ်ဦးတို့ထံမှ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း သိရသည်။ ဖြစ်စဉ်မှာ အမှတ်(၃ဝ)မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု တာချီလိတ်မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါး သတင်းအရ ဆန်ဆိုင်း(ခ) ရပ်ကွက်တွင် အိမ်ခန်းငှားရမ်း နေထိုင်သော ထိုင်းနိုင်ငံသူ Mrs.Puttaporn၊ မြန်မာနိုင်ငံသား မာထိဘိုနှင့် စိုင်းအောင်ခမ်းတို့၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းတို့သုံးဦးအား နေအိမ်တွင် အသင့်တွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ အိပ်ခန်းကြမ်းပြင်ပေါ်ရှိ အပြာရောင်သံဘူးအတွင်းမှ ပလတ်စတစ်အိတ်ဖြင့် ထည့်လျက် တံဆိပ်မပါ ပန်းရောင်စိတ်ကြွဆေးပြား ၇ဝ ပြားပါတစ်ထုပ်၊ အကြည်ရောင် ပလတ်စတစ် အိတ်ဖြင့်ထည့်လျက် အသင့်ရောစပ်ပြီး ပန်းရောင်စိတ်ကြွ ဆေးအမှုန့် ၅ ဂရမ်ခန့်၊ ကက်တမင်း အဖြူရောင် ပုံဆောင်ခဲ တစ်ဂရမ်ခန့်၊ WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား ၆၂ ပြား၊ WY စာတန်းပါ အစိမ်းရောင် စိတ်ကြွဆေးပြား ၄၅ ပြား၊ WY စာတန်းပါ နီညိုရောင် စိတ်ကြွဆေးပြား၂ဝ ပြား၊ WY စာတန်းပါ အညိုရောင် စိတ်ကြွဆေးပြား ခုနစ်ပြား စုစုပေါင်း စိတ်ကြွဆေးပြား ၂ဝ၄ ပြားနှင့် စိတ်ကြွဆေးပြား သုံးစွဲသည့် အအေးစုပ်ပိုက် တပ်လျက် အကြည်ရောင် ဖန်ပုလင်းတစ်လုံး၊ ပလတ်စတစ် ဘူးလေးဘူးနှင့် ခဲပြားတစ်ဘူးတို့ကို ရှာဖွေသိမ်းဆည်း ရမိသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ထိုင်းနိုင်ငံသူ Mrs.Puttaporn၊ မြန်မာနိုင်ငံသား မာထိဘိုနှင့် စိုင်းအောင်ခမ်းတို့ သုံးဦးအား တာချီလိတ်မြို့မ ရဲစခန်းမှ မယ(ပ)၂၄/၂ဝ၁၈၊ မူး/ စိတ်ပုဒ်မ ၁၉(က)/၂ဝ(က)/၂၁ တို့အရ အမှုဖွင့် အရေးယူထားပြီး ထိုင်းနိုင်ငံသူ Mrs.Puttaporn အား လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး အက်ဥပဒေဖြင့် သီးခြားထပ်မံ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Read 18 times Last modified on Thursday, 12 April 2018 12:37